Provérbios 23
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 သင်သည် ဘုရင်နှင့်အတူထိုင်၍ စားသောက်ရသောအခါ သင်၏ရှေ့တွင်ရှိသောအရာတို့ကို သတိပြုဆင်ခြင်ပါလော့။-
1 Quando se sentar para comer com uma autoridade, preste atenção a quem está
2 သင်သည် အစားကြူးမိခဲ့ပါ လျှင် သင့်လည်ပင်း၌ ဓားတင်ထားပါလော့။-
2 Se você costuma comer demais, controle o apetite;
3 သူတည် ခင်းသောစားကောင်းသောက်ဖွယ်များကို မမက်မောလေနှင့်။ အကြောင်းမူကား ယင်းတို့သည် လှည့်ဖြား တတ်သောအစာများဖြစ်၏။-
3 não deseje as iguarias que ele lhe oferece, pois talvez queira enganá-lo.
4 ဥစ္စာဓနကြွယ်၀ချမ်းသာ ရန် ပင်ပန်းကြီးစွာကြိုးစားအားထုတ်ခြင်းမပြုနှင့်။ ထိုသို့ ကြိုးစားခြင်းမှ ရပ်တန့်နိုင်ရန် ပညာသတိ ရှိလော့။-
4 Não se desgaste tentando ficar rico; tenha discernimento para saber quando parar.
5 သင့်မျက်စိနှင့်စိုက်ကြည့်ရုံမျှနှင့်ပင် ထိုအရာတို့သည် ပျောက် ကွယ်သွားကြလိမ့်မည်။ အကြောင်းမူကား လင်းယုန် ငှက်သည် ကောင်းကင်ယံသို့ ပျံတက်သကဲ့သို့ သင်၏ ဥစ္စာပစ္စည်းတို့သည်လည်း ရုတ်တရက်အတောင်ပေါက် ၍ ပျံသန်းပျောက်ကွယ်သွား လိမ့်မည်။-
5 Num piscar de olhos a riqueza desaparecerá; criará asas e voará para longe, como uma águia.
6 နှမြောတွန့်တို သောသူ၏အစားအစာကို မစားလေနှင့်။ ထိုသူ၏စား ကောင်းသောက်ဖွယ်တို့ကိုလည်း မမက်မောလေနှင့်။-
6 Não coma com pessoas mesquinhas, nem deseje suas iguarias.
7 အကြောင်းမူကား သူသည် အတွင်းစိတ်ထဲတွင် တွက်ချက်နေသောသူဖြစ်၏။ စားပါသောက်ပါဟု သင့်ကိုပြော ဆိုနေသော်လည်း သူ၏စိတ်ရင်းအမှန်ဖြင့် ပြောဆိုသော စကားမဟုတ်။-
7 Elas pensam sempre no custo daquilo que oferecem; insistem: “Coma e beba”, mas não falam com sinceridade.
8 သင်စားသောက်ခဲ့သောအစာတို့ကို အန်ထုတ်ရလိမ့်မည်။ သင်၏ချိုသာသောစကားတို့ သည်လည်း အချည်းနှီးဖြစ်လိမ့်မည်။-
8 Você vomitará o pouco que comeu e desperdiçará seus elogios.
9 မိုက်မဲသောသူကို စကားမပြောလေနှင့်။ သူသည် ဉာဏ်ပညာနှင့်ယှဉ်သော သင်၏စကားများကို မထီမဲ့မြင်ပြုလိမ့်မည်။-
9 Não perca tempo falando com o tolo, pois ele despreza até os conselhos mais sensatos.
10 ရှေးယခင်က စိုက်ထားသော မြေပုံမှတ်တိုင်ကို မဖယ်ရှားလေနှင့်။ မိဘမဲ့သူတို့၏လယ်ယာသို့လည်း ကျူးကျော်ဝင်ရောက် ခြင်းမပြုနှင့်။-
10 Não mude de lugar os antigos marcadores de divisa; não tome as terras dos órfãos.
11 အကြောင်းမူကား သူတို့၏ကယ်တင်ရှင် သည် အင်အားကြီးမားသောကြောင့် ကိုယ်တော်သည် သူတို့ဘက်မှရပ်တည်လျက် သင့်ကို ဆန့်ကျင်တော်မူ လိမ့်မည်။-
11 Pois o Resgatador deles é forte; ele próprio apresentará as acusações contra você.
12 ဆုံးမသွန်သင်ချက်များကို သင်၏စိတ်နှလုံး ၌စွဲမြဲစေ၍ အသိပညာစကားတို့ကိုနားထောင်ပါလော့။-
12 Dedique-se à instrução; ouça atentamente as palavras de conhecimento.
13 ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ရန် မနှောင့်နှေးလေနှင့်။ သူငယ်ကို ကြိမ်ဖြင့် ရိုက်နှက်ဆုံးမသော်လည်း သူမသေ နိုင်ပေ။-
13 Não deixe de disciplinar seus filhos; a vara da disciplina não os matará.
14 ကြိမ်ဖြင့် ရိုက်နှက်ဆုံးမ၍ သူ့ဝိညာဉ်ကို မရဏနိုင်ငံမှကယ်ဆယ်လော့။-
14 Sim, a vara da disciplina pode muito bem salvá-los da morte.
15 ငါ့သား၊ သင်၏စိတ်နှလုံးသည် ပညာသတိနှင့်ပြည့်စုံလျှင် ငါသည်လည်း ဝမ်းမြောက်ရ လိမ့်မည်။-
15 Meu filho, se seu coração for sábio, meu coração se alegrará!
16 သင်၏နှုတ်က မှန်ကန်သောစကားတို့ကို ပြောဆိုသောအခါ ငါ၏ဝိညာဉ်သည် ဝမ်းမြောက်ရွှင် လန်းခြင်းရှိလိမ့်မည်။-
16 Sentirei profunda alegria quando seus lábios expressarem o que é certo.
17 သင်သည် အပြစ်သားတို့အပေါ် မနာလိုမရှုစိမ့်မဖြစ်လေနှင့်။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းရှိရန် နေ့ရှိသရွေ့ လုံ့လစိုက်လော့။-
17 Não tenha inveja dos pecadores, mas tema sempre o S
18 သင့်အတွက် သာယာလှပသောအနာဂတ်တစ်ခု ဧကန် အမှန်ရှိနေ၏။ သင်၏မျှော်လင့်ချက်လမ်းစသည် ပျောက် ကွယ်သွားလိမ့်မည်မဟုတ်။
18 Você será recompensado por isso; sua esperança não será frustrada.
19 ငါ့သား၊ ငါ၏စကားကို နားထောင်၍ ပညာသတိရှိလော့။ မှန်ကန်သောလမ်းကိုလျှောက်ရန် သင်၏စိတ်ကို လမ်းညွှန်ဦး ဆောင် ပါလော့။-
19 Ouça, meu filho, e seja sábio: mantenha seu coração no rumo certo.
20 စပျစ်ရည်ယစ်မူးသူများ၊ အသားစားကြူးသူများနှင့်အတူ မပေါင်းဖော်လေနှင့်။-
20 Não ande com os beberrões, nem se envolva com os comilões,
21 သောက်စားမူးယစ်သူနှင့် အစားကြူးသူတို့သည် ဆင်းရဲ မွဲတေရလိမ့်မည်။ အအိပ်မက်သောသူသည် အဝတ်စုတ် များကိုသာ ဝတ်ဆင်ရလိမ့်မည်။
21 pois eles caminham para a pobreza e, de tanto dormirem, terão apenas trapos para vestir.
22 သင့်ဖခင်၏စကားကို နားထောင်လော့။ သင်သည် သူ့ကြောင့် လူဖြစ်လာရ၏။ သင်၏မိခင်အသက်ကြီးလာ ချိန်တွင် သူမကို မထီမဲ့မြင်မပြုနှင့်။-
22 Ouça seu pai, que lhe deu vida, e não despreze sua mãe quando ela envelhecer.
23 သမ္မာတရားကို ဝယ် ယူလော့။ ယင်းကိုပြန်၍ မရောင်းလေနှင့်။ ဉာဏ်ပညာ၊ ဆုံးမသွန်သင်ခြင်းနှင့် အသိတရားတို့ကိုလည်း ရယူပါလော့။-
23 Adquira a verdade e não a venda; obtenha sabedoria, instrução e discernimento.
24 ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသောသားကို မွေးထားသော ဖခင်သည် သားဖြစ်သူ အတွက် ရွှင်လန်းဝမ်းမြောက်ရ လိမ့်မည်။-
24 O pai dos justos tem motivos para se alegrar; é uma grande alegria ter filhos sábios.
25 သင်၏မိဘတို့သည် ဝမ်းမြောက်ပျော်ရွှင် ကြပါစေ။ သင့်ကို မွေးဖွားသောသူမသည် ရွှင်လန်းဝမ်း မြောက်နိုင်ပါစေ။
25 Portanto, alegre seu pai e sua mãe; que seja feliz aquela que o deu à luz.
26 ငါ့သား၊ သင်၏နှလုံးသားကို ငါ့အား ပေးပါလော့။ သင်၏မျက်စိတို့သည် ငါ၏လမ်းစဉ်များကို လေ့လာအကဲ ခတ်နိုင်ပါစေ။-
26 Meu filho, dê-me seu coração; que seus olhos tenham prazer em seguir meus caminhos.
27 ပြည့်တန်ဆာမသည် နက်ရှိုင်းသောတွင်း ကဲ့သို့လည်းကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော မိန်းမသည် ကျဉ်းမြောင်း သောရေတွင်းကဲ့သို့လည်းကောင်း ဖြစ်ကြ၏။-
27 A prostituta é uma cova profunda; a promíscua é perigosa como um poço estreito.
28 သူမသည် ဓားပြကဲ့သို့ ချောင်း မြောင်းတတ်၍ သစ္စာမဲ့သောယောက်ျm;ဦးရေကို တိုးပွား စေ၏။
28 Ela se esconde e espera, como ladrão, ansiosa para conduzir mais homens à infidelidade.
29 မည်သူသည် သောကရောက်နေသနည်း။ မည်သူသည် ဝမ်းနည်းကြေကွဲနေရသနည်း။ မည်သူသည် ခိုက် ရန်ဖြစ်ပွား သနည်း။ မည်သူ၌ မကျေမချမ်းဖြစ်စရာရှိ သနည်း။ မည်သူသည် အကြောင်းမဲ့ထိခိုက်ဒဏ်ရာရ သနည်း။ မည်သူသည် ဒေါသထွက်နေသနည်း။-
29 Quem se sente angustiado e triste? Quem vive brigando e se queixando? Quem sofre ferimentos desnecessários? Quem tem os olhos sempre vermelhos?
30 စပျစ် ရည်ကိုအလွန်အကျွံယစ်မူးသောသူနှင့် သေရည်မျိုးစုံကို မြည်းစမ်းသောက်သုံးသောသူတို့သာဖြစ်ကြ၏။-
30 Aquele que passa horas tomando vinho e experimentando bebidas fortes.
31 နီရဲနေလျက် ခွက်ဖလား၌ အရောင်တောက်ပနေပြီး ချိုမြိန်၍ သောက်ရန်ကောင်းသောစပျစ်ရည်ကို ငေးမောမကြည့် လေနှင့်။-
31 Não olhe demoradamente para o vinho, observando quanto ele é vermelho; como brilha no copo e desce suavemente.
32 ယင်းသည် အဆုံး၌ မြွေဆိုးကဲ့သို့ သင့် ကိုကိုက်၍ မြွေပွေးကဲ့သို့ အဆိပ်တက်စေလိမ့်မည်။-
32 Pois, no fim, ele morde como cobra venenosa; pica como víbora.
33 သင်၏မျက်စိတို့သည် ထူးဆန်းသောအရာတို့ကို မြင် လိမ့်မည်။ ဖောက်ပြန်သောအကြောင်းအရာတို့ကို သင် ၏စိတ်ထဲမှ ပြောဆိုနေလိမ့်မည်။-
33 Você terá alucinações e dirá coisas sem sentido.
34 သင်သည် ပင်လယ် ပြင်၏အလယ်တွင် အိပ်နေသောသူ၊ သင်္ဘောရွက်တိုင် ထိပ်ဖျားတွင် အိပ်နေသောသူကဲ့သို့ဖြစ်လိမ့်မည်။-
34 Ficará tonto como marinheiro em alto-mar, agarrado ao mastro em meio à tempestade.
35 သူတို့သည် ငါ့ကိုထိုးကြိတ်နေကြပြီ။ သို့သော် ငါသည် ဒဏ်ရာမရ။ ငါ့ကို ရိုက်နှက်ကြသော်လည်း ငါမခံစားရ။ မည်သည့် အချိန်တွင် ငါနိုးလာမည်နည်း။ ငါသည် နောက်တစ်ခွက် သောက်ရန် ရှာဦးမည်ဟု ဆိုလိမ့်မည်။
35 Dirá: “Bateram em mim, mas não senti; nem percebi quando levei uma surra. Quando acordarei para beber de novo?”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.