Provérbios 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရာအဲလ်ဘုရင် ဆောလမွန်၏စကားပုံတို့သည်၊-
1 Provérbios de Salomão, filho de Davi, rei de Israel,
2 လူတို့အား ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များအကြောင်းကို သိရှိစေပြီး လေးနက်သောအဓိပ္ပာယ်ရှိသည့်စကားလုံး များကိုနားလည်စေရန်လည်းကောင်း၊-
2 para conhecer a sabedoria e a instrução, para compreender as palavras sensatas,
3 သမ္မာသတိရှိ ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် မျှတစွာ ပေါင်းသင်းဆက်ဆံခြင်းများရရှိစေရန်လည်းကောင်း၊-
3 para adquirir as lições do bom senso, da justiça, da eqüidade e da retidão;
4 အသိပညာနည်းသူတို့အား မှန်ကန်စွာ ဆုံးဖြတ်တတ်စေရန် သင်ကြားပေး၍ လူငယ်များအား အသိပညာနှင့် သမ္မာသတိရှိ စေရန်လည်းကောင်းဖြစ်ကြ၏။-
4 para dar aos simples o discernimento, ao adolescente a ciência e a reflexão.
5 ဉာဏ်ပညာရှိသူသည် နားစွင့်၍ သင်ကြားလေ့လာကာ အသိ ပညာတိုးပွားပါစေ။-
5 Que o sábio escute, e aumentará seu saber, e o homem inteligente adquirirá prudência
6 ပိုင်းခြားဝေဖန်သိမြင်တတ်သောသူသည် စကားပုံများ၊ အဓိပ္ပာယ်နက်နဲသည့်ဆိုရိုးစကားများ၊ ပညာရှိသုခမိန်တို့၏အဆို အမိန့်များနှင့် ပဟေဠိစကား၊ စကားထာများ၏ အနက်အဓိပ္ပာယ်များကို နားလည် သဘောပေါက်စေသည့်အသိပညာ ကိုရရှိ ပါစေ။
6 para compreender os provérbios, as alegorias, as máximas dos sábios e seus enigmas.
7 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင်ဖြစ်၏။ လူမိုက်တို့သည် ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များကို မထီမဲ့မြင်ပြုတတ် ကြ၏။
7 O temor do Senhor é o princípio da sabedoria. Os insensatos desprezam a sabedoria e a instrução.
8 ငါ့သား၊ သင့်ဖခင်၏ဆုံးမပြောဆိုချက်များကို နားထောင်၍ သင့်မိခင်၏သွန်သင်ချက်များကိုလည်း မပစ်ပယ်လေနှင့်။-
8 Ouve, meu filho, a instrução de teu pai: não desprezes o ensinamento de tua mãe.
9 ထိုဆုံးမသွန်သင်ချက်တို့သည် သင်၏ဦးခေါင်းအတွက် လှပသောဦးရစ်နှင့်လည်ပင်းအတွက် တင့်တယ်သောလည်ဆွဲ တန်ဆာဖြစ်ကြလိမ့်မည်။-
9 Isto será, pois, um diadema de graça para tua cabeça e um colar para teu pescoço.
10 ငါ့သား၊ အပြစ်ကျူးလွန်သူတို့သည် သင့်ကိုဖြားယောင်း သွေးဆောင်သောအခါ သူတို့၏အလိုသို့မလိုက်လျော လေနှင့်။-
10 Meu filho, se pecadores te quiserem seduzir, não consintas;
11 အကယ်၍ သူတို့က သင့်အား ငါတို့နှင့်အတူ လိုက်လော့။ လူ့အသက်ကိုသတ်ရန် အခွင့်ကောင်းကို စောင့်ကြစို့။ အပြစ်မဲ့ သူတို့ကို မညှာမတာချောင်းမြောင်း တိုက်ခိုက်ကြစို့။-
11 se te disserem: Vem conosco, faremos emboscadas, para {derramar} sangue, armaremos ciladas ao inocente, sem motivo,
12 သေတွင်းထဲသို့ ဆွဲချလိုက်သကဲ့သို့လည်းကောင်း၊ သေခြင်းတရားက ရုတ်တရက်အသက် နုတ်ယူလိုက်သကဲ့သို့လည်း ကောင်း သူတို့ကို အသေ သတ်ကြစို့။-
12 como a região dos mortos devoremo-lo vivo, inteiro, como aquele que desce à cova.
13 ငါတို့သည် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးကို ရရှိကြ၍ ငါတို့လုယူရရှိသောဥစ္စာဘဏ္ဍာတို့နှင့် ငါတို့၏ အိမ်များကို ပြည့်စေမည်။-
13 Nós acharemos toda a sorte de coisas preciosas, nós encheremos nossas casas de despojos.
14 သင်သည် ငါတို့နှင့်အတူပါ ဝင်ပါလော့။ ငါတို့ရရှိသမျှသောဥစ္စာရွှေငွေများကို ညီတူ ညီမျှဝေခွဲသုံးစွဲမည်ဟု ဆိုခဲ့သော်၊-
14 Tu desfrutarás tua parte conosco, uma só será a bolsa comum de todos nós!
15 ငါ့သား၊ ထိုသူတို့နှင့် အတူမလိုက်နှင့်။ သူတို့သွားသောလမ်းကိုလည်း ရှောင် ကြဉ်လော့။-
15 Oh, não andes com eles, afasta teus passos de suas sendas,
16 အကြောင်းမူကား သူတို့သည် မကောင်းမှု ကျူးလွန်ရန်လည်း ဝန်မလေးကြ။ လူ့အသက်ကိုသတ်ရန်လည်း လက်မရွံ့ကြ ချေ။-
16 porque seus passos se dirigem para o mal, e se apressam a derramar sangue.
17 အဘယ်ကြောင့်ဆိုသော် ငှက်၏မြင်ကွင်း၌ ထောင်ထားသောကျော့ကွင်းသည် အကျိုးမရှိချေ။-
17 Debalde se lança a rede diante daquele que tem asas.
18 အမှန်စင်စစ် ထိုသူတို့သည် မိမိတို့၏ အသက်ကို မိမိတို့ထောင်ချောက်ဆင်ထားကြခြင်းဖြစ်၏။ သူတို့သည် မိမိတို့ကိုယ်ကို ချောင်းမြောင်းတိုက်ခိုက် ခြင်းသာဖြစ်၏။-
18 Eles mesmos armam emboscadas contra seu próprio sangue e se enganam a si mesmos.
19 ဤသည်ကား မသမာသောနည်းဖြင့် စီးပွားရှာသူတို့၏လမ်းစဉ်ပင်ဖြစ်၏။ မသမာသောနည်းဖြင့် ကြီးပွားချမ်းသာလိုသူ တို့သည် မိမိတို့၏အသက်ကို စတေးကြရလိမ့်မည်။
19 Tal é a sorte de todo homem ávido de riqueza: arrebata a vida àquele que a detém.
20 ဉာဏ်ပညာသည် လမ်းများပေါ်၌ ကြွေးကြော်၍ လူစည်ကားရာဈေးများ၌လည်း အော်ဟစ်လျက်ရှိ၏။-
20 A Sabedoria clama nas ruas, eleva sua voz na praça,
21 သူမသည် လမ်းဆုံလမ်းခွများ၌ ကြွေးကြော်၍ မြို့အဝင်တံခါး၀များ၌လည်း မိမိ၏သတင်းကို ကြေညာသည်မှာ၊-
21 clama nas esquinas da encruzilhada, à entrada das portas da cidade ela faz ouvir sua voz: e até quando os que zombam se comprazerão na zombaria?
22 အို အသိဉာဏ်နည်းပါးသောသူတို့၊ သင်တို့သည် အသိဉာဏ်နည်းပါးခြင်းကို မည်မျှကြာအောင်နှစ်သက်ကြဦး မည်နည်း။ ကဲ့ရဲ့လှောင်ပြောင်တတ်သောသူတို့သည် ကဲ့ရဲ့လှောင်ပြောင်ခြင်းအမှု၌ မည်မျှကြာအောင် ပျော်မွေ့၍ မိုက်မဲသူတို့သည် အသိပညာကို မည်မျှကြာအောင် မထီမဲ့မြင်ပြုနေကြမည်နည်း။-
22 Até quando, insensatos, amareis a tolice, e os tolos odiarão a ciência?
23 ငါ၏သတိပေးဆုံးမစကားကို နားထောင်လော့။ ငါသည် သင်တို့အား ငါ၏စိတ်နှလုံးကိုပေးမည်။ ငါ၏စကားတို့ကို သင်တို့သိစေမည်။-
23 Convertei-vos às minhas admoestações, espalharei sobre vós o meu espírito, ensinar-vos-ei minhas palavras.
24 သို့သော် သင်တို့ကို ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ခဲ့ကြ၏။ ငါသည် လက်ကမ်း၍ခေါ်သောအခါ မည်သူမျှ အရေးမစိုက်ကြ။-
24 Uma vez que recusastes o meu chamado e ninguém prestou atenção quando estendi a mão,
25 သင်တို့သည် ငါပေးသောအကြံဉာဏ် အားလုံးကိုလျစ်လျူရှု၍ ငါ၏သတိပေးချက်အားလုံးကို ငြင်းပယ်ကြသောကြောင့်၊-
25 uma vez que negligenciastes todos os meus conselhos e não destes ouvidos às minhas admoestações,
26 သင်တို့ဒုက္ခရောက်သောအခါ ငါရယ်မောမည်။-
26 também eu me rirei do vosso infortúnio e zombarei, quando vos sobrevier um terror,
27 ကြောက်မက်ဖွယ်ရာများသည် မုန်တိုင်းကျသကဲ့သို့ သင်တို့အပေါ် သက်ရောက်သော အခါ၌လည်းကောင်း၊ ကြောက်ရွံ့ တုန်လှုပ်ဖွယ်ရာဖြစ်ရပ် များသည် လေပွေတိုက်ခတ်သကဲ့သို့ ရောက်လာကြ သောအခါ၌လည်းကောင်း၊ သင်တို့ပူပန်သောက ဖိစီးခံ ရသောအခါ၌လည်းကောင်း ငါပြက်ရယ်ပြုမည်။-
27 quando vier sobre vós um pânico, como furacão; quando se abater sobre vós a calamidade, como a tempestade; e quando caírem sobre vós tribulação e angústia.
28 ထိုအခါ သူတို့သည် ငါ့ကိုခေါ်တကြလိမ့်မည်။ သို့သော် ငါသည် သူတို့အား ပြန်ထူးလိမ့်မည်မဟုတ်။ သူတို့သည် ငါ့ကို ရှာဖွေကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။-
28 Então me chamarão, mas não responderei; procurar-me-ão, mas não atenderei.
29 သူတို့သည် အသိပညာကို မုန်းတီးခဲ့ကြပြီး ထာ၀ရဘုရား သခင်ကို ကြောက်ရွံ့ရိုသေသောစိတ်မရှိကြချေ။-
29 Porque detestam a ciência sem lhe antepor o temor do Senhor,
30 သူတို့သည် ငါ၏အကြံဉာဏ်များကိုအရေးမစိုက်ခဲ့ကြ။ ငါ၏ သတိပေးဆုံးမစကားများကို မထီမဲ့မြင်ပြုခဲ့ကြ၏။-
30 porque repelem meus conselhos com desprezo às minhas exortações;
31 ထို့ကြောင့် သူတို့သည် မိမိတို့ဘ၀လမ်းစဉ်၏အကျိုးဆက် ကိုခံစားကြရ၍ မိမိတို့၏အတတ်ဖြင့် မိမိတို့စူးရသည့် အဖြစ်မျိုးနှင့်ကြုံရလိမ့်မည်။-
31 comerão do fruto dos seus erros e se saciarão com seus planos,
32 အကြောင်းမူကား အသိဉာဏ်ခေါင်းပါးသူတို့၏လွဲမှားမှုသည် သူတို့အား သေတွင်းသို့ပို့ဆောင်လေ၏။ မိုက်မဲသော သူတို့သည် မိမိတို့ ကိုယ်ကိုအားရကျေနပ်သဖြင့် ပျက်စီးခြင်းသို့ရောက်ရ ၏။-
32 porque a apostasia dos tolos os mata e o desleixo dos insensatos os perde.
33 ငါ၏စကားကို နားထောင်သောသူမူကား ဘေးဒုက္ခကျရောက်မည်ကို စိုးရိမ်စရာမလိုဘဲ လုံခြုံစိတ်ချလျက် အေးချမ်းစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
33 Aquele que me escuta, porém, habitará com segurança, viverá tranqüilo, sem recear dano algum.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.