Provérbios 19

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဖြောင့်မတ်သောဆင်းရဲသား၏ဘ၀သည် လိမ်ညာလှည့်ဖြားတတ်သောလူမိုက်၏ဘ၀ထက် သာ၏။-
1 Mais vale um pobre que caminha na integridade que um insensato com lábios mentirosos.
2 အသိပညာမရှိသော စိတ်အားထက်သန်မှုသည် မည်သို့မျှအကျိုးမပေးတတ်။ အလျင်စလိုပြုမူသော သူသည်လည်း လမ်းမှားတတ်၏။-
2 Sem a ciência, nem mesmo o zelo é bom: quem precipita seus passos, desvia-se.
3 လူတစ်ဦးသည် မိမိ၏မိုက်မဲမှုကြောင့် လမ်းမှားသို့ရောက်သောအခါ၌ သူသည် စိတ်ထဲတွင် ထာ၀ရဘုရားသခင်ကို ပြစ်မှား မိ၏။-
3 A loucura de um homem o leva a um mau caminho; é contra o Senhor que seu coração se irrita.
4 ချမ်းသာကြွယ်၀ခြင်းသည် မိတ်ဆွေများစွာကိုရရှိစေ၏။ သို့သော် ဆင်းရဲသောသူသည် မိတ်ဆွေများ၏စွန့်ခွာ ခြင်းကိုခံရ၏။-
4 A riqueza aumenta o número de amigos, o pobre é abandonado pelo seu {único} companheiro.
5 မုသားသက်သေခံသူသည် အပြစ်ဒဏ် မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်ညာပြောဆိုသောသူ သည်လည်း လွတ်မြောက်လိမ့် မည်မဟုတ်။-
5 O falso testemunho não fica sem castigo; o que profere mentira não escapará.
6 များစွာ သောသူတို့သည် အုပ်ချုပ်သောမင်းထံမှ အခွင့်အရေး ရရန်ကြိုးစားကြ၏။ လက်ဆောင်ပေးသောသူကိုလည်း လူတိုင်းက မိတ်ဆွေဖွဲ့တတ်ကြ၏။-
6 O homem generoso possui muitos lisonjeiros: todos se tornam amigos de quem dá.
7 ဆင်းရဲနွမ်းပါးသူကို သူ၏ညီအစ်ကိုများကပင် ရှောင်ကြဉ်ကြပါလျှင် သူ၏ မိတ်ဆွေများသည် သူ့ကိုမည်မျှပို၍ ရှောင်ဖယ် ကြလိမ့် မည်နည်း။ သူသည် မည်မျှပင်ကြိုးစား၍မိတ်ဖွဲ့ပါသော်လည်း မိတ်ဆွေတစ်ဦးတစ်လေမျှပင်ရလိမ့်မည်မဟုတ်။-
7 Todos os irmãos do pobre o odeiam, quanto mais seus amigos não hão de se afastar dele? Está em busca de palavras, mas não terá nada.
8 ပညာကိုဆည်းပူးသူသည် မိမိကိုယ်ကို ချစ်ရာရောက်၏။ အသိတရားရှိသူသည်လည်း ကောင်းစားလိမ့်မည်။-
8 Quem adquire bom senso ama sua alma; o que observa a prudência encontra a felicidade.
9 မုသားသက်သေခံသောသူသည် အပြစ်ဒဏ်မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်လည်ပြောဆိုသူသည်လည်း ပျက်စီးဆုံးရှုံး ရလိမ့်မည်။-
9 O falso testemunho não fica impune; o que profere mentira perecerá.
10 မိုက်မဲသောသူသည် စည်းစိမ် ချမ်းသာကို ခံစားရန် မသင့်ချေ။ ကျေးကျွန်သည် မင်း အမတ်တို့အပေါ် စီမံအုပ်ချုပ်ရန်ကား ပို၍ပင်မသင့်ချေ။-
10 Não convém ao insensato viver entre delícias, muito menos ainda a um escravo dominar os chefes.
11 အသိဉာဏ်ရှိသူသည် အမျက်ဒေါသကိုချုပ်တီးနိုင်၏။ မိမိအား စော်ကားသည့်အပြုအမူတစ်ခုကို မသိကျိုးကျွံ ပြုခြင်းသည် သူ့အတွက် ဂုဏ်ရှိစေ၏။-
11 Um homem sábio sabe conter a sua cólera, e tem por honra passar por cima de uma ofensa.
12 ရှင်ဘုရင်၏ အမျက်ဒေါသသည် ခြင်္သေ့ဟောက်သကဲ့သို့ဖြစ်၏။ သို့ သော် သူ၏ကျေးဇူးပြုခြင်းသည်ကား မြက်ခင်းပေါ်တွင် ကျသောနှင်းရည်စက်ကဲ့သို့ဖြစ်၏။-
12 Cólera de rei, rugido de leão; favor de rei, orvalho sobre a erva.
13 သားမိုက်တစ်ဦးသည် သူ့ဖခင်၏ပျက်စီးရာအကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် ယိုကျနေ သောမိုးပေါက်များနှင့်တူ၏။-
13 Um filho insensato é a desgraça de seu pai; a mulher intrigante é uma goteira inesgotável.
14 နေအိမ်နှင့် ဥစ္စာပစ္စည်းတို့ သည် မိဘများထံမှရသောအမွေခံပစ္စည်းများဖြစ်ကြ၏။ သို့သော် အသိပညာရှိသောဇနီးကိုမူကား ထာ၀ရဘုရား သခင်ထံတော်မှသာရရှိ၏။
14 Casas e bens são a herança dos pais, mas uma mulher sensata é um dom do Senhor.
15 ပျင်းရိခြင်းသည် နှစ်ခြိုက်စွာ အိပ်မောကျစေ၍ ပျင်းရိသူသည် ဆာလောင်ငတ်မွတ်ရလိမ့်မည်။-
15 A preguiça cai no torpor: a alma indolente terá fome.
16 ပညတ်တော်တို့ကို စောင့်ထိန်းသူသည် မိမိ၏အသက်ကို စောင့်ထိန်း၏။ သွန်သင်မှုကို ဂရုမစိုက်တတ်သူမူကား သေရ လိမ့်မည်။-
16 O que observa o preceito guarda sua vida; quem descuida de seu proceder morrerá.
17 ဆင်းရဲသားတို့ကို ကြင်နာသနားသောသူသည် ထာ၀ရဘုရားသခင်ကို ကျေးဇူးပြုသောသူဖြစ်ပြီး ကိုယ်တော်သည် သူပြုသောအမှု၏အကျိုးကို ပြန်လည် ၍ ပေးဆပ်တော်မူလိမ့်မည်။-
17 Quem se apieda do pobre empresta ao Senhor, que lhe restituirá o benefício.
18 မျှော်လင့်ချက်ရှိစဉ်အခိုက် သင်၏သားကို ဆုံးမပဲ့ပြင်လော့။ ပျက်စီးဆုံးရှုံးရသည် အထိ သူ့ကို အလိုမလိုက်မိပါစေနှင့်။-
18 Corrige teu filho enquanto há esperança, mas não te enfureças até fazê-lo perecer.
19 ဒေါသအမျက်ကြီး သောသူသည် အပြစ်ဒဏ်ကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သူ့ကိုကယ်နုတ်လျှင် နောက်တစ်ဖန် ကယ်နုတ်ရလိမ့်ဦးမည်။-
19 O homem iracundo sofrerá um castigo; se o libertares, aumentarás a sua pena.
20 အကြံဉာဏ်ပေးသည်ကို နားထောင်၍ သွန်သင်ချက်တို့ကိုလက်ခံလော့။ နောက်ဆုံး၌ သင်သည် ပညာရှိသော သူဖြစ်လာ လိမ့်မည်။-
20 Ouve os conselhos, aceita a instrução: tu serás sábio para o futuro.
21 လူ၏စိတ် နှလုံးအတွင်း၌ အကြံအစည်များစွာရှိသော်လည်း ထာ၀ရ ဘုရားသခင်၏အလိုတော်သာလျှင် တည်မြဲလိမ့်မည်။-
21 Há muitos planos no coração do homem, mas é a vontade do Senhor que se realiza.
22 လူတစ်ဦးတောင့်တတတ်သောအရာမှာ သစ္စာစောင့်သိမှုဖြစ်၏။ ဆင်းရဲသောသူဖြစ်ရခြင်းသည် လိမ်ညာသော သူဖြစ်ရ ခြင်းထက် သာ၍ကောင်း၏။-
22 O encanto de um homem é a sua caridade: mais vale o pobre que o mentiroso.
23 ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ ရိုသေခြင်းသည် အသက်ရှင်ခြင်းသို့ ပို့ဆောင်၏။ ထိုစိတ်သဘောရှိသူ၏ဘ၀သည် အားရ ကျေနပ်စွာဖြင့် နေထိုင်ရပြီး ဘေးအန္တရာယ်နှင့် ကင်းဝေး လိမ့်မည်။-
23 O temor do Senhor conduz à vida; {o que o possui} é saciado: passará a noite sem a visita da desgraça.
24 ပျင်းရိသူသည် ပန်းကန်ထဲရောက်နေသော မိမိ၏လက်ကိုပင် မိမိပါးစပ်ထဲသို့ထည့်ရန် ဝန်လေး၏။-
24 O preguiçoso põe sua mão no prato e nem sequer a leva à boca.
25 မထီမဲ့မြင်ပြုသောသူကို ရိုက်နှက်လော့။ ဤသို့ဖြင့် ရိုးအသောသူသည် အသိတရားရလိမ့်မည်။ သိနားလည် တတ်သောသူကို ဆုံးမလျှင် သူသည် အသိပညာကို ရလိမ့်မည်။-
25 Castiga o zombador e o simples tornar-se-á sábio; repreende o homem sensato e ele compreenderá por quê.
26 မိမိ၏ဖခင်ကို ရိုင်းပျစော်ကား၍ မိမိ၏မိခင်ကို နှင်ထုတ်သောသားသည် အရှက်ကွဲခြင်းနှင့် အသရေ ပျက်ခြင်းကို ယူဆောင် လာသောသားဖြစ်၏။-
26 Quem maltrata seu pai, quem expulsa sua mãe é um filho infame do qual todos se envergonham.
27 ငါ့သား၊ သင်သည် ပညာသင်ယူမှုကို ရပ်တန့်လိုက်ပါက မိမိ၌ ရှိ ထားပြီးသောအသိပညာတို့ကိုပင် မေ့ပျောက်သွားလိမ့် မည်။-
27 Cessa, meu filho, de ouvir as advertências e isto servirá para te afastares da sabedoria!
28 တရားမဲ့သောသက်သေသည် ဖြောင့်မတ်သော တရားကို ပြက်ရယ်ပြုတတ်၏။ မတရားသောသူ၏နှုတ် သည်လည်း ဒုစရိုက်ကို ဝါးမျိုတတ်၏။-
28 O testemunho falso zomba da justiça, a boca dos ímpios devora a iniqüidade.
29 မထီမဲ့မြင်ပြုသော သူတို့အတွက် အပြစ်ဒဏ်များကိုလည်းကောင်း၊ မိုက် သောသူတို့၏ကျောကုန်းများအတွက် ကြိမ်ဒဏ် များ ကိုလည်းကောင်း ပြင်ဆင်ထားပြီးဖြစ်၏။
29 As varas estão preparadas para os mofadores e os golpes para o dorso dos insensatos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.