Mateus 28
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ။ ဥပုသ်နေ့လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့ အရုဏ်တက်ချိန်၌ မာရိယာမာဒလေးနာနှင့် အခြားသော မာရိယာသည် သင်္ချိုင်းတော်ကို ကြည့်ရှုရန်လာကြ၏။-
1 Passado o sábado, no começo do primeiro dia da semana, Maria Madalena e a outra Maria foram ver o túmulo.
2 ထိုအခါ ရုတ်တရက်မြေငလျင်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား ထာ၀ရဘုရားသခင်၏ကောင်း ကင်တမန်တော် တစ်ပါးသည် ကောင်းကင်မှဆင်းလာ၍ သင်္ချိုင်းဂူ၀ရှိကျောက်တုံးကို လှိမ့်ဖယ်ပြီး ၎င်းပေါ်၌ ထိုင် နေသောကြောင့်ဖြစ်၏။-
2 E eis que houve um grande terremoto; porque um anjo do Senhor desceu do céu e, aproximando-se, removeu a pedra e sentou sobre ela.
3 သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးလက်သကဲ့သို့ဖြစ်၍ သူ၏အဝတ်မှာလည်း နှင်းကဲ့သို့ဖြူဖွေးလေ၏။-
3 O aspecto dele era como um relâmpago, e a sua roupa era branca como a neve.
4 အစောင့်တို့သည်လည်းကောင်း ကင်တမန်တော်ကို လွန်စွာကြောက်ရွံ့ကြသောကြောင့် တုန်လှုပ်ကာ လူသေကောင်များ ကဲ့သို့ဖြစ်ကြလေ၏။-
4 E os guardas, com medo do anjo, tremeram e ficaram como se estivessem mortos.
5 အမျိုးသမီးတို့ကိုမူ ကောင်းကင်တမန်တော်က ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား လက်ဝါးကပ်တိုင်ပေါ် တွင် အသတ်ခံရသောယေဇူးအား သင်တို့ရှာနေကြ သည်ကို ငါသိ၏။-
5 Mas o anjo, dirigindo-se às mulheres, disse: — Não tenham medo! Sei que vocês procuram Jesus, que foi crucificado.
6 ကိုယ်တော်သည် ဤနေရာတွင်မရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိန့်တော်မူ ခဲ့သည့်အတိုင်း ရှင်ပြန်ထမြောက် တော်မူလေပြီ။ ကိုယ် တော်လျောင်းတော်မူခဲ့သောနေရာကို လာ၍ ကြည့်ကြလော့။-
6 Ele não está aqui; ressuscitou, como tinha dito. Venham ver onde ele jazia.
7 ထို့နောက် သင်တို့အလျင်အမြန်သွားကြ၍ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ ကြောင်းကို ကိုယ်တော်၏ တပည့်တော်တို့အား ပြောကြားကြလော့။ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ သင်တို့အလျင်ဦးစွာကြွတော်မူမည်ဖြစ်၍ ထိုနေရာ၌ ကိုယ်တော့်ကို သင်တို့ဖူးမြင်ကြရလိမ့်မည်ဖြစ်ကြောင်း သင်တို့အား ယခုငါပြောထားနှင့်ပြီဟု ဆိုလေ၏။-
7 Agora vão depressa e digam aos seus discípulos que ele ressuscitou dos mortos e vai adiante de vocês para a Galileia; lá vocês o verão. É como acabei de dizer a vocês.
8 သူတို့ သည်လည်း ကြောက်ရွံ့ ခြင်းနှင့် ကြီးစွာသောဝမ်းမြောက် ခြင်းတို့ဖြင့်ပြည့်လျက် သင်္ချိုင်းတော်မှ အလျင်အမြန် ထွက်သွား ကြ၍ ကိုယ်တော်၏တပည့်တော်တို့အား ပြောကြားရန် ပြေးသွားကြလေ၏။-
8 E, retirando-se elas apressadamente do sepulcro, tomadas de medo e grande alegria, correram para anunciar isso aos discípulos.
9 ထိုအခါ ယေဇူး သည် သူတို့နှင့်တွေ့ဆုံ၍ သင်တို့၌ မင်္ဂလာရှိပါစေဟု နှုတ်ဆက်လေ၏။ သူတို့သည်လည်း အထံတော်သို့ ချဉ်း ကပ်ကြ၍ ကိုယ်တော်၏ခြေတော်ကိုဖက်ကိုင်ကြလျက် ပျပ်ဝပ်ရှိခိုးကြ၏။-
9 E eis que Jesus veio ao encontro delas e disse: E elas, aproximando-se, abraçaram os pés dele e o adoraram.
10 ထို့နောက် ယေဇူးက မကြောက်ကြ နှင့်။ သွားကြ၍ ငါ၏ညီအစ်ကိုများအား ဂါလေလေးယ နယ် သို့ သွား ရန် ပြောကြားလော့။ ထိုအရပ်၌ သူတို့သည် ငါ့ကို မြင်တွေ့ ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
10 Então Jesus lhes disse:
11 သူတို့ထွက်သွားကြစဉ် အချို့သောအစောင့်များသည် မြို့တွင်းသို့ဝင်၍ ရဟန်းအကြီးအကဲတို့အား ဖြစ်ပျက်သမျှအကြောင်း စုံကို ပြောပြကြလေ၏။-
11 E, enquanto elas iam, eis que alguns da guarda foram à cidade e contaram aos principais sacerdotes tudo o que havia acontecido.
12 ထိုအခါ သူတို့သည် သက်ကြီးဝါကြီးများနှင့်အတူ စည်းဝေးတိုင်ပင်ကြပြီးနောက် စစ်သူရဲတို့အား ငွေအမြောက်အမြား ပေးလျက်၊-
12 Reunindo-se eles em conselho com os anciãos, deram grande soma de dinheiro aos soldados,
13 ညအချိန်၌ ငါတို့အိပ်ပျော်နေကြစဉ် သူ၏ တပည့်တို့သည် လာကြ၍ သူ၏အလောင်းကို ခိုးယူသွား ကြပါသည်ဟု လူတို့အား ပြောကြလော့၊-
13 recomendando-lhes: — Digam isto: “Os discípulos dele vieram de noite, enquanto estávamos dormindo, e roubaram o corpo.”
14 ဤအကြောင်း ကို ဘုရင်ခံကြားသိခဲ့လျှင် ငါတို့သည် သူကျေနပ်သည့် တိုင်အောင် ဖျောင်းဖျပြောဆို၍ သင်တို့ဒုက္ခမရောက်စေ ရန် ဆောင်ရွက်ပေးမည်ဟု သူတို့အား မှာထားကြ၏။-
14 E, se isto chegar ao conhecimento do governador, nós o convenceremos e faremos com que vocês não tenham maiores preocupações.
15 သူတို့သည်လည်း ငွေကိုယူ၍ မိမိတို့အား ညွန်ကြားထားသည့်အတိုင်း ဆောင်ရွက်ကြ၏။ ဤစကားသည် ဂျူးလူ မျိုးများအကြားတွင် ယနေ့တိုင်အောင် ပျံ့နှံ့လျက်ရှိ၏။
15 Os soldados receberam o dinheiro e fizeram como tinham sido instruídos. Esta versão se espalhou entre os judeus até o dia de hoje.
16 တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည်လည်း ယေဇူးမှာကြားထားတော်မူသည့်အတိုင်း ဂါလေလေးယနယ်ရှိ တောင်ပေါ်သို့ သွားကြ၏။-
16 Os onze discípulos partiram para a Galileia, para o monte que Jesus lhes havia designado.
17 သူတို့သည် ကိုယ် တော့်ကိုတွေ့ မြင်ကြသောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ သော် အချို့မူကား သံသယရှိနေကြလေ၏။-
17 E, quando viram Jesus, o adoraram; mas alguns duvidaram.
18 ထိုအခါ ယေဇူးသည် ချဉ်းကပ်တော်မူ၍ ကောင်းကင်ဘုံ၌လည်း ကောင်း၊ ကမ္ဘာမြေပေါ်၌လည်းကောင်း စီရင်ပိုင်ခွင့်အာ ဏာရှိသမျှတို့ကို ငါ့အားပေးအပ်ထားလျက်ရှိ၏။-
18 Jesus, aproximando-se, falou-lhes, dizendo:
19 ထို့ ကြောင့် သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏ တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။-
19 Portanto, vão e façam discípulos de todas as nações, batizando-os em nome do Pai, do Filho e do Espírito Santo,
20 သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာ သူတို့ကို သွန်သင်ကြလော့။ ငါသည်ကား ကမ္ဘာကုန်သည့် တိုင်အောင် သင်တို့ နှင့်အတူ အစဉ်ရှိမည်ဟု သူတို့အား မိန့်တော်မူလေ၏။
20 ensinando-os a guardar todas as coisas que tenho ordenado a vocês. E eis que estou com vocês todos os dias até o fim dos tempos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.