João 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 မာရိယာနှင့် သူ၏အစ်မ မာဿတို့ နေထိုင်လျက်ရှိသော ဘက်သနီကျေးရွာတွင် လာဇရုအမည် ရှိသောသူသည် ဖျားနာလျက်ရှိ၏။-
1 Havia um homem chamado Lázaro. Ele era de Betânia, do povoado de Maria e de sua irmã Marta. E aconteceu que Lázaro ficou doente.
2 မာရိယာသည်ကား ကိုယ်တော့်ကို ဆီမွှေးဖြင့်လိမ်းကျံခဲ့၍ ကိုယ်တော်၏ခြေများကို မိမိ၏ဆံပင်ဖြင့် သုတ်ပေးခဲ့သော သူဖြစ်ပြီး ဖျားနာသူဖြစ်သည့် လာဇရုသည် သူမ၏မောင်ဖြစ်၏။-
2 Maria, sua irmã, era a mesma que derramara perfume sobre o Senhor e lhe enxugara os pés com os cabelos.
3 ထို့ကြောင့် အစ်မများက သခင်၊ ကိုယ်တော်ချစ်တော်မူသောသူ ဖျားနာလျက်ရှိပါသည်ဟု ကိုယ်တော့်ထံ သတင်းပို့ကြ၏။-
3 Então as irmãs de Lázaro mandaram dizer a Jesus: "Senhor, aquele a quem amas está doente".
4 သို့သော် ယေဇူးသည် ဤအကြောင်းကို ကြားတော်မူသောအခါ ဤဖျားနာခြင်းသည် သေခြင်းအတွက် မဟုတ်။ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက်သာဖြစ်၏။ ယင်းအားဖြင့် ဘုရားသခင်၏ သားတော်သည် ဘုန်းဂုဏ်တော် ထွန်းတောက်လိမ့်မည်ဟု မိန့်တော်မူ၏။
4 Ao ouvir isso, Jesus disse: "Essa doença não acabará em morte; é para a glória de Deus, para que o Filho de Deus seja glorificado por meio dela".
5 ထို့ကြောင့် ယေဇူးသည် မာဿနှင့် သူမ၏ညီမကိုလည်းကောင်း၊ လာဇရုကိုလည်းကောင်း ချစ်သော်လည်း၊-
5 Jesus amava Marta, a irmã dela e Lázaro.
6 လာဇရုဖျားနာနေကြောင်းကို ကြားသောအခါ မိမိရောက်နေသော အရပ်တွင် နှစ်ရက်ကြာ ဆက်လက်နေတော်မူ၏။-
6 No entanto, quando ouviu falar que Lázaro estava doente, ficou mais dois dias onde estava.
7 ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား ဂျူဒေးယနယ်သို့ နောက်တစ်ဖန်သွားကြစို့ဟု မိန့်တော်မူ၏။-
7 Depois disse aos seus discípulos: "Vamos voltar para a Judéia".
8 တပည့်တော်တို့က ရာဘီ၊ ယခုအခါတွင် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ကျောက်ခဲနှင့် ပစ်ပေါက်ရန် ကြိုးစားနေ ကြပါလျက်နှင့် ကိုယ်တော်သည် ထိုအရပ်သို့ နောက်တစ်ဖန် ကြွတော်မူမည်လောဟု ကိုယ်တော်အား လျှောက်ထားကြ၏။-
8 Estes disseram: "Mestre, há pouco os judeus tentaram apedrejar-te e assim mesmo vais voltar para lá? "
9 ယေဇူးက နေ့အချိန်သည် တစ်ဆယ့်နှစ်နာရီရှိသည် မဟုတ်လော။ တစ်စုံတစ်ဦးသည် နေ့အချိန်၌ သွားလာပါလျှင် ဤလောကရှိ အလင်းကို မြင်ရသောကြောင့် ခလုတ်မတိုက်မိချေ။-
9 Jesus respondeu: "O dia não tem doze horas? Quem anda de dia não tropeça, pois vê a luz deste mundo.
10 သို့သော် သူသည် ညအချိန်၌ သွားလာပါလျှင် အလင်းသည် သူနှင့် အတူမရှိသဖြင့် ခလုတ်တိုက်မိတတ်သည်ဟု မိန့်တော် မူ၏။-
10 Quando anda de noite, tropeça, pois nele não há luz".
11 ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က ငါတို့၏ မိတ်ဆွေ လာဇရုသည် အိပ်ပျော်လေပြီ။ သို့သော် ငါသည် သူ့ကို အိပ်နေရာမှနှိုးရန် သွားမည်ဟု သူတို့အား မိန့်တော်မူ၏။-
11 Depois de dizer isso, prosseguiu dizendo-lhes: "Nosso amigo Lázaro adormeceu, mas vou até lá para acordá-lo".
12 တပည့်တော်တို့ကလည်း သခင်၊ သူသည် အိပ်ပျော်နေလျှင် ပြန်၍ကျန်းမာလာပါလိမ့်မည်ဟု လျှောက်ကြ၏။-
12 Seus discípulos responderam: "Senhor, se ele dorme, vai melhorar".
13 ယေဇူးသည် လာဇရု၏သေခြင်းကို ရည်ညွန်း၍ မိန့်တော်မူသော်လည်း တပည့်တော်တို့ကမူ ကိုယ်တော်သည် အိပ်စက်အနားယူခြင်းကို ရည်ညွန်းသည်ဟု ထင်မှတ်ခဲ့ကြ၏။-
13 Jesus tinha falado de sua morte, mas os seus discípulos pensaram que ele estava falando simplesmente do sono.
14 ထို့နောက် ယေဇူးက အတိအလင်း မိန့်တော်မူသည်ကား လာဇရုသည် သေလေပြီ။-
14 Então lhes disse claramente: "Lázaro morreu,
15 ထိုအရပ်၌ ငါမရှိခဲ့ခြင်းမှာ သင်တို့ယုံကြည်လာစေရန်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့ သွားကြစို့ဟု မိန့်မြွက်တော်မူ၏။-
15 e para o bem de vocês estou contente por não ter estado lá, para que vocês creiam. Mas, vamos até ele".
16 အမြွှာညီနောင်ဟူ၍ အဓိပ္ပာယ်ရသည့် ဒီးဒီမုအမည်ရှိသူ သောမက ကိုယ်တော်နှင့်အတူ အသေခံရန် ငါတို့လည်း သွားကြစို့ဟု မိမိ၏အဖော် တပည့်တော်တို့အား ဆိုလေ၏။
16 Então Tomé, chamado Dídimo, disse aos outros discípulos: "Vamos também para morrermos com ele".
17 ယေဇူးကြွလာတော်မူသောအခါ လာဇရုသည် သခင်္ျိုင်းအတွင်း၌ လေးရက်တိုင်ရှိနေပြီဖြစ်ကြောင်း သိ ရှိတော်မူ၏။-
17 Ao chegar, Jesus verificou que Lázaro já estava no sepulcro havia quatro dias.
18 ဘက်သနီရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာတွင် ရှိသည်ဖြစ်၍၊-
18 Betânia distava cerca de três quilômetros de Jerusalém,
19 များစွာသော ဂျူးလူ မျိုးတို့သည် မာဿနှင့် မာရိယာတို့အား သူတို့၏မောင် အတွက် အားပေးနှစ်သိမ့်ရန် လာကြ၏။-
19 e muitos judeus tinham ido visitar Marta e Maria para confortá-las pela perda do irmão.
20 မာဿသည် ယေဇူးကြွလာတော်မူကြောင်းကို ကြားရလျှင် သွား၍ ကိုယ်တော့်ကိုကြိုဆိုလေ၏။ ထိုအချိန်၌ မာရိယာသည် အိမ်တွင်ထိုင်လျက်ရှိ၏။-
20 Quando Marta ouviu que Jesus estava chegando, foi encontrá-lo, mas Maria ficou em casa.
21 မာဿက ယေဇူးအား သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိခဲ့ပါလျှင် ကျွန်မ၏မောင်သည် သေရလိမ့်မည်မဟုတ်ပါ။-
21 Disse Marta a Jesus: "Senhor, se estivesses aqui meu irmão não teria morrido.
22 သို့ရာတွင် ယခုလည်း ဘုရားသခင်ထံတော်၌ ကိုယ်တော်တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါသည်ဟု လျှောက်လေ၏။-
22 Mas sei que, mesmo agora, Deus te dará tudo o que pedires".
23 ယေဇူးက သင်၏မောင် သည် ပြန်ရှင်လိမ့်မည်ဟု သူမအား မိန့်တော်မူ၏။-
23 Disse-lhe Jesus: "O seu irmão vai ressuscitar".
24 မာဿက ရှင်ပြန်ထမြောက်ရာ နောက်ဆုံးသောနေ့ရက်၌ သူသည်လည်း တစ်ဖန်ရှင်ပြန်ထမြောက်လိမ့်မည်ကို ကျွန်မသိပါ၏ဟု ကိုယ်တော်အား လျှောက်၏။-
24 Marta respondeu: "Eu sei que ele vai ressuscitar na ressurreição, no último dia".
25 ယေဇူးကလည်း သူမအား မိန့်တော်မူသည်ကား ငါသည် ရှင်ပြန် ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်။-
25 Disse-lhe Jesus: "Eu sou a ressurreição e a vida. Aquele que crê em mim, ainda que morra, viverá;
26 အသက်ရှင်၍ ငါ့ကိုယုံကြည်သော သူတိုင်းသည်လည်း မည်သည့်အခါမျ ှသေရလိမ့်မည်မဟုတ်။ ဤအချက်ကို သင်ယုံကြည်ပါသလောဟု မေးတော်မူ၏။-
26 e quem vive e crê em mim, não morrerá eternamente. Você crê nisso? "
27 သူမက ယုံကြည်ပါသည်၊ သခင်။ ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူသော ဘုရား၏သားတော် ခရစ်တော်သခင် ဖြစ်တော်မူကြောင်းကို ကျွန်မယုံကြည်ပါသည်ဟု ဖြေကြားလေ၏။
27 Ela lhe respondeu: "Sim, Senhor, eu tenho crido que tu és o Cristo, o Filho de Deus que devia vir ao mundo".
28 ဤကဲ့သို့လျှောက်ထားပြီးသည့်နောက် သူမသည် သွား၍ မိမိ၏ညီမ မာရိယာကိုခေါ်လျက် ဆရာသခင်သည် ဤနေရာ၌ ရောက်နေ၍ သင့်ကိုခေါ်တော်မူသည်ဟု တိတ်တဆိတ်ပြောဆိုလေ၏။-
28 E depois de dizer isso, foi para casa e, chamando à parte Maria, disse-lhe: "O Mestre está aqui e está chamando você".
29 မာရိယာသည်လည်း ထိုစကားကိုကြားလျှင် အလျင်အမြန်ထ၍ အထံတော်သို့ သွားလေ၏။-
29 Ao ouvir isso, Maria levantou-se depressa e foi ao encontro dele.
30 ထိုအချိန်၌ ယေဇူးသည် ရွာထဲသို့ ဝင်မလာသေးဘဲ မိမိကို မာဿက ကြိုဆိုခဲ့သော အရပ်၌ပင် ရှိနေဆဲဖြစ်၏။-
30 Jesus ainda não tinha entrado no povoado, mas estava no lugar onde Marta o encontrara.
31 ထို့ကြောင့် မာရိယာနှင့်အတူ အိမ်တွင်ရှိနေပြီး သူမကို အားပေးနှစ်သိမ့်နေကြသော ဂျူးလူမျိုးတို့သည် မာရိယာ အလျင်အမြန်ထ၍ ထွက်သွားသည်ကို မြင်ကြသောအခါ သူမသည် ငိုကြွေးရန် သခင်္ျိုင်းသို့ ထွက်သွားသည်ဟု ထင်မှတ်ကြပြီး သူမနောက်သို့ လိုက်ကြလေ၏။-
31 Quando notaram que ela se levantou depressa e saiu, os judeus, que a estavam confortando em casa, seguiram-na, supondo que ela ia ao sepulcro, para ali chorar.
32 မာရိယာသည် ယေဇူးရှိတော်မူသော နေရာသို့ရောက်၍ ကိုယ်တော့်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ ကိုယ်တော်သည် ဤနေရာ၌ ရှိတော်မူခဲ့ပါလျှင် ကျွန်မ၏မောင်သည် သေရလိမ့်မည်မဟုတ် ပါဟု လျှောက်လေ၏။-
32 Chegando ao lugar onde Jesus estava e vendo-o, Maria prostrou-se aos seus pés e disse: "Senhor, se estivesses aqui meu irmão não teria morrido".
33 ယေဇူးသည် မာရိယာ ငိုကြွေးနေသည်ကိုလည်းကောင်း၊ သူမနှင့်အတူ ပါလာသော ဂျူးလူမျိုးများ ငိုကြွေး နေကြသည်ကိုလည်းကောင်း တွေ့မြင်တော်မူလျှင် အလွန်စိတ်ထိခိုက်သဖြင့် စိတ်သောက ရောက်တော်မူ၏။-
33 Ao ver chorando Maria e os judeus que a acompanhavam, Jesus agitou-se no espírito e perturbou-se.
34 ထို့နောက် ကိုယ်တော်က သူ့ကို သင်တို့ အဘယ်မှာ ထားကြသနည်းဟု မေးတော်မူလျှင် သူတို့က သခင်ဘုရား၊ လာရောက်၍ ကြည့်ရှုတော်မူပါဟု လျှောက်ထားကြ၏။-
34 "Onde o colocaram? ", perguntou ele. "Vem e vê, Senhor", responderam eles.
35 ယေဇူးသည်လည်း မျက်ရည်ကျတော်မူ၏။-
35 Jesus chorou.
36 ထိုအခါ ဂျူးလူမျိုးတို့က သူသည် လာဇရုကို ဤမျှလောက်ချစ်သည်ကို ကြည့်ကြလော့ဟု ပြောဆိုကြ၏။-
36 Então os judeus disseram: "Vejam como ele o amava! "
37 သို့သော် သူတို့တွင် အချို့က မျက်မမြင်၏ မျက်စိများကို ပြန်မြင်စေခဲ့သော ဤသူသည် လာဇရုကို မသေရန် မပြုလုပ်နိုင်သလောဟု ဆိုကြ၏။
37 Mas alguns deles disseram: "Ele, que abriu os olhos do cego, não poderia ter impedido que este homem morresse? "
38 ထို့နောက်တစ်ဖန် ယေဇူးသည် လွန်စွာ စိတ်မသာမယာဖြစ်လျက် သခင်္ျိုင်းသို့ ကြွလာတော်မူ၏။ သခင်္ျိုင်းတွင်းသည်ကား ကျောက်လိုဏ်ဂူတစ်ခုဖြစ်ပြီး ၎င်းကို ကျောက်တုံးတစ်တုံးနှင့် ပိတ်ထားလျက်ရှိ၏။-
38 Jesus, outra vez profundamente comovido, foi até o sepulcro. Era uma gruta com uma pedra colocada à entrada.
39 ယေဇူးက ကျောက်တုံးကိုရွှေ့ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ သေသောသူ၏အစ်မဖြစ်သည့် မာဿက သခင်ဘုရား၊ ယခုအချိန်ဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသေဆုံးသည်မှာ လေးရက်ရှိပါပြီဟု လျှောက်ထား လေ၏။-
39 "Tirem a pedra", disse ele. Disse Marta, irmã do morto: "Senhor, ele já cheira mal, pois já faz quatro dias".
40 ယေဇူးက သူမအား သင်သည် ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို မြင်ရမည့်အကြောင်း သင့်အား ငါဆိုခဲ့သည်မဟုတ်လောဟု မိန့်တော်မူ၏။-
40 Disse-lhe Jesus: "Não lhe falei que, se você cresse, veria a glória de Deus? "
41 ထို့ကြောင့် သူတို့သည်လည်း ကျောက်တုံးကို ရွှေ့ကြလေ၏။ ထိုအခါ ယေဇူးသည် အထက်သို့ မျှော်ကြည့်လျက် အိုအဖ၊ အကျွန်ုပ်ကို နားညောင်းတော်မူသောကြောင့် ကိုယ်တော်အား အကျွန်ုပ်ကျေးဇူးတင်ပါ သည်။-
41 Então tiraram a pedra. Jesus olhou para cima e disse: "Pai, eu te agradeço porque me ouviste.
42 ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်အမြဲ နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ဤနေရာတွင် ရပ်နေကြသောသူတို့ ယုံကြည်လာကြစေရန် ယခုကဲ့သို့ တောင်းလျှောက်ခြင်း ဖြစ်ပါသည်ဟု မြွက်ဆိုတော်မူ၏။-
42 Eu sabia que sempre me ouves, mas disse isso por causa do povo que está aqui, para que creia que tu me enviaste".
43 ဤကဲ့သို့မြွက်ဆိုပြီးနောက် ကိုယ်တော်က ကျယ်လောင်သောအသံဖြင့် လာဇရု၊ ထွက်ခဲ့လော့ ဟုခေါ်တော်မူလျှင်၊-
43 Depois de dizer isso, Jesus bradou em alta voz: "Lázaro, venha para fora! "
44 သေလွန်သူသည် မိမိ၏ခြေ နှင့်လက်တို့တွင် ပိတ်စများစည်းထားလျက်၊ မျက်နှာတွင်လည်း အဝတ်နှင့်ပတ်ရစ်ထားလျက် ထွက်လာလေ၏။ ယေဇူးကလည်း သူ့ကို ပိတ်စများ ဖြေပေးကြ၍ လွှတ်ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။
44 O morto saiu, com as mãos e os pés envolvidos em faixas de linho, e o rosto envolto num pano. Disse-lhes Jesus: "Tirem as faixas dele e deixem-no ir".
45 ထို့ကြောင့် မာရိယာနှင့်အတူ လိုက်လာခဲ့ကြသော ဂျူးလူမျိုးတို့သည် ကိုယ်တော်ပြုတော်မူသော အမှုအရာတို့ကိုမြင်ကြရ၍ ကိုယ်တော့်ကို ယုံကြည်ကြ၏။-
45 Muitos dos judeus que tinham vindo visitar Maria, vendo o que Jesus fizera, creram nele.
46 သို့သော် ထိုသူတို့ထဲမှ အချို့တို့သည် ဖာရီဇေးဦးတို့ထံသို့ သွား၍ ယေဇူးပြုလုပ်တော်မူခဲ့သော အမှုအရာများကို ပြောပြကြ၏။-
46 Mas alguns deles foram contar aos fariseus o que Jesus tinha feito.
47 သို့ဖြစ်၍ ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့သည် လွှတ်တော်အစည်းအဝေးခေါ်လျက် ဆွေးနွေးကြသည်ကား ငါတို့မည်သို့ပြုကြရမည်နည်း။ အကြောင်းမူကား ဤသူသည် များစွာသောအံ့ဖွယ်နိမိတ် လက္ခဏာများကိုပြ၏။-
47 Então os chefes dos sacerdotes e os fariseus convocaram uma reunião do Sinédrio. "O que estamos fazendo? ", perguntaram eles. "Aí está esse homem realizando muitos sinais miraculosos.
48 ငါတို့သည် သူ့ကို ယခုအတိုင်း ဆက်လက်ခွင့်ပြုထားပါလျှင် လူတိုင်းသည် သူ့ကိုယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည် လာ၍ ငါတို့၏ သန့်ရှင်းရာဌာနနှင့်တကွ ငါတို့လူမျိုးတစ်မျိုးလုံးကို ဖျက်ဆီးကြလိမ့်မည်ဟု ပြောဆိုကြ၏။-
48 Se o deixarmos, todos crerão nele, e então os romanos virão e tirarão tanto o nosso lugar como a nossa nação".
49 သို့ရာတွင် သူတို့၌ တစ်ဦးအပါအဝင်ဖြစ်ပြီး ထိုနှစ်အတွက် ရဟန်းအကြီးအကဲဖြစ်သော ကာအိဖက သင်တို့သည် မည်သည့်အရာကိုမျှ မသိကြပါတကား။-
49 Então um deles, chamado Caifás, que naquele ano era o sumo sacerdote, tomou a palavra e disse: "Nada sabeis!
50 လူမျိုးတစ်မျိုးလုံး မပျက်စီးစေရန် အများအတွက် လူတစ်ယောက်သေခြင်းသည် သင်တို့အတွက် သာ၍ကောင်းသည်ကို သင်တို့နားမလည်ကြဟု သူတို့အား ပြောဆိုလေ၏။-
50 Não percebeis que vos é melhor que morra um homem pelo povo, e que não pereça toda a nação".
51 ဤသို့ ဆိုရာတွင် ကာအိဖသည် မိမိ၏အလိုဆန္ဒအလျောက် ပြောဆိုခြင်းမဟုတ်ချေ။ သူသည် ထိုနှစ်အတွက် ရဟန်း အကြီးအကဲဖြစ်သည့်အလျောက် ယေဇူးသည် လူမျိုးတစ်ခုလုံးအတွက် အသက်အသေခံရမည့်အကြောင်းနှင့်၊-
51 Ele não disse isso de si mesmo, mas, sendo o sumo sacerdote naquele ano, profetizou que Jesus morreria pela nação judaica,
52 ကိုယ်တော်သည် လူမျိုးစုတစ်စုတည်းအတွက်သာမက၊ တိုင်းတစ်ပါးတွင်ပျံ့နှံ့နေသော ဘုရားသခင်၏ သားသမီးများကို တစ်လုံးတစ်၀တည်း စုစည်းမည့်အကြောင်းတို့ကို ပရောဖက်ဉာဏ်ဖြင့် ဟောခဲ့ခြင်းဖြစ်၏။-
52 e não somente por aquela nação, mas também pelos filhos de Deus que estão espalhados, para reuni-los num povo.
53 သို့ဖြစ်၍ ထိုနေ့မှစပြီး သူတို့သည် ကိုယ်တော်အား သတ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။
53 E daquele dia em diante, resolveram tirar-lhe a vida.
54 ထို့ကြောင့် ယေဇူးသည် ဂျူးလူမျိုးတို့အကြားတွင် ထင်ထင်ရှားရှားသွားလာခြင်း မပြုတော့ဘဲ ထိုနေရာမှနေ၍ တောကန္တာရအနီးရှိ ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွ သွားပြီး ထိုအရပ်တွင် တပည့်တော်တို့နှင့်အတူ နေတော် မူ၏။
54 Por essa razão, Jesus não andava mais publicamente entre os judeus. Ao invés disso, retirou-se para uma região próxima do deserto, para um povoado chamado Efraim, onde ficou com os seus discípulos.
55 ထိုအခါ ဂျူးလူမျိုးတို့၏ ပါစကားပွဲတော်သည် နီးကပ်လာပြီဖြစ်၍ များစွာသော ဂျူးလူမျိုးတို့သည် ပါစကားပွဲမတိုင်မီ မိမိတို့ကိုယ်ကို သန့်စင်စေခြင်းငှာ အနယ်နယ်အရပ်ရပ်မှ ဂျေရုဆလင်မြို့သို့သွားကြလေ၏။-
55 Ao se aproximar a Páscoa judaica, muitos foram daquela região para Jerusalém a fim de participarem das purificações cerimoniais antes da Páscoa.
56 ထို့နောက် သူတို့သည် ယေဇူးကို ရှာကြလေ၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ ရပ်လျက်ရှိနေစဉ် အချင်းချင်းမေးမြန်း၍ သင်တို့မည်သို့ထင်ကြသနည်း။ ဤသူသည် ပွဲတော်သို့ မလာဘဲနေမည်လောဟု ပြောဆိုနေကြ၏။-
56 Continuavam procurando Jesus e, no templo, perguntavam uns aos outros: "O que vocês acham? Será que ele virá à festa? "
57 ထိုအချိန်တွင် ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့သည် ကိုယ်တော့်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ကိုယ်တော်ရှိရာ အရပ်ကိုသိလျှင် သူတို့အား အကြောင်းကြားရမည်ဟု အမိန့်ထုတ်ပြန်ထားပြီးဖြစ်၏။
57 Mas os chefes dos sacerdotes e os fariseus tinham ordenado que, se alguém soubesse onde Jesus estava, o denunciasse, para que o pudessem prender.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.