Hebreus 8

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယခု ငါတို့ပြောဆိုနေသောအကြောင်းအရာတို့၏ အဓိကအချက်မှာငါတို့တွင် ထိုကဲ့သို့သော ရဟန်းချုပ်မျိုးရှိနေပြီဆိုသည့် အချက်ပင်ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ရှိတော်မူသောဘုန်းတော် ရှင်၏ပလ္လင်တော်လက်ယာဘက်တွင် စံပယ်နေ တော်မူ၏။-
1 Ora, a suma do que temos dito é que temos um sumo sacerdote tal, que está assentado nos céus à destra do trono da majestade,
2 ကိုယ်တော်သည် လူတို့တည်ဆောက်ထားခြင်း မဟုတ်ဘဲ ထာ၀ရဘုရားသခင်တည်ဆောက်ထားတော် မူသောစစ်မှန်သည့် တဲတော်နှင့် သန့်ရှင်းရာဌာနတွင် အမှုတော်ကို ဆောင်ရွက်သောသူဖြစ်တော်မူ၏။-
2 Ministro do santuário, e do verdadeiro tabernáculo, o qual o Senhor fundou, e não o homem.
3 ရဟန်း ချုပ်မည်သည်ကား ဘုရားသခင်အား ပူဇော်ရာများနှင့် ယဇ်ကောင်တို့ကို ဆက်သပူဇော်ရန် ခန့်ထားခြင်းခံရသဖြင့် ဤရဟန်းသည်လည်း ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ရှိရန် လိုအပ်၏။-
3 Porque todo o sumo sacerdote é constituído para oferecer dons e sacrifícios; por isso era necessário que este também tivesse alguma coisa que oferecer.
4 အကယ်၍ ကိုယ်တော်သည် ကမ္ဘာမြေ ပေါ်တွင်ရှိနေတော်မူလျှင် ရဟန်းဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားအရ ပူဇော် သကာများကို ဆက်သသည့်ရဟန်းများရှိသောကြောင့် ဖြစ်၏။-
4 Ora, se ele estivesse na terra, nem tão pouco sacerdote seria, havendo ainda sacerdotes que oferecem dons segundo a lei,
5 သူတို့သည် ကောင်းကင်ဘုံ၌ရှိသော သန့်ရှင်းရာ ဌာနနှင့်တူသည့်ပုံရိပ်တွင် အမှုထမ်းကြရ၏။ အကြောင်း မူကား မိုးဇက်သည် ပဋိညာဉ်တဲတော်ကိုတည်ဆောက် မည်ပြုသောအခါ ဘုရားသခင်က တောင်ပေါ်တွင် သင့်အား ပြသခဲ့သည့်ပုံစံနှင့်အညီ အလုံးစုံ သောအရာတို့ကို ပြုလုပ်ဆောင်ရွက်ရန် သတိပြုလော့ဟု သူ့အား မိန့်မှာ တော်မူခဲ့၏။-
5 Os quais servem de exemplo e sombra das coisas celestiais, como Moisés divinamente foi avisado, estando já para acabar o tabernáculo; porque foi dito: Olha, faze tudo conforme o modelo que no monte se te mostrou.
6 သို့သော် ခရစ်တော်ကြားဝင်အသနားခံ ပေးသောပဋိညာဉ်တရားတော်သည် ပိုမိုကောင်းမွန် လေ၏။ အကြောင်းမူကား ယင်းသည် ပို၍ကောင်းမွန် သောကတိတော်များအပေါ် အခြေခံသောကြောင့်ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်သည် ပဋိညာဉ်တရား တော် အဟောင်းထက် များစွာပို၍မြင့်မြတ်သောအမှုတော်ကို ရရှိလေ၏။-
6 Mas agora alcançou ele ministério tanto mais excelente, quanto é mediador de uma melhor aliança que está confirmada em melhores promessas.
7 အကယ်၍ ပထမပဋိညာဉ်တရားတော်၌ အပြစ်အနာ အဆာမရှိလျှင် ယင်းကို ဒုတိယပဋိညာဉ် တရားတော်ဖြင့် အစားထိုးရန် လိုအပ်မည်မဟုတ်ပေ။
7 Porque, se aquela primeira fora irrepreensível, nunca se teria buscado lugar para a segunda.
8 သို့သော် ထာ၀ရဘုရားသခင်သည် ပထမပဋိညာဉ် တရားတော်၌ အပြစ်အနာအဆာကိုမြင်မိသဖြင့် မိန့်တော်မူသည်ကား ငါသည် အစ္စရာအဲလ်လူမျိုးနှင့်လည်းကောင်း၊ ဂျုဒလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်အသစ် ကိုထူထောင်ရမည့်အချိန်ကာလ ကျရောက်လိမ့်မည်။-
8 Porque, repreendendo-os, lhes diz: Eis que virão dias, diz o Senhor, Em que com a casa de Israel e com a casa de Judá estabelecerei uma nova aliança,
9 ဤပဋိညာဉ်သည် သူတို့၏ဘိုးဘေးများအား အီဂျစ်ပြည်မှ ငါလက်ဆွဲ၍ ထုတ်ဆောင်လာစဉ်က သူတို့နှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ယခင်က ငါပေးခဲ့သော ပဋိညာဉ်တရားတော်ကို ဆက်လက် လိုက်နာခြင်းမရှိကြသဖြင့် ငါသည်လည်း သူတို့အား လျစ်လျူရှုထားခဲ့၏။-
9 Não segundo a aliança que fiz com seus pais No dia em que os tomei pela mão, para os tirar da terra do Egito;Como não permaneceram naquela minha aliança,Eu para eles não atentei, diz o Senhor.
10 နောင်ကာလ၌ အစ္စရာအဲလ်လူမျိုးတို့နှင့် ငါပြုလုပ်မည့်ပဋိညာဉ်တရား တော်သည်ကား ဤသို့ဖြစ်၏။ ထိုနေ့ရက်တို့၌ ငါသည် ငါ၏ပညတ်တော်တို့ကို သူတို့၏စိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းပေးမည်။ သူတို့၏နှလုံးသားများအပေါ်တွင်လည်း ယင်းတို့ကို ရေးသားထားမည်။ ငါသည် သူတို့၏ဘုရား ဖြစ်၍ သူတို့သည်လည်း ငါ၏လူမျိုးစုဖြစ်ကြလိမ့်မည်။-
10 Porque esta é a aliança que depois daqueles diasFarei com a casa de Israel, diz o Senhor; Porei as minhas leis no seu entendimento, E em seu coração as escreverei; E eu lhes serei por Deus, E eles me serão por povo;
11 ထာ၀ရဘုရားသခင်ကိုသိရှိရန် ကြိုးစားကြလော့ဟူ၍ မည်သူကမျှ မိမိအမျိုးသားချင်းကိုလည်းကောင်း၊ မိမိ ညီအစ်ကို အားလည်းကောင်း ဆုံးမသွန်သင်ကြရလိမ့်မည်မဟုတ်။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် အငယ်ဆုံးသောသူမှစ၍ အကြီးမြတ်ဆုံးသောသူတိုင်အောင် ငါ့ကိုသိကြလိမ့်မည်။-
11 E não ensinará cada um a seu próximo, Nem cada um ao seu irmão, dizendo: Conhece o Senhor; Porque todos me conhecerão, Desde o menor deles até ao maior.
12 အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏အပြစ်များကို ဖြေလွှတ်၍ သူတို့၏ပြစ်မှား ကျူးလွန်မှုများကို မှတ်တော်မူမည် မဟုတ်သောကြောင့် ဖြစ်၏ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။
12 Porque serei misericordioso para com suas iniqüidades, E de seus pecados e de suas prevaricações não me lembrarei mais.
13 ကိုယ်တော်သည် ပဋိညာဉ်တရားသစ်အကြောင်း ကိုမိန့်တော်မူခြင်းဖြင့် ပထမပဋိညာဉ်တရားတော်မှာ ဟောင်းနွမ်းသွား ပြီးဖြစ်ကြောင်း ပေါ်လွင်စေတော်မူ၏။ ဟောင်းနွမ်းသောအရာဟူသမျှသည်လည်း မကြာမီ တွင်ပင် ပျောက်ကွယ်သွားလိမ့်မည်။
13 Dizendo Nova aliança, envelheceu a primeira. Ora, o que foi tornado velho, e se envelhece, perto está de acabar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.