Efésios 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို့ကြောင့် ဘုရားသခင်ချစ်မြတ်နိုးသောသား သမီးများဖြစ်ကြသည့်အတိုင်း ကိုယ်တော့်ကို အတုယူကြလော့။-
1 Portanto, sejam imitadores de Deus, como filhos amados,
2 ခရစ်တော်သည် ငါတို့ကို ချစ်မြတ်နိုး၍ ငါတို့အတွက် မိမိကိုယ်ကို မွှေးကြိုင်သောပူဇော်သကာ နှင့်ယဇ်ကောင်အဖြစ် ဘုရားသခင်အား ဆက်ကပ်ပူ ဇော်တော်မူသကဲ့သို့ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ ၌ လျှောက်လှမ်းကြလော့။
2 e vivam em amor, como também Cristo nos amou e se entregou por nós como oferta e sacrifício de aroma agradável a Deus.
3 သင်တို့အကြားတွင် ကာမဂုဏ်လိုက်စားခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်းများနှင့် လောဘကြီးခြင်းတို့ မရှိစေကြနှင့်။ ယင်းတို့သည် သူတော်သူမြတ်တို့နှင့် မအပ်စပ်ပေ။-
3 Entre vocês não deve haver nem sequer menção de imoralidade sexual nem de qualquer espécie de impureza nem de cobiça; pois estas coisas não são próprias para os santos.
4 ညစ်ညူး၍ မိုက်မဲသောစကားများနှင့် မဖွယ်မရာ ပြက်ရယ်ပြုသောစကားများမှာ ပြောဆိုရန် မသင့်သောကြောင့် သင်တို့ အကြား၌ မပြောသင့်ပေ။ ထိုစကားများ အစားသင်တို့သည် ကျေးဇူးတော်ချီးမွမ်းသောစကားကို သာပြောဆိုကြလော့။-
4 Não haja obscenidade nem conversas tolas nem gracejos imorais, que são inconvenientes, mas, ao invés disso, ação de graças.
5 ကာမဂုဏ်လိုက်စားသောသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သောသူဖြစ်၍ လော ဘကြီးသောသူ တစ်ဦးတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင် အမွေတော်ကိုခံကြရ လိမ့်မည်မဟုတ်ကြောင်းကို သင်တို့ကောင်းစွာသိကြ၏။-
5 Porque vocês podem estar certos disto: nenhum imoral nem impuro nem ganancioso, que é idólatra, tem herança no Reino de Cristo e de Deus.
6 မည်သူမျှ သင်တို့ကို အဓိပ္ပာယ်မဲ့သောစကားများ ဖြင့် မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအကြောင်း အရာများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံခြင်းမရှိသောသူတို့အပေါ်သို့ သက်ရောက်လျက်ရှိ၍ပင်တည်း။-
6 Ninguém os engane com palavras tolas, pois é por causa dessas coisas que a ira de Deus vem sobre os que vivem na desobediência.
7 သို့ဖြစ်၍ သင်တို့သည် ထိုသူတို့နှင့်ပေါင်းဖော်ခြင်းမပြုကြနှင့်။-
7 Portanto, não participem com eles dessas coisas.
8 အကြောင်းမူကား သင်တို့သည် တစ်ချိန် တစ်ခါက မှောင်မိုက်ခြင်းအတိဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် သခင်ဘုရား၌ အလင်းဖြစ်ကြ၍ အလင်း၏သား သမီးများကဲ့သို့ ကျင့်ကြံနေထိုင်ကြလော့။-
8 Porque outrora vocês eram trevas, mas agora são luz no Senhor. Vivam como filhos da luz,
9 အကြောင်းမူကား အလင်း၏အသီးအပွင့်များကို ကောင်းမြတ်သော အရာများ၊ ဖြောင့်မတ်သောအရာများနှင့် စစ်မှန်သော အရာရှိသမျှတို့၌ တွေ့ရှိရသောကြောင့်ဖြစ်၏။-
9 pois o fruto da luz consiste em toda bondade, justiça e verdade;
10 သခင်ဘုရားနှစ်သက်တော်မူသောအရာကို ကြိုးစားသင်ယူကြလော့။-
10 e aprendam a discernir o que é agradável ao Senhor.
11 မှောင်မိုက်ထဲတွင်ရှိသောသူတို့၏အကျိုးမဲ့ သောလုပ်ရပ်များတွင် မပါဝင်ကြသည့်အပြင် ထိုအမှုများကို ဖော်ထုတ်ကြ လော့။-
11 Não participem das obras infrutíferas das trevas; antes, exponham-nas à luz.
12 အကြောင်းမူကား ဆိတ်ကွယ်ရာ၌ ထိုသူတို့ပြုမူသောအရာများကို ပြောဆိုခြင်းသည်ပင်လျှင် ရှက်ဖွယ်ကောင်း သောကြောင့်တည်း။-
12 Porque aquilo que eles fazem em oculto, até mencionar é vergonhoso.
13 သို့ရာတွင် မည်သည့်အရာမဆို အလင်းကြောင့် ထွက်ပေါ်လာသောအခါ ၎င်းသည် မြင်သာထင်ရှားလာလေ၏။ အ ကြောင်းမူကား မြင်သာထင်ရှားလာသောအရာသည် အလင်းဖြစ်သောကြောင့်တည်း။-
13 Mas, tudo o que é exposto pela luz torna-se visível, pois a luz torna visíveis todas as coisas.
14 သို့ဖြစ်၍ ကျမ်းစာ တော်မြတ်၌ ဆိုထားသည်ကား အို အိပ်ပျော်နေသောသူ၊ ထလော့။ သေသူတို့အစုမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့် မည်ဟူ၍ဖြစ်သတည်း။
14 Por isso é que foi dito: "Desperta, ó tu que dormes, levanta-te dentre os mortos e Cristo resplandecerá sobre ti".
15 သို့ဖြစ်၍ သင်တို့သည် ပညာမဲ့သူကဲ့သို့မဟုတ်ဘဲ ပညာရှိသူတို့ကဲ့သို့ ကျင့်ကြံအသက်ရှင်နိုင်ရန် သတိပြုကြလော့။-
15 Tenham cuidado com a maneira como vocês vivem; que não seja como insensatos, mas como sábios,
16 ဤနေ့ရက်ကာလသည် ဆိုးညစ်သောကာ လဖြစ်သောကြောင့် သင်တို့သည် အချိန်ကို ကောင်းစွာ အသုံးချကြလော့။-
16 aproveitando ao máximo cada oportunidade, porque os dias são maus.
17 ထို့ကြောင့် မိုက်မဲခြင်းမရှိကြလေနှင့်။ သို့သော် သခင်ဘုရား၏အလိုတော်ကိုသိနားလည်ရန် ကြိုးစားကြလော့။-
17 Portanto, não sejam insensatos, mas procurem compreender qual é a vontade do Senhor.
18 စပျစ်ရည်ကိုသောက်၍ မူးယစ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤသို့ပြုခြင်းသည် အပျော်အပါးလွန်ကြူးခြင်းပင်ဖြစ်၏။ သင်တို့သည် ဝိညာဉ်တော်နှင့်ပြည့်၀ကြ၍၊-
18 Não se embriaguem com vinho, que leva à libertinagem, mas deixem-se encher pelo Espírito,
19 ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများဖြင့် တစ်ဦးနှင့်တစ်ဦးပြောဆိုကြလျက် သင်တို့၏စိတ်နှလုံးအတွင်း မှလာသောချီးမွမ်းခြင်းဖြင့် သခင်ဘုရားကို သီဆိုကျူး အေးကြလော့။-
19 falando entre si com salmos, hinos e cânticos espirituais, cantando e louvando de coração ao Senhor,
20 အဖခမည်းတော်အား ခပ်သိမ်းသော အရာတို့အတွက် ငါတို့သခင် ယေဇူးခရစ်တော်၏နာမတော်၌ အစဉ်အမြဲကျေးဇူး တင်ချီးမွမ်းကြလော့။
20 dando graças constantemente a Deus Pai por todas as coisas, em nome de nosso Senhor Jesus Cristo.
21 ခရစ်တော်ကို ရိုသေလေးစားသောအားဖြင့် သင် တို့သည် တစ်ဦးကိုတစ်ဦး နာခံကြလော့။-
21 Sujeitem-se uns aos outros, por temor a Cristo.
22 ဇနီးမယားတို့၊ သင်တို့သည် သခင်ဘုရားကိုနာခံကြသကဲ့သို့ သင်တို့၏ ခင်ပွန်းတို့ကို နာခံကြလော့။-
22 Mulheres, sujeitem-se a seus maridos, como ao Senhor,
23 အကြောင်းမူကား ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်၏ဦးခေါင်းဖြစ်၍ မိမိကိုယ်တော်တိုင် အသင်းတော် ၏ကယ်တင်ရှင်ဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်လည်း မိမိဇနီးသည်၏ဦးခေါင်းဖြစ်၏။-
23 pois o marido é o cabeça da mulher, como também Cristo é o cabeça da igreja, que é o seu corpo, do qual ele é o Salvador.
24 အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိတို့၏ခင်ပွန်းတို့ကိုနာခံကြပါစေ။-
24 Assim como a igreja está sujeita a Cristo, também as mulheres estejam em tudo sujeitas a seus maridos.
25 ခင်ပွန်း သည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ ၎င်းအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူသကဲ့ သို့ သင်တို့သည်လည်း သင်တို့၏ဇနီးများကိုချစ်ကြလော့။-
25 Maridos, amem suas mulheres, assim como Cristo amou a igreja e entregou-se a si mesmo por ela
26 ကိုယ်တော်သည် မိမိကိုယ်ကို ထိုသို့ပူဇော်ခြင်းမှာ အသင်းတော်ကို ရေ၌ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့်လည်းကောင်း စင်ကြယ်စေခြင်းဖြင့် ၎င်းကို သန့်ရှင်းမြင့်မြတ်စေရန်ဖြစ်၏။-
26 para santificá-la, tendo-a purificado pelo lavar da água mediante a palavra,
27 ဤသို့ဖြင့် ကိုယ်တော်သည် အသင်းတော်ကို မိမိ ကိုယ်တော်တိုင်အတွက် သိမ်းပိုက်တော်မူရာတွင် ၎င်းသည် အညစ်အကြေးမရှိ၊ အစွန်းအကွက်မရှိဘဲ သန့်ရှင်း၍ အပြစ်ကင်းစင်လျက် ဂုဏ်ကျက်သရေနှင့်ပြည့်စုံနေ စေရန်ဖြစ်၏။-
27 e apresentá-la a si mesmo como igreja gloriosa, sem mancha nem ruga ou coisa semelhante, mas santa e inculpável.
28 ဤနည်းတူ ခင်ပွန်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကိုချစ်သကဲ့သို့ မိမိတို့၏ဇနီးများကိုချစ်ရမည်။ မိမိဇနီးကို ချစ်မြတ်နိုးသောသူသည် မိမိကိုယ်ကိုချစ်မြတ်နိုးသောသူဖြစ်၏။-
28 Da mesma forma, os maridos devem amar as suas mulheres como a seus próprios corpos. Quem ama sua mulher, ama a si mesmo.
29 မည်သူမျှ မိမိကိုယ်ခန္ဓာကို မုန်းသည် ဟူ၍မရှိချေ။ မမုန်းသည့်အပြင် သူသည် မိမိကိုယ်ခန္ဓာကို ကျွေးမွေးပြုစုသည်မှာ အသင်းတော်အား ခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့ဖြစ်၏။-
29 Além do mais, ninguém jamais odiou o seu próprio corpo, antes o alimenta e dele cuida, como também Cristo faz com a igreja,
30 အဘယ်ကြောင့် ဆိုသော် ငါတို့သည် ကိုယ်တော့်ခန္ဓာတော်၏ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖြစ်ကြသောကြောင့်တည်း။-
30 pois somos membros do seu corpo.
31 ဤ အကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကို စွန့်ခွာ၍ မိမိ၏ဇနီးနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သား တစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်ဟု ကျမ်းစာ တော်မြတ်တွင်ဖော်ပြထား၏။-
31 "Por essa razão, o homem deixará pai e mãe e se unirá à sua mulher, e os dois se tornarão uma só carne".
32 ဤအချက်သည် အလွန် နက်နဲသောအရာဖြစ်၍ ငါသည် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်၏။-
32 Este é um mistério profundo; refiro-me, porém, a Cristo e à igreja.
33 အချုပ်ဆိုရလျှင် သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့ သို့ မိမိ၏ဇနီးကိုချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ ခင်ပွန်းကို ရိုသေလေးစားလော့။
33 Portanto, cada um de vocês também ame a sua mulher como a si mesmo, e a mulher trate o marido com todo o respeito.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Efésios 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.