Colossenses 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သခင်တို့၊ သင်တို့တွင်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးရှိတော်မူသည်ကိုသတိရလျက် သင်တို့၏အစေခံများကို တရား သဖြင့် မျှတစွာဆက်ဆံ ကြလော့။
1 Senhores, tratem os seus servos com justiça e igualdade, sabendo que também vocês têm um Senhor no céu.
2 ဆုတောင်းခြင်းအမှု၌ ဆက်လက်၍တည်ကြည် ခိုင်မာစေပြီးလျှင် ကျေးဇူးတော်ချီးမွမ်းလျက် ထိုအမှုကို ဂရုတစိုက်ပြု လုပ်ကြလော့။-
2 Continuem a orar, vigiando em oração com ação de graças.
3 ဘုရားသခင်သည် ခရစ် တော်၏နက်နဲရာကို ငါတို့ကြေညာဟောပြောနိုင်ရန် နှုတ်တော်ထွက်စကားအတွက် အခွင့်အလမ်း ဖွင့်ပေးတော်မူမည့်အကြောင်း ငါတို့အတွက်လည်း ဆုတောင်းပေးကြပါလော့။ ငါသည် ဤတရားတော်အတွက်ကြောင့် အကျဉ်း ကျခံနေရခြင်းဖြစ်၏။-
3 Ao mesmo tempo, orem também por nós, para que Deus nos abra uma porta à palavra, a fim de falarmos do mistério de Cristo, pelo qual também estou algemado.
4 ငါသည် တရားတော်ကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ဟောပြောနိုင်ရန်လည်း ဆုတောင်းပေး ကြပါလော့။
4 Orem para que eu torne esse mistério conhecido, como me cumpre fazer.
5 သင်တို့သည် အချိန်ရှိသမျှကို ကောင်းစွာအသုံးချ ၍ မယုံကြည်သောသူတို့အား ပညာသတိဖြင့် ဆက်ဆံ ပြောဆိုကြလော့။-
5 Sejam sábios no modo de agir com os que são de fora e aproveitem bem o tempo.
6 လူတစ်ဦးစီအား သင်တို့မည်သို့ဖြေ ကြားရမည်ကို သိရှိနိုင်စေရန် သင်တို့၏စကားသည် အစဉ်အမြဲ နားဝင်ချို၍သာယာနာ ပျော်ဖွယ်ဖြစ်ပါစေ။
6 Que a palavra dita por vocês seja sempre agradável, temperada com sal, para que saibam como devem responder a cada um.
7 တိခိကုသည် ငါ၏အကြောင်းအလုံးစုံကို သင်တို့ အား ပြောပြလိမ့်မည်။ သူသည် ငါတို့ချစ်ခင်ရသောညီ အစ်ကိုတစ်ယောက် ဖြစ်၍ သခင်ဘုရား၌ သစ္စာရှိသော အမှုတော်ဆောင်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်၏။-
7 Quanto à minha situação, Tíquico, irmão amado, fiel ministro e conservo no Senhor, lhes dará todas as informações.
8 ငါတို့၏အကြောင်းကို သင်တို့သိစေရန်နှင့် သူသည် လည်း သင်တို့၏စိတ်နှလုံးကို အားပေးနှစ်သိမ့်ရန် သူ့ကို သင်တို့ထံသို့ ငါစေလွှတ်လိုက်ခြင်းဖြစ်၏။-
8 Eu o estou enviando com o expresso propósito de lhes dar conhecimento da nossa situação e de alentar o coração de vocês.
9 ငါသည် သူ နှင့် အတူ အိုနေးစိမုကိုလည်း စေလွှတ်လိုက်မည်။ ထိုသူ သည်လည်း သစ္စာရှိ၍ ငါတို့ချစ်ခင်ရသောညီအစ်ကိုတစ် ဦးဖြစ်ပြီး သင်တို့အထဲမှတစ်ဦးလည်းဖြစ်၏။ သူတို့သည် ဤအရပ်တွင်ဖြစ်ပျက်သမျှကို သင်တို့အား ပြောပြကြ လိမ့်မည်။
9 Com ele estou enviando Onésimo, o fiel e amado irmão, que é da igreja de vocês. Eles contarão a vocês tudo o que está acontecendo aqui.
10 ငါနှင့်အတူ အကျဉ်းကျခံနေရသူ အာရစ္စတာကုနှင့် ဘာနဘ၏ညီဝမ်းကွဲတော်သူ မာကုတို့ကလည်း သင်တို့ကို နှုတ်ဆက် လိုက်ကြပါ၏။ မာကု၏အကြောင်းကို သင်တို့အား ငါမှာကြားထားပြီးဖြစ်၏။ သင်တို့ထံသို့ သူရောက်လာသောအခါ သူ့ကို လက်ခံကြိုဆိုကြလော့။-
10 Aristarco, que está preso comigo, manda saudações; e também Marcos, primo de Barnabé. A respeito dele vocês já receberam instruções; se ele for até aí, recebam-no bem.
11 ဂျုစတုဟုခေါ်သောယေဇုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်သော သူများထဲတွင် ဤသူတို့သာလျှင် အရေဖျားလှီးခြင်းခံသောသူများဖြစ်ကြပြီး သူတို့သည် ငါ့အတွက် နှစ်သိမ့်ရာ ဖြစ်ခဲ့ကြ၏။-
11 Também Jesus, conhecido por Justo, manda saudações. Estes são os únicos da circuncisão que cooperam pessoalmente comigo pelo Reino de Deus. Eles têm sido o meu consolo.
12 ယေဇူးခရစ် တော်၏အမှုတော်ဆောင်ဖြစ်၍ သင်တို့အထဲမှ တစ်ဦး ဖြစ်သော ဧပါဖရကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ ၏။ သင်တို့သည် ရင့်ကျက်စွာ ရပ်တည်၍ ဘုရားသခင် ၏အလိုတော်၌ အရာအားလုံးကို အပြည့်အဝလိုက်နာ ဆောင်ရွက်နိုင်ကြ မည့်အကြောင်း သူသည် အစဉ်အမြဲ စိတ်အားထက်သန်စွာ သတိရဆုတောင်းပေးလျက်ရှိ၏။-
12 Epafras, que é da igreja de vocês, manda saudações. Ele é um servo de Cristo Jesus que está sempre lutando por vocês em oração, para que vocês se conservem maduros e plenamente convictos em toda a vontade de Deus.
13 အကြောင်းမူကား သူသည် သင်တို့အတွက်လည်း ကောင်း၊ လာအိုဒိစိယနှင့် ဟေရာပိုလိမြို့များ၌ရှိကြသော သူတို့အတွက် လည်းကောင်း ပင်ပန်းစွာ လုပ်ကိုင်ခဲ့ ကြောင်း ငါသက်သေခံပါ၏။-
13 E posso testemunhar a respeito de Epafras de que muito se empenha por vocês, pelos de Laodiceia e pelos de Hierápolis.
14 ချစ်ခင်လေးစားအပ်သော ဆေးဆရာ လုကာနှင့် ဒေမတ်တို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
14 Lucas, o médico amado, e também Demas mandam saudações.
15 လာအိုဒိစိယမြို့ရှိ ညီအစ်ကိုတို့အားလည်းကောင်း၊ နမ်ဖနှင့် သူမ၏အိမ်တွင် စုဝေးသောအသင်းတော်ကို လည်းကောင်း ငါနှုတ်ဆက်လိုက်ကြောင်း ပြောကြားပေး ပါလော့။-
15 Saúdem os irmãos de Laodiceia, bem como Ninfa e a igreja que se reúne na casa dela.
16 ဤစာကို သင်တို့အကြားတွင် ဖတ်ကြားပြီး သောအခါ လာအိုဒိစိယမြို့ မှအသင်းတော်ကိုလည်း ဖတ် ကြားစေကြလော့။ သင်တို့သည်လည်း လာအိုဒိစိယမြို့၏အသင်းတော်ထံမှရသောစာကိုလည်း ဖတ်ရှုကြလော့။-
16 E, depois que esta carta tiver sido lida entre vocês, façam com que seja lida também na igreja dos laodicenses. E vocês, leiam também a carta que vier de Laodiceia.
17 အာခီပုကိုလည်း သခင်ဘုရား၌ သင်ရရှိသော အမှုတော်ကို ပြီးဆုံးသည်အထိ ထမ်းဆောင်ပါဟု ပြော ကြားပေးပါလော့။
17 E digam a Arquipo: “Atente para o ministério que você recebeu no Senhor, cumprindo bem a sua tarefa.”
18 ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက် ဖြင့် ကိုယ်တိုင်ရေးသားလိုက်ပါ၏။ ငါ့အားချုပ်နှောင်ထားလျက်ရှိသည်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့် အတူရှိပါစေသော်။ အာမင်။
18 A saudação é de próprio punho: Paulo. Lembrem-se das minhas algemas. A graça esteja com vocês.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.