Colossenses 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 သင်တို့သည် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခဲ့ကြသည်ဖြစ်၍ ဘုရားသခင်၏လက် ယာတော်ဘက်၌ ထိုင်နေတော် မူသော ခရစ်တော်ရှိရာ အထက်အရပ်နှင့်ဆိုင်သည့်အရာများကို ရှာဖွေရယူကြ လော့။-
1 Vocês foram ressuscitados com Cristo. Portanto, ponham o seu interesse nas coisas que são do céu, onde Cristo está sentado ao lado direito de Deus.
2 သင်တို့သည် မြေကြီးပေါ်၌ရှိသောအရာတို့ကို စွဲလမ်းခြင်းမရှိဘဲ အထက်အရပ်၌ရှိသောအရာတို့ကို သာ စွဲလမ်းကြလော့။-
2 Pensem nas coisas lá do alto e não nas que são aqui da terra.
3 အကြောင်းမူကား သင်တို့သည် သေဆုံးခဲ့ကြပြီဖြစ်၍ သင်တို့၏အသက်တာသည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ကွယ်လျက်ရှိသော ကြောင့်တည်း။-
3 Porque vocês já morreram, e a vida de vocês está escondida com Cristo, que está unido com Deus.
4 သင်တို့၏အသက်တာတည်းဟူသော ခရစ်တော်ထင်ရှားပြတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းဂုဏ်တော်၌ထင်ရှား ကြလိမ့်မည်။
4 Cristo é a verdadeira vida de vocês, e, quando ele aparecer, vocês aparecerão com ele e tomarão parte na sua glória .
5 ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ပြုကျင့်ခြင်း၊ အာရုံခံစားမှုကိုတပ်မက်ခြင်း၊ မကောင်းမှု ပြုရန် တမ်းတ ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့်မခြားသည့် လောဘလွန်ကြူးခြင်းစသော သင်တို့၌ရှိသည့် လောက နှင့်ဆိုင်သောအရာများကို ချုပ်ငြိမ်းစေကြလော့။-
5 Portanto, matem os desejos deste mundo que agem em vocês, isto é, a imoralidade sexual, a indecência, as paixões más, os maus desejos e a cobiça, porque a cobiça é um tipo de idolatria.
6 ဤ အရာများအတွက် ဘုရားသခင်၏အမျက်တော်သည် နာခံခြင်းမရှိသောသူတို့အပေါ်သို့ ကျရောက်လိမ့်မည်။-
6 Pois é por causa dessas coisas que o castigo de Deus cairá sobre os que não lhe obedecem.
7 သင်တို့သည် တစ်ချိန်က ထိုသူတို့နှင့်အတူနေထိုင်ခဲ့ကြပြီး ဤမကောင်းမှုများကို ပြုကျင့်ခဲ့ကြ၏။- ၈ ။ သို့သော် ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီး ခြင်း၊ ရန်လိုမုန်းတီးခြင်း၊ သူတစ်ပါး၏အသရေကိုဖျက် ခြင်း၊ ညစ်ညမ်းသောစကားကိုပြောဆိုခြင်း စသည့်အရာ အားလုံးကို စွန့်ပယ်ကြလော့။-
7 Antigamente a vida de vocês era dominada por esses desejos, e vocês viviam de acordo com eles.
8 — ausente —
8 Mas agora livrem-se de tudo isto: da raiva, da paixão e dos sentimentos de ódio. E que não saia da boca de vocês nenhum insulto e nenhuma conversa indecente.
9 သင်တို့တစ်ဦးနှင့်တစ်ဦး မုသားစကားမပြောဆိုကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းဘ၀၏အကျင့်ဆိုးကို ယင်း၏အပြု အမူများနှင့်အတူတကွ ချွတ်ခွာပစ်ခဲ့ကြပြီး၊-
9 Não mintam uns para os outros, pois vocês já deixaram de lado a natureza velha com os seus costumes
10 ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်တော်အတိုင်း အသိပညာ၌ အသစ်ပြုပြင်ထားသောလူသစ်ဘ၀ကို သင်တို့ ဆင်မြန်းထားကြလေပြီ။-
10 e se vestiram com uma nova natureza. Essa natureza é a nova pessoa que Deus, o seu criador, está sempre renovando para que ela se torne parecida com ele, a fim de fazer com que vocês o conheçam completamente.
11 သို့ဖြစ်၍ ဂရိလူမျိုးနှင့် ဂျူးလူမျိုး၊ အရေဖျားလှီးခြင်းခံရသူနှင့်မခံရသူ၊ ယဉ်ကျေးသူနှင့်ရိုင်းစိုင်းသူ၊ ကျေးကျွန်နှင့် လွတ်လပ် သူဟူ၍ မရှိနိုင်တော့ချေ။ ခရစ်တော်သည် ထိုသူအားလုံးတို့နှင့်သက်ဆိုင်ပြီး ထိုသူအားလုံးတို့၌လည်း ကိန်းဝပ် တော်မူ၏။
11 Como resultado disso, já não existem mais judeus e não judeus, circuncidados e não circuncidados, não civilizados, selvagens, escravos ou pessoas livres, mas Cristo é tudo e está em todos.
12 ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက် ထားသောသူများဖြစ်၍ ကိုယ်တော်ချစ်မြတ်နိုးတော်မူ သော သန့်ရှင်းသူ များဖြစ်ကြသည့်အလျောက် ကရုဏာထားခြင်း၊ ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် စိတ်ရှည်သည်းခံခြင်း စသည် တို့ကို ကျင့်ကြံကြလော့။-
12 Vocês são o povo de Deus. Ele os amou e os escolheu para serem dele. Portanto, vistam-se de misericórdia, de bondade, de humildade, de delicadeza e de paciência.
13 လူတစ်ဦးသည် အခြားတစ်ဦးအပေါ် အပြစ်တင်စရာရှိ လျှင်လည်း တစ်ဦးကိုတစ်ဦးသည်းခံလျက် ခွင့်လွှတ်ကြလော့။ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်တော်မူခဲ့ သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ် ကြရမည်။-
13 Não fiquem irritados uns com os outros e perdoem uns aos outros, caso alguém tenha alguma queixa contra outra pessoa. Assim como o Senhor perdoou vocês, perdoem uns aos outros.
14 အထူးသဖြင့် ခပ်သိမ်းသောအရာတို့ကို လုံးလုံးလျားလျားသင့်မြတ်စေခြင်းဖြင့် ပေါင်းစည်းပေးသော ချစ်ခြင်းမေတ္တာ ကိုလည်း စွဲကိုင်ထားကြလော့။-
14 E, acima de tudo, tenham amor, pois o amor une perfeitamente todas as coisas.
15 ခရစ် တော်ပေးသောငြိမ်းချမ်းသာယာခြင်းသည်လည်း သင် တို့၏စိတ်နှလုံးများ၌ အုပ်စိုးလျက်ရှိပါစေ။ အကြောင်း မူကား ဤငြိမ်းချမ်းသာယာခြင်းအတွက်ပင် သင်တို့ကို ခန္ဓာကိုယ်တစ်ခုတည်းသို့ အတူတကွခေါ်ဆောင်ထား ခြင်းဖြစ်၏။ ထို့ကြောင့် အစဉ်အမြဲကျေးဇူးသိတတ်ကြလော့။-
15 E que a paz que Cristo dá dirija vocês nas suas decisões, pois foi para essa paz que Deus os chamou a fim de formarem um só corpo. E sejam agradecidos.
16 သင်တို့သည် အချင်းချင်း ပညာဉာဏ်ရှိသမျှ သွန် သင်ဆုံးမကြရာတွင်လည်းကောင်း၊ ဘုရားသခင်အား ရည်စူး၍ သင်တို့၏စိတ်နှလုံးထဲ၌ ကျေးဇူးတင်လိုသော စိတ်ဖြင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေး ဆိုင်ရာသီချင်းများကို သီဆိုကြရာတွင်လည်းကောင်း ခရစ်တော်၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ကြွယ်၀စွာတည်နေတော်မူပါစေ။-
16 Que a mensagem de Cristo, com toda a sua riqueza, viva no coração de vocês! Ensinem e instruam uns aos outros com toda a sabedoria. Cantem salmos, hinos e canções espirituais; louvem a Deus, com gratidão no coração.
17 နှုတ်အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ သင်တို့ပြုလုပ်သမျှအရာတို့ကို ယေဇူးသခင်၏နာမတော်၌ပြုလုပ်ကြ၍ ကိုယ်တော်အား ဖြင့် အဖဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။
17 E tudo o que vocês fizerem ou disserem, façam em nome do Senhor Jesus e por meio dele agradeçam a Deus, o Pai.
18 ဇနီးသည်တို့၊ သင်တို့၏ခင်ပွန်းသည်တို့ကို နာခံကြ လော့။ ဤသို့ပြုမူခြင်းသည် သခင်ဘုရားနှစ်သက်သော အမှုဖြစ်၏။-
18 Esposa, obedeça ao seu marido, pois é o que você deve fazer por ser cristã.
19 ခင်ပွန်းသည်တို့၊ သင်တို့၏ဇနီးသည်တို့ကို ချစ်ကြလော့။ သူတို့အား ကြမ်းတမ်းစွာမဆက်ဆံကြ နှင့်။-
19 Marido, ame a sua esposa e não seja grosseiro com ela.
20 ချစ်သားသမီးတို့၊ အရာရာ၌ သင်တို့မိဘများ၏ စကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤသို့ ပြုလုပ်ခြင်းကို သခင်ဘုရားနှစ်သက်တော်မူ၏။-
20 Filhos, o dever cristão de vocês é obedecer sempre ao seu pai e à sua mãe porque Deus gosta disso.
21 ဖခင်များတို့၊ သင်တို့၏သားသမီးများကို စိတ်မသာမယာ မဖြစ်စေကြနှင့်။ ဤသို့ပြုလျှင် သူတို့သည် စိတ်ပျက်အား ငယ်ကြလိမ့်မည်။-
21 Pais, não irritem os seus filhos, para que eles não fiquem desanimados.
22 အစေခံတို့၊ သင်တို့ပြုလုပ်သမျှသော အရာတို့၌ ဤလောကရှိ သင်တို့၏သခင်များကို နာခံကြ လော့။ နာခံရာတွင်လည်း လူတို့နှစ်သက်စေရန်ပြုလုပ် သကဲ့သို့ မျက်စိရှေ့မှောက်၌သာ နာခံခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေလျက် စိတ်ပါလက်ပါ နာခံကြလော့။-
22 Escravos, em tudo obedeçam àqueles que são seus donos aqui na terra. Não obedeçam só quando eles estiverem vendo vocês, procurando com isso conseguir a aprovação deles. Mas obedeçam com sinceridade, por causa do temor que vocês têm pelo Senhor.
23 လူတို့ကိုအစေခံခြင်းမဟုတ်ဘဲ ဘုရား သခင်ကို အစေခံသကဲ့သို့ သင်တို့ပြုလုပ်သမျှအရာတိုင်း ၌ စိတ်အားထက်သန်စွာ ဆောင်ရွက်ကြလော့။-
23 O que vocês fizerem façam de todo o coração, como se estivessem servindo o Senhor e não as pessoas.
24 သင်တို့သည် ဘုရားသခင်ထံမှ အမွေတော်ကို သင်တို့၏ဆု လာဘ်အဖြစ်ရရှိမည်ဖြစ်ကြောင်း သိထားကြလော့။ သင်တို့သည် သခင်ခရစ်တော်ကိုအစေခံနေကြခြင်းဖြစ်၏။-
24 Lembrem que o Senhor lhes dará como recompensa aquilo que ele tem guardado para o seu povo, pois o verdadeiro Senhor que vocês servem é Cristo.
25 အကြောင်းမူကား မကောင်းမှုကိုပြုသောသူသည် မိမိပြုလုပ်ခဲ့သောမကောင်းမှုအတွက် အပြစ်ဒဏ်ခံရလိမ့် မည်ဖြစ်၍မျက် နှာလိုက်ခြင်းလည်း ရှိလိမ့်မည်မဟုတ် ပေ။
25 E quem faz o mal, seja quem for, pagará pelo mal que faz. Pois, quando Deus julga, ele não faz diferença entre pessoas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.