Apocalipse 16

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံက သွားကြလော့၊ ဘုရားသခင်၏ အမျက်တော်ဖလားများကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချကြလော့ဟု ကောင်းကင်တမန်တော်ခုနစ်ပါးအား အမိန့်ပေးသည်ကို ငါကြားရ၏။
1 Então ouvi uma forte voz que vinha do santuário dizendo aos sete anjos: "Vão derramar sobre a terra as sete taças da ira de Deus".
2 သို့ဖြစ်၍ ပထမကောင်းကင်တမန်တော်သည် သွား၍မိမိ၏ဖလားကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချလိုက်သောအခါ သတ္တဝါကြီး၏ အမှတ်တံဆိပ်ကို ဆောင်သောသူများနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်သောသူတို့၌ စက်ဆုပ်ဖွယ်ရာ ဆိုးဝါးသော အနာစိမ်းများ ဖြစ်ပေါ်လာလေ၏။
2 O primeiro anjo foi e derramou a sua taça pela terra, e abriram-se feridas malignas e dolorosas naqueles que tinham a marca da besta e adoravam a sua imagem.
3 ဒုတိယကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ပင်လယ်ထဲသို့ သွန်ချလိုက်သောအခါ ပင်လယ်ရေသည် လူသေ၏ သွေးကဲ့သို့ဖြစ်လာ၍ ပင်လယ်တွင်ရှိ သောသက်ရှိသတ္တဝါအားလုံးသေဆုံးကြကုန်၏။
3 O segundo anjo derramou a sua taça no mar, e este se transformou em sangue como de um morto, e morreu toda criatura que vivia no mar.
4 တတိယကောင်းကင်တမန်တော်သည်လည်း မိမိ၏ဖလားကို မြစ်များနှင့် စမ်းရေအိုင်များအတွင်းသို့ သွန်ချလိုက်သောအခါ ရေတို့သည် သွေးဖြစ်သွားလေ၏။-
4 O terceiro anjo derramou a sua taça nos rios e nas fontes de águas, e eles se transformaram em sangue.
5 ထိုအခါ ရေကိုအစိုးရသော ကောင်းကင်တမန်တော်က ပစ္စုပ္ပန်နှင့်အတိတ်ကာလတို့တွင် အစဉ်တည်ရှိတော်မူသည့် အိုသန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ဘုရား၊ ကိုယ်တော်သည် ဤတရားစီရင်ချက်တို့၌ ဖြောင့်မတ်မှန်ကန်တော်မူပေ၏။-
5 Então ouvi o anjo que tem autoridade sobre as águas dizer: "Tu és justo, tu, o Santo, que és e que eras, porque julgaste estas coisas;
6 အကြောင်းမူကား လူတို့သည် သူတော်သူမြတ်များနှင့် ပရောဖက်တို့ကို သွေးမြေကျစေသဖြင့် ကိုယ်တော်သည် ထိုသူတို့သောက်ရန် သွေးကိုပေးတော်မူ၏။ ဤသည်ကား သူတို့နှင့်ထိုက်တန်သော အပြစ်ဒဏ်ပေတည်းဟု မြွက်ဆိုသည်ကို ငါကြားရ၏။-
6 pois eles derramaram o sangue dos teus santos e dos teus profetas, e tu lhes deste sangue para beber, como eles merecem".
7 ထို့နောက် ယဇ်ပလ္လင်တော်က မှန်ပါ၏၊ အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားစီရင်ချက်တို့သည် မှန်ကန်၍ တရားမျှတတော်မူပါ၏ဟူ၍ ကြွေးကြော်သည်ကို ငါကြားရ၏။
7 E ouvi o altar responder: "Sim, Senhor Deus todo-poderoso, verdadeiros e justos são os teus juízos".
8 စတုတ္ထကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို နေပေါ်သို့သွန်ချသဖြင့် နေသည် လူတို့ကို မီးအပူရှိန်ဖြင့် လောင်စေသော အခွင့်ကိုရလေ၏။-
8 O quarto anjo derramou a sua taça no sol, e foi dado poder ao sol para queimar os homens com fogo.
9 လူတို့သည် ပြင်းထန်သော အပူရှိန်ဖြင့်လောင်ကျွမ်းခြင်း ခံရသောကြောင့် ဤဘေးဒုက္ခတို့ကို အစိုးရတော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မယူ၊ ဂုဏ်တော်ကိုလည်း မချီးမွမ်းကြပေ။
9 Estes foram queimados pelo forte calor e amaldiçoaram o nome de Deus, que tem domínio sobre estas pragas; contudo se recusaram a se arrepender e a glorificá-lo.
10 ပဉ္စမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို သတ္တဝါကြီး၏ပလ္လင်ပေါ်သို့ သွန်ချလိုက်သောအခါ ၎င်း၏နိုင်ငံသည် အမှောင်အတိဖြစ်သွားလေ၏။ လူတို့သည် ဝေဒနာပြင်းထန်စွာ ခံစားရသောကြောင့် မိမိတို့၏လျှာကို ကိုက်မိကြပြီး၊-
10 O quinto anjo derramou a sua taça sobre o trono da besta, cujo reino ficou em trevas. De tanta agonia, os homens mordiam a própria língua,
11 မိမိတို့ခံစားရသောဝေဒနာနှင့် အနာစိမ်းများအတွက် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့သော် သူတို့သည် မိမိတို့ပြုလုပ်ခဲ့သမျှသော အပြစ်ဒုစရိုက်တို့အတွက် နောင်တမရကြပေ။
11 e blasfemavam contra o Deus do céu, por causa das suas dores e das suas feridas; contudo, recusaram-se a arrepender-se das obras que haviam praticado.
12 ဆဋ္ဌမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ယူဖရေးတီးမြစ်ကြီးပေါ်သို့ သွန်ချလိုက်သောအခါ အရှေ့တိုင်းမှ ဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးခြင်းငှာ မြစ်ရေသည် ခန်းခြောက်သွားလေ၏။-
12 O sexto anjo derramou a sua taça sobre o grande rio Eufrates, e secaram-se as suas águas para que fosse preparado o caminho para os reis que vêm do Oriente.
13 ထို့နောက် နဂါးကြီး၏ ခံတွင်းမှလည်းကောင်း၊ သတ္တဝါကြီး၏ ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်တို့၏ ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့်ညစ်ညူးသောနတ်ဆိုး သုံးကောင်ထွက်လာသည်ကို ငါမြင်ရ၏။-
13 Então vi saírem da boca do dragão, da boca da besta e da boca do falso profeta três espíritos imundos semelhantes a rãs.
14 သူတို့သည် မိစ္ဆာနတ်ဆိုးများဖြစ်ကြသောကြောင့် နိမိတ်လက္ခဏာများကိုပြသကာ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ နေ့တော်၌ စစ်ခင်းရန် ကမ္ဘာအရပ်ရပ်ရှိဘုရင်များထံသို့ သွား၍ စည်းရုံးကြ၏။-
14 São espíritos de demônios que realizam sinais miraculosos; eles vão aos reis de todo o mundo, a fim de reuni-los para a batalha do grande dia do Deus todo-poderoso.
15 ကြည့်လော့၊ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်အချည်းစည်းနှင့် သွားလာ၍ လူတို့၏ရှေ့၌ အရှက်မရစေခြင်းငှာ မိမိ၏အဝတ်များကို အသင့်ကိုင်ဆောင်လျက် နိုးကြားစွာစောင့်နေသောသူသည် မင်္ဂလာရှိ၏။-
15 "Eis que venho como ladrão! Feliz aquele que permanece vigilante e conserva consigo as suas vestes, para que não ande nu e não seja vista a sua vergonha".
16 ထို့နောက် နတ်ဆိုးတို့သည် ဘုရင်တို့အား ဟေဗြေဦးဘာသာစကားဖြင့် အာမဂက်ဒွန်ဟုခေါ်တွင်သော အရပ်၌ စုဝေးစေကြ၏။
16 Então os três espíritos os reuniram no lugar que, em hebraico, é chamado Armagedom.
17 သတ္တမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို လေထဲသို့သွန်ချလိုက်သောအခါ ဗိမာန်တော်နှင့် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာ၍ ဆိုသည်မှာ ဤအမှုအရာ ပြီးဆုံးလေပြီ ဟူ၍ဖြစ်သတည်း။-
17 O sétimo anjo derramou a sua taça no ar, e do santuário saiu uma forte voz que vinha do trono, dizendo: "Está feito! "
18 ထိုအခါ လျှပ်စီးလက်ခြင်း၊ ကျယ်လောင်သော အသံများထွက်ပေါ်လာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် ပြင်းထန်သော ငလျင်လှုပ်ခြင်းများဖြစ်ပေါ်လာ၏။ ငလျင်လှုပ်ခြင်းမှာလည်း ပြင်းထန်လှသဖြင့် ဤမျှပြင်းထန်သော ငလျင်မျိုးကို လူ့သမိုင်းတွင် တစ်ခါမျှမကြုံဖူးချေ။
18 Houve, então, relâmpagos, vozes, trovões e um forte terremoto. Nunca havia ocorrido um terremoto tão forte como esse desde que o homem existe sobre a terra.
19 မြို့တော်ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံများ၏ မြို့တော်တို့သည်လည်း ပျက်စီးကြကုန်၏။ ထို့နောက် ဘုရားသခင်သည် ဘာဘီလွန်မြို့ကြီးကို သတိရသဖြင့် ၎င်းအား မိမိ၏ပြင်းထန်သော အမျက်တော်ဖလားကို ကုန်စင်အောင် သောက်စေတော်မူ၏။-
19 A grande cidade foi fracionada em três partes, e as cidades das nações se desmoronaram. Deus lembrou-se da grande Babilônia e lhe deu o cálice do vinho do furor da sua ira.
20 ကျွန်းရှိသမျှတို့သည် ပျောက်ကွယ်သွားကြပြီး တောင်တန်းများကိုလည်း မတွေ့ရတော့ပေ။-
20 Todas as ilhas fugiram, e as montanhas desapareceram.
21 ပေါင်ချိန်တစ်ရာကျော်လေးသော မိုးသီးကြီးများသည်လည်း ကောင်းကင်မှ လူတို့အပေါ်သို့ ကျလာလေ၏။ ထိုဘေးဒုက္ခကြီးသည် ဆိုးရွားပြင်းထန်လွန်းလှသောကြောင့် လူတို့သည် ဘုရားသခင်ကို ထိခိုက်ကျိန်ဆဲကြကုန်၏။
21 Caíram sobre os homens, vindas do céu, enormes pedras de granizo, de cerca de trinta e cinco quilos cada; eles blasfemaram contra Deus por causa do granizo, pois a praga fora terrível.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.