Apocalipse 12

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ထိုအခါ ကောင်းကင်ယံ၌ ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ပေါ်ထွန်းလေ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်ထားပြီး လကိုခြေဖြင့်နင်းလျက် ဦးခေါင်းပေါ်တွင်လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထားလေ၏။-
1 Apareceu em seguida um grande sinal no céu: uma Mulher revestida do sol, a lua debaixo dos seus pés e na cabeça uma coroa de doze estrelas.
2 သူမ၌ ပဋိသန္ဓေရှိပြီး သားဖွားအံ့ဆဲဆဲဖြစ်၍ သူမသည် သားဖွားခြင်းဝေဒနာဖြင့် အော်ဟစ်နေ၏။-
2 Estava grávida e gritava de dores, sentindo as angústias de dar à luz.
3 ထိုအခါ ကောင်းကင်ယံတွင် အခြားသော နိမိတ်လက္ခဏာတစ်ခု ပေါ်လာပြန်၏။ ထိုအရာသည်ကား နီရဲသောနဂါးကြီးဖြစ်ပြီး ၎င်း၌ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ဦးခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထား၏။-
3 Depois apareceu outro sinal no céu: um grande Dragão vermelho, com sete cabeças e dez chifres, e nas cabeças sete coroas.
4 သူ၏အမြီးသည် ကောင်းကင်မှကြယ်သုံးပုံတစ်ပုံကို ဆွဲယူပြီးလျှင် ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်လေ၏။ ထို့နောက် နဂါးကြီးသည် သားဖွားအံ့ဆဲဆဲဖြစ်သော အမျိုးသမီးရှေ့တွင်ရပ်လျက် သူမထံမှ ဖွားမြင်လတ္တံ့သော သားငယ်ကို ဝါးမျိုရန် စောင့်နေလေ၏။-
4 Varria com sua cauda uma terça parte das estrelas do céu, e as atirou à terra. Esse Dragão deteve-se diante da Mulher que estava para dar à luz, a fim de que, quando ela desse à luz, lhe devorasse o filho.
5 ထိုအခါ သူမသည် လူမျိုးအပေါင်းတို့အား သံတောင်ဝှေးဖြင့် အုပ်စိုးမည့်သားယောက်ျားကို ဖွားမြင်လေ၏။ သူမ၏သားငယ်သည် ဘုရားသခင်နှင့် သူ၏ပလ္လင်တော်ထံသို့ ယူဆောင်သွားခြင်းခံရပြီး၊-
5 Ela deu à luz um Filho, um menino, aquele que deve reger todas as nações pagãs com cetro de ferro. Mas seu Filho foi arrebatado para junto de Deus e do seu trono.
6 ထိုအမျိုးသမီးသည်လည်း သူမအတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူရာအရပ်ဖြစ်သော တောကန္တာရသို့ ထွက်ပြေးသွား လေ၏။ သူမသည် ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်တိုင်တိုင် ကျွေးမွေးပြုစုခြင်း ခံရမည်ဖြစ်၏။
6 A Mulher fugiu então para o deserto, onde Deus lhe tinha preparado um retiro para aí ser sustentada por mil duzentos e sessenta dias.
7 ဤတွင် ကောင်းကင်၌ စစ်ကြီးဖြစ်လေရာ မီကာအဲလ်နှင့် သူ၏ကောင်းကင်တမန်တော်များသည် နဂါးကြီးကို တိုက်ခိုက်ကြ၏။ နဂါးကြီးနှင့် သူ၏တမန်များကလည်း ပြန်လည်တိုက်ခိုက်ကြလေ၏။-
7 Houve uma batalha no céu. Miguel e seus anjos tiveram de combater o Dragão. O Dragão e seus anjos travaram combate,
8 သို့ရာတွင် သူတို့သည် စစ်ရှုံးသောကြောင့် ကောင်းကင်ဘုံ၌ သူတို့အတွက် နေရာမရှိတော့ပေ။-
8 mas não prevaleceram. E já não houve lugar no céu para eles.
9 ထိုအခါ ကမ္ဘာတစ်ခုလုံးကို လှည့်စားပြီး စာတန်နတ်ဆိုးဟုခေါ်တွင်သော ရှေးမြွေနဂါးဖြစ်သည့် နဂါးကြီးသည် မိမိ၏ တမန်များနှင့်အတူ မြေပေါ်သို့ပစ်ချခြင်းကို ခံရလေ၏။-
9 Foi então precipitado o grande Dragão, a primitiva Serpente, chamado Demônio e Satanás, o sedutor do mundo inteiro. Foi precipitado na terra, e com ele os seus anjos.
10 ထို့နောက် ကောင်းကင်မှကျယ်သောအသံကို ငါကြားရ၍ ၎င်းကဆိုသည်ကား ကယ်တင်တော်မူခြင်း၊ ဘုန်းတန်ခိုးတော်၊ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့်အတူ ကိုယ်တော့်ခရစ်တော်၏ အာဏာတော်သည် ယခုရောက်ရှိလာလေပြီ။ အကြောင်း မူကား ငါတို့၏ညီအစ်ကိုများကို နေ့ညမပြတ် ဘုရားသခင်၏ရှေ့တော်၌ စွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။-
10 Eu ouvi no céu uma voz forte que dizia: Agora chegou a salvação, o poder e a realeza de nosso Deus, assim como a autoridade de seu Cristo, porque foi precipitado o acusador de nossos irmãos, que os acusava, dia e noite, diante do nosso Deus.
11 ညီအစ်ကိုတို့သည် သိုးငယ်တော်၏ အသွေးတော်နှင့် မိမိတို့သက်သေခံသော နှုတ်တော်ထွက်စကားအားဖြင့် စာတန်နတ်ဆိုးကို အောင်နိုင်ခဲ့ကြပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသက်စွန့်ရသည့်တိုင်အောင် မိမိတို့၏ အသက်များကို မနှမြောကြချေ။-
11 Mas estes venceram-no por causa do sangue do Cordeiro e de seu eloqüente testemunho. Desprezaram a vida até aceitar a morte.
12 သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌ရှိသော သူအပေါင်းတို့၊ ဝမ်းမြောက်ကြပါလော့။ မြေကြီးနှင့်ပင်လယ်ပြင်တို့၊ သင်တို့မူကား အမင်္ဂလာရှိ၏။ နတ်ဆိုးသည် ကြီးစွာသော အမျက်ဒေါသနှင့် သင်တို့ထံသို့ ဆင်းလာလေပြီ။ အကြောင်းမူကား သူ၏အချိန်သည် တိုတောင်းလှသည်ကို သူသိ၏ ဟူ၍ဖြစ်သတည်း။
12 Por isso alegrai-vos, ó céus, e todos que aí habitais. Mas, ó terra e mar, cuidado! Porque o Demônio desceu para vós, cheio de grande ira, sabendo que pouco tempo lhe resta.
13 နဂါးကြီးသည် မိမိအား ကမ္ဘာမြေပြင်ပေါ်သို့ ပစ်ချကြောင်းကို သိမြင်သောအခါ သားယောက်ျားကို ဖွားမြင်သော အမျိုးသမီးအား လိုက်ရှာလေ၏။-
13 O Dragão, vendo que fora precipitado na terra, perseguiu a Mulher que dera à luz o Menino.
14 သို့သော် ထိုအမျိုးသမီးသည် နဂါးကြီးထံမှ တောကန္တာရသို့ ပျံသန်းထွက်ပြေးနိုင်ရန်အလို့ငှာ ကြီးမားသော လင်းယုန်ငှက် ၏ အတောင်နှစ်ခုကို ပေးအပ်ခြင်းခံရ၏။ ထိုအရပ်တွင် သူမသည် ကာလတစ်ခု၊ ကာလနှစ်ခုနှင့် ကာလဝက်တိုင်အောင် ကျွေးမွေးပြုစုခြင်းခံရမည်ဖြစ်၏။-
14 Mas à Mulher foram dadas duas asas de grande águia, a fim de voar para o deserto, para o lugar de seu retiro, onde é alimentada por um tempo, dois tempos e a metade de um tempo, fora do alcance da cabeça da Serpente.
15 နဂါးကြီးသည် ထိုအမျိုးသမီးကို ရေစီးဖြင့်မျောပါသွားစေခြင်းငှာ မိမိ၏ခံတွင်းမှ မြစ်ရေကဲ့သို့သောရေထုကြီးကို သူမရှိရာသို့ မှုတ်ထုတ်လိုက်၏။-
15 A Serpente vomitou contra a Mulher um rio de água, para fazê-la submergir.
16 သို့သော် ကမ္ဘာမြေကြီးသည် မိမိ၏ခံတွင်းကို ဖွင့်ဟ၍ နဂါးကြီး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သော မြစ်ရေကို မျိုချခြင်း အားဖြင့် သူမကို ကူညီလေ၏။-
16 A terra, porém, acudiu à Mulher, abrindo a boca para engolir o rio que o Dragão vomitara.
17 ထိုအခါ နဂါးကြီးသည် အမျိုးသမီးအပေါ် အမျက်ထွက်၍ သူမထံမှဆင်းသက်သည့် ကျန်ရှိနေသော အမျိုးအနွယ်ကို လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာသော သူတို့အားလည်းကောင်း၊ ယေဇူးကို သက်သေခံသော သူတို့အားလည်းကောင်း တိုက်ခိုက်ရန် ထွက်ခွာသွားလေ၏။
17 Este, então, se irritou contra a Mulher e foi fazer guerra ao resto de sua descendência, aos que guardam os mandamentos de Deus e têm o testemunho de Jesus.
18 ထို့နောက် နဂါးကြီးသည် ပင်လယ်ကမ်းခြေရှိသဲ သောင်ပြင်ပေါ်တွင် မတ်တတ်ရပ်နေလေ၏။
18 E ele se estabeleceu na praia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.