Apocalipse 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကိုလွှမ်းခြုံလျက် ဦးခေါင်းပေါ်တွင် သက်တန့်ရှိပြီး သူ၏မျက်နှာမှာ နေမင်းကဲ့သို့လည်းကောင်း၊ သူ၏ခြေတို့မှာမူ မီးရှူးတိုင်များ ကဲ့သို့လည်းကောင်း ဖြစ်လေ၏။-
1 Vi outro anjo forte descendo do céu, envolto em nuvem, com o arco-íris por cima de sua cabeça; o rosto era como o sol, e as pernas, como colunas de fogo;
2 သူ၏လက်ထဲတွင် ဖွင့်ထားသော စာလိပ်ငယ်တစ်ခုရှိ၏။ သူသည် သူ၏ညာခြေကို ပင်လယ်ပေါ်၌လည်းကောင်း၊ သူ၏ဘယ်ခြေကို ကုန်းမြေပေါ်၌လည်းကောင်း ချထားလေ၏။-
2 e tinha na mão um livrinho aberto. Pôs o pé direito sobre o mar e o esquerdo, sobre a terra,
3 ထို့နောက် သူသည် ခြင်္သေ့ဟိန်းဟောက်သောအသံကဲ့သို့ ကျယ်သောအသံဖြင့် ဟစ်အော်လိုက်၏။ သူဟစ်အော်လိုက် သောအခါ မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာ၏။-
3 e bradou em grande voz, como ruge um leão, e, quando bradou, desferiram os sete trovões as suas próprias vozes.
4 မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာသောအခါ ငါသည် စာရေးရန် ပြင်ဆင်လိုက်၏။ သို့သော် ကောင်းကင်မှ ထွက်ပေါ်လာသောအသံက မိုးထစ်ချုန်းသံခုနစ်ချက်မှ ပြောခဲ့သည့်စကားများကို တံဆိပ်ခတ်၍ထားလော့၊ ၎င်းတို့ကို ရေးမှတ်မထားနှင့် ဟုဆိုသည်ကို ငါကြားရ၏။-
4 Logo que falaram os sete trovões, eu ia escrever, mas ouvi uma voz do céu, dizendo: Guarda em segredo as coisas que os sete trovões falaram e não as escrevas.
5 ထိုအခါ ပင်လယ်နှင့် မြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ခဲ့ရသော ကောင်းကင်တမန်တော်သည် သူ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်ပြီး၊-
5 Então, o anjo que vi em pé sobre o mar e sobre a terra levantou a mão direita para o céu
6 ကောင်းကင်နှင့် ကောင်းကင်တွင်ရှိသမျှတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်တွင် ရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်ထဲတွင် ရှိသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသော၊ ကာလအဆက်ဆက် အသက်ရှင်တော်မူသည့် အရှင်အား တိုင်တည်လျက်ဆိုသည်ကား စောင့်စားရသောအချိန်ကာလသည် လွန်လေပြီ၊-
6 e jurou por aquele que vive pelos séculos dos séculos, o mesmo que criou o céu, a terra, o mar e tudo quanto neles existe: Já não haverá demora,
7 သတ္တမကောင်းကင်တမန်တော်၏ တံပိုးခရာမှုတ်သံကို ကြားရသောနေ့ရက်တို့၌ မိမိ၏အစေခံ ပရောဖက်တို့အား ဘုရားသခင် ဗျာဒိတ်ပေးတော်မူခဲ့သည့် နက်နဲရာတို့သည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟူ၍ဖြစ်၏။
7 mas, nos dias da voz do sétimo anjo, quando ele estiver para tocar a trombeta, cumprir-se-á, então, o mistério de Deus, segundo ele anunciou aos seus servos, os profetas.
8 ထိုအခါ ငါကြားခဲ့ရသော ကောင်းကင်မှအသံက ငါ့အား ပင်လယ်နှင့်ကုန်းမြေပေါ်တွင် ရပ်နေသော ကောင်းကင် တမန်တော်၏ လက်ထဲတွင်ရှိသည့် ဖွင့်ထားသော စာလိပ်ကိုသွား၍ ယူလော့ဟု ထပ်မံပြောဆိုလေ၏။-
8 A voz que ouvi, vinda do céu, estava de novo falando comigo e dizendo: Vai e toma o livro que se acha aberto na mão do anjo em pé sobre o mar e sobre a terra.
9 သို့ဖြစ်၍ ငါသည် ထိုကောင်းကင်တမန်တော်ထံသို့သွားပြီးလျှင် စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းဆို၏။ ထိုအခါ သူက စာလိပ်ကိုယူ၍ စားလော့၊ ယင်းသည် သင်၏ဝမ်းတွင်း၌ ခါး၍ခံတွင်း၌မူကား ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆို၏။-
9 Fui, pois, ao anjo, dizendo-lhe que me desse o livrinho. Ele, então, me falou: Toma-o e devora-o; certamente, ele será amargo ao teu estômago, mas, na tua boca, doce como mel.
10 ငါသည်လည်း ကောင်းကင်တမန်တော်၏လက်မှ စာလိပ်ငယ်ကိုယူ၍ စားလိုက်၏။ ယင်းသည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုသော်လည်း စားပြီးသောအခါတွင်မူကား ငါ၏ဝမ်းတွင်း၌ ခါးတူးလာ၏။-
10 Tomei o livrinho da mão do anjo e o devorei, e, na minha boca, era doce como mel; quando, porém, o comi, o meu estômago ficou amargo.
11 ထိုအခါ သူက သင်သည် များစွာသောလူများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီး ပြောဆိုသောသူများနှင့် ဘုရင်များ အကြောင်းကို ဗျာဒိတ်ပေး၍ တစ်ဖန်ဟောပြောရဦ မည်ဟု ငါ့အား ဆိုလေ၏။
11 Então, me disseram: É necessário que ainda profetizes a respeito de muitos povos, nações, línguas e reis.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.