2 Timóteo 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ရှင်သူသေသူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်၏ကြွလာတော်မူခြင်းနှင့်ကိုယ်တော်၏နိုင်ငံတော်အားဖြင့် ဘုရားသခင် နှင့် ခရစ်တော်ယေဇူး၏ မျက်မှောက်တော်၌ ငါသည် သင့်ကိုတိုက်တွန်းနှိုးဆော်သည်မှာ၊-
1 Na presença de Deus e de Cristo Jesus, que há de julgar os vivos e os mortos por sua manifestação e por seu Reino, eu o exorto solenemente:
2 နှုတ်တော်ထွက်စကားကို ဟောပြောကြေညာလော့။ အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆက်မပြတ်ဟော ပြောလော့။လူတို့အား နားလည်သဘောပေါက်စေလော့။ ပြစ်တင်ဆုံးမလော့။ တိုက်တွန်းနှိုးဆော်လော့။ အမြဲမပြတ်သည်းခံ၍ ဂရုတစိုက်သွန်သင်လော့။-
2 Pregue a palavra, esteja preparado a tempo e fora de tempo, repreenda, corrija, exorte com toda a paciência e doutrina.
3 အကြောင်းမူကား လူတို့သည် စစ်မှန်သောတရားတော်ကိုမခံယူဘဲ မိမိတို့၏အလိုဆန္ဒကိုလိုက်လျက် မိမိတို့ကြိုက် နှစ်သက်ရာများကိုသာ သင်ကြားပေးမည့်ဆရာများကို လိုက်လံရှာဖွေကြမည့်အချိန် ကာလရောက်လာလိမ့်မည်။-
3 Pois virá o tempo em que não suportarão a sã doutrina; pelo contrário, sentindo coceira nos ouvidos, segundo os seus próprios desejos juntarão mestres para si mesmos.
4 သူတို့သည် သမ္မာတရားကို နားထောင်ခြင်းမပြုတော့ဘဲ ဒဏ္ဍာရီပုံပြင်များကိုနားထောင်ကြလိမ့်မည်။-
4 Eles se recusarão a dar ouvidos à verdade, voltando-se para os mitos.
5 သင်မူကား အစဉ်တည်ကြည်ခိုင် မာပါလော့။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံလော့။ ဧဝံဂေလိတရားဟောပြောခြင်းအမှုကို လုပ်ဆောင်လော့။ သင်ပြု လုပ်ရမည့်အမှုတော်ကို ပြည့်စုံအောင် ဆောင်ရွက်လော့။
5 Você, porém, seja sóbrio em tudo, suporte os sofrimentos, faça a obra de um evangelista, cumpra plenamente o seu ministério.
6 အကြောင်းမူကား ငါသည် မိမိအသက်ကို စွန့်လွှတ်ရမည့်အချိန်သို့ရောက်လေပြီ။ ဤလောကမှ ငါထွက်ခွာရမည့်အချိန် ရောက်လာလေပြီ။-
6 Eu já estou sendo derramado como uma oferta de bebida. Está próximo o tempo da minha partida.
7 ငါသည် စစ်ပွဲကိုကောင်း စွာတိုက်ခဲ့၏။ ငါသည် ပြေးပွဲကို ပြီးအောင်ယှဉ်ပြိုင်ခဲ့၏။ ငါသည် ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့၏။-
7 Combati o bom combate, terminei a corrida, guardei a fé.
8 ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက်အသင့်ရှိနေလေပြီ။ ဖြောင့်မတ်သောတရားသူကြီးဖြစ်သည့်သခင်ဘုရား သည် နောက်ဆုံးသောနေ့၌ ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကိုသာမက မိမိ၏ ကြွလာတော် မူခြင်းကို မျှော်လင့်တောင့်တနေသူအပေါင်း တို့အားလည်း ထိုသရဖူကို ပေးတော်မူလိမ့်မည်။
8 Agora me está reservada a coroa da justiça, que o Senhor, justo Juiz, me dará naquele dia; e não somente a mim, mas também a todos os que amam a sua vinda.
9 ငါ့ထံသို့အမြန်လာရန် အစွမ်းကုန်ကြိုးစားလော့။-
9 Procure vir logo ao meu encontro,
10 အကြောင်းမူကား ဒေမတ်သည် ဤလောကကိုနှစ်သက် စွဲလမ်းသဖြင့် ငါ့ကိုစွန့်ခွာ၍ သက်ဆာလောနိကမြို့သို့ ထွက်ခွာသွားလေပြီ။ ခရက်စင်သည် ဂါလားဆီယာပြည် သို့လည်းကောင်း၊ တိတုသည်လည်း ဒါမာစိယမြို့သို့လည်းကောင်း သွားကြလေပြီ။-
10 pois Demas, amando este mundo, abandonou-me e foi para Tessalônica. Crescente foi para a Galácia, e Tito, para a Dalmácia.
11 လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိနေ၏။ မာကုကိုရှာ၍ သင်နှင့်အတူခေါ်ခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အမှုတော်၌ ကူညီရန် အသုံးဝင်သောကြောင့်ဖြစ်၏။-
11 Só Lucas está comigo. Traga Marcos com você, porque ele me é útil para o ministério.
12 ငါသည် တိခိကုကို ဧဖက်ဆုမြို့သို့ စေလွှတ်လိုက်၏။-
12 Enviei Tíquico a Éfeso.
13 သင်လာသောအခါ ထရောမြို့တွင် ကာပု၌ ငါထားခဲ့သောဝတ်ရုံနှင့် ကျမ်းစာ လိပ်များ၊ အထူးသဖြင့် သားရေပုရပိုက်များ ကိုလည်း ယူခဲ့လော့။-
13 Quando você vier, traga a capa que deixei na casa de Carpo, em Trôade, e os meus livros, especialmente os pergaminhos.
14 ကြေးပန်းထိမ်ဆရာ အလက်ဇန္ဒားသည် ငါ့ကိုများစွာအန္တရာယ်ပြုခဲ့၏။ သူ၏လုပ်ရပ်များအတွက် သခင်ဘုရားသည် သူ့ကိုအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
14 Alexandre, o ferreiro, causou-me muitos males. O Senhor lhe dará a retribuição pelo que fez.
15 သင်ကိုယ်တိုင်လည်း သူ့ကိုသတိပြုလော့။ အကြောင်းမူကား သူသည် ငါတို့ဟောပြောသောတရားတော်ကို ပြင်းထန်စွာ ဆန့်ကျင်ဟောပြောလျက်ရှိ၏။
15 Previna-se contra ele, porque se opôs fortemente às nossas palavras.
16 ငါ၏အမှုအတွက် ပထမအကြိမ်ခုခံချေပသောအခါ ငါ့ဘက်၌ မည်သူမျှမရှိကြချေ။ အားလုံးသောလူတို့သည် ငါ့ကို စွန့်ခွာ သွားခဲ့ကြ၏။ ထိုသူတို့သည် အပြစ်စီရင်ခြင်း မခံကြရပါစေနှင့်။-
16 Na minha primeira defesa, ninguém apareceu para me apoiar; todos me abandonaram. Que isso não lhes cobrado.
17 သို့သော် သခင်ဘုရားသည် ငါ့၌ရှိ တော်မူ၍ လူမျိုးခြားအပေါင်းတို့သည် နှုတ်တော်ထွက် စကားကို ကြားနိုင်မည့်အကြောင်း ၎င်းကို အပြည့်အစုံ ဟောပြောရန် ငါ့အား ခွန်အားပေးတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံခဲ့ရ၏။-
17 Mas o Senhor permaneceu ao meu lado e me deu forças, para que por mim a mensagem fosse plenamente proclamada, e todos os gentios a ouvissem. E eu fui libertado da boca do leão.
18 သခင်ဘုရားသည် ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်နုတ်ပြီးလျှင် မိမိ၏ကောင်းကင်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။ အာမင်။
18 O Senhor me livrará de toda obra maligna e me levará a salvo para o seu Reino celestial. A ele seja a glória para todo o sempre. Amém.
19 ပရစ္စကာ၊ အာကွိလတို့နှင့်အတူ အိုနေးစိဖိုရု၏ မိသားစုအား နှုတ်ဆက်ပေးပါလော့။-
19 Saudações a Priscila e Áqüila, e à casa de Onesíforo.
20 ဧရာစတုသည် ကောရိန့်မြို့တွင်နေရစ်ခဲ့၏။ ငါသည် ဖျားနာလျက်ရှိသော တြိုဖီမုကို မီလက်တုမြို့၌ထားခဲ့၏။-
20 Erasto permaneceu em Corinto, mas deixei Trófimo doente em Mileto.
21 ဆောင်းရာသီမတိုင်မီ သင်ရောက်လာနိုင်ရန် အစွမ်းကုန်ကြိုးစားပါလော့။ ယုဘုလု၊ ပူဒန်၊ လိနု၊ ကလောဒီယာတို့နှင့် ညီအစ်ကိုအပေါင်း တို့ကလည်း သင့်ကိုနှုတ်ဆက်လိုက်ကြပါ၏။
21 Procure vir antes do inverno. Êubulo, Prudente, Lino, Cláudia e todos os irmãos enviam-lhe saudações.
22 ယေဇူးခရစ်တော်သခင်သည် သင်နှင့်အတူရှိပါစေ။ ကျေးဇူးတော်သည် သင်၌ ရှိပါစေသော်။ အာမင်။
22 O Senhor seja com o seu espírito. A graça seja com vocês.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Timóteo 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.