2 Coríntios 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဤသို့ဆိုရာ၌ ငါတို့သည် မိမိတို့ကိုယ်ကို စတင်၍ ချီးမွမ်းနေကြသလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည် သင်တို့ ထံသို့လာရန် ထောက်ခံစာလိုအပ်သလော၊ သို့မဟုတ် သင်တို့ထံမှ ထောက်ခံစာကို လိုအပ် ပါသလော။-
1 Recomeçamos a fazer o nosso próprio elogio? Temos, acaso, como alguns, necessidade de vos apresentar ou receber de vós carta de recomendação?
2 သင်တို့ကိုယ်တိုင်ပင်လျှင် ငါတို့၏ထောက်ခံ စာများဖြစ်၍ ထိုစာကို လူတိုင်းဖတ်ရှုသိရှိရန် သင်တို့၏ နှလုံးသားများအပေါ် ၌ ရေးသားထားလျက်ရှိ၏။-
2 Vós mesmos sois a nossa carta, escrita em nossos corações, conhecida e lida por todos os homens.
3 သင်တို့သည် ခရစ်တော်ထံမှစာဖြစ်၍ ငါတို့အားဖြင့် ပေးပို့ခြင်းခံ ရကြောင်းမှာ ထင်ရှားလျက်ရှိ၏။ ဤစာကို မှင်ဖြင့်မရေးဘဲ အသက်ရှင်သောဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ရေးသားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်တွင် ရေးသည်မဟုတ်ဘဲ လူတို့၏ နှလုံးသားများပေါ်တွင် ရေးထားခြင်းဖြစ်၏။
3 Não há dúvida de que vós sois uma carta de Cristo, redigida por nosso ministério e escrita, não com tinta, mas com o Espírito de Deus vivo, não em tábuas de pedra, mas em tábuas de carne, isto é, em vossos corações.
4 ဤသည်ကား ခရစ်တော်အားဖြင့် ဘုရားသခင် အပေါ်ထားရှိသော ငါတို့၏ယုံကြည်စိတ်ချမှုပင်ဖြစ်၏။-
4 Tal é a convicção que temos em Deus por Cristo.
5 တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာရသည်ဟု ပြောဆိုနိုင်ရန် ငါတို့ကိုယ်တိုင်မစွမ်းဆောင်နိုင်ကြပေ။ ငါတို့၏ အစွမ်းသတ္တိ သည် ဘုရားသခင်ထံတော်မှ လာခြင်းဖြစ်၏။-
5 Não que sejamos capazes por nós mesmos de ter algum pensamento, como de nós mesmos. Nossa capacidade vem de Deus.
6 ငါတို့သည် ပဋိညာဉ်တရားသစ်၏အမှုတော်ဆောင် များဖြစ်ရန် ကိုယ်တော်သည် ငါတို့အား အစွမ်းသတ္တိကို ပေးတော်မူ၏။ ထိုပဋိညာဉ်တရားသစ်သည် ရေးသား ထားသည့်ပညတ်တရားမဟုတ်ဘဲ ဝိညာဉ်တော်၌တည် သောပညတ်တရားဖြစ်၏။ အကြောင်းမူကား ရေးထား သောပညတ်တရားသည် အသက်ကိုသတ်၍ ဝိညာဉ် တော်သည်ကား အသက်ကို ပေးလေ၏။
6 Ele é que nos fez aptos para ser ministros da Nova Aliança, não a da letra, e sim a do Espírito. Porque a letra mata, mas o Espírito vivifica.
7 မှေးမှိန်လာသည့်အခြေအနေ၌ပင် တောက်ပနေသေးသော မိုးဇက်၏မျက်နှာမှအလင်းကြောင့် အစ္စရာအဲလ်လူမျိုးတို့သည် သူ၏မျက်နှာကို မကြည့်နိုင်သည့် တိုင်အောင် ကျောက်ပြားပေါ်တွင် အက္ခရာရေးထွင်းထား သော သေခြင်း၏စီရင်ချက်သည် ဘုန်းဂုဏ်တော်နှင့် ခန့်ညားထည်ဝါခဲ့ပါလျှင်၊-
7 Ora, se o ministério da morte, gravado com letras em pedras, se revestiu de tal glória que os filhos de Israel não podiam fitar os olhos no rosto de Moisés, por causa do resplendor de sua face {embora transitório},
8 ဝိညာဉ်တော်၏စီရင်ချက်သည် ပိုမိုကြီးမားသောဘုန်းဂုဏ်တော်နှင့် ထည်ဝါလိမ့်မည် မဟုတ်လော။-
8 quanto mais glorioso não será o ministério do Espírito!
9 အကြောင်းမူကား အပြစ်ဒဏ်စီရင် ချက်သည် ဘုန်းကျက်သရေနှင့်ပြည်စုံခဲ့လျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောစီရင်ချက် သည် များစွာသာလွန်သော ဘုန်းကျက်သရေနှင့်ပြည့်စုံရပေလိမ့်မည်။-
9 Se o ministério da condenação já foi glorioso, muito mais o há de sobrepujar em glória o ministério da justificação !
10 အမှန်စင်စစ် ယခင်က ခန့်ညားထည်ဝါခဲ့သောဘုန်းကျက်သရေသည် ၎င်းထက်သာလွန်သောဘုန်းကျက်သရေကြောင့် လုံး၀ ကွယ်ပျောက်သွားရလေပြီ။-
10 Aliás, sob esse aspecto e em comparação desta glória eminentemente superior, empalidece a glória do primeiro ministério.
11 သို့ဖြစ်၍ ခေတ္တမျှသာတည် သောအရာ၌ ဘုန်းကျက်သရေရှိခဲ့ပါလျှင် ထာ၀ရတည် သည့်အရာ၌ ပို၍ဘုန်းကျက်သရေ ရှိပေလိမ့်မည်။
11 Se o transitório era glorioso, muito mais glorioso é o que permanece!
12 ငါတို့၌ ဤကဲ့သို့မျှော်လင့်ချက်ရှိသောကြောင့် ငါ တို့သည် ရဲဝံ့စွာ ဟောပြောကြ၏။-
12 Em posse de tal esperança, procedemos com total desassombro,
13 မိမိ၏တောက်ပသော ဘုန်းရောင် မှေးမှိန် ပျောက်ကွယ်သွားသည့်အဖြစ်ကို အစ္စရာအဲလ်လူမျိုးတို့မတွေ့ မြင်ရစေရန် မျက်နှာကို ပုဝါ ဖြင့်ဖုံးအုပ်ထားခဲ့သော မိုးဇက်ကဲ့သို့ ငါတို့သည် မဟုတ်ကြ။-
13 Não fazemos como Moisés, que cobria o rosto com um véu para que os filhos de Israel não fixassem os olhos no fim daquilo que era transitório.
14 သို့သော် သူတို့၏စိတ်နှလုံးသည် ခိုင်မာလျက်ရှိ၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကို သူတို့ဖတ်သည့် အခါတိုင်း သူတို့၏စိတ်နှလုံးသည် ထိုပုဝါဖြင့် ဖုံးအုပ်လျက်ပင်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါကို ဖယ်ရှားနိုင်၏။-
14 Em conseqüência, a inteligência deles permaneceu obscurecida. Ainda agora, quando lêem o Antigo Testamento, esse mesmo véu permanece abaixado, porque é só em Cristo que ele deve ser levantado.
15 မှန်ပေ၏။ ယနေ့တိုင်အောင်ပင်လျှင် မိုးဇက်၏ပညတ် တရားကျမ်းကို သူတို့ဖတ်ကြသောအခါ သူတို့၏စိတ် နှလုံးသည် ပုဝါဖြင့်ဖုံးလျက်ပင်ရှိသေး၏။-
15 Por isso, até o dia de hoje, quando lêem Moisés, um, véu cobre-lhes o coração.
16 သို့ရာတွင် လူ တစ်ဦးသည် သခင်ဘုရားထံသို့ ပြောင်းလဲလာသောအခါ ထိုပုဝါသည် ဖယ်ရှားခြင်းခံရလေ၏။-
16 Esse véu só será tirado quando se converterem ao Senhor.
17 သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်တော်မူ၏။ သခင်ဘုရား၏ဝိညာဉ်တော် ရှိရာအရပ်၌ လွတ်မြောက်ခြင်းရှိ၏။-
17 Ora, o Senhor é Espírito, e onde está o Espírito do Senhor, aí há liberdade.
18 သို့ဖြစ်၍ ငါတို့အားလုံးသည် မျက်နှာကိုဖုံးအုပ်မထားဘဲ သခင်ဘုရား၏ ဘုန်းတော်ကို မှန်ကဲ့သို့ထပ်ဟပ်ပြလျက် ကိုယ်တော်၏ ပုံသဏ္ဌာန်အတိုင်း ဘုန်းဂုဏ်တော်တစ်ဆင့်မှတစ်ဆင့် သို့တိုးတက်ပြောင်းလဲလာကြ၏။ အကြောင်းမူကား ဤ ပြောင်းလဲခြင်းသည် ဝိညာဉ်တော်တည်းဟူသော သခင် ဘုရားထံတော်မှ လာသောကြောင့်တည်း။
18 Mas todos nós temos o rosto descoberto, refletimos como num espelho a glória do Senhor e nos vemos transformados nesta mesma imagem, sempre mais resplandecentes, pela ação do Espírito do Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.