1 Tessalonicenses 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသည့် ဘ၀အသက်တာဖြင့် မည်ကဲ့သို့နေထိုင်အသက်ရှင်ရမည်ကို ငါတို့ထံမှ သင်ယူခဲ့ကြသကဲ့သို့ ယခုတွင်လည်း သင်တို့ပြုမူနေကြပြီးဖြစ်၍ ပိုမိုကြိုးစား ကျင့်ကြံနိုင်ကြရန် ယေဇူးသခင်၏ နာမတော်၌ သင်တို့ကို ငါတို့တိုက်တွန်းတောင်းဆိုပါ၏။-
1 Finalmente, irmãos, vos rogamos e exortamos no Senhor Jesus que, assim como recebestes de nós, de que maneira convém andar e agradar a Deus, assim andai, para que continueis a progredir cada vez mais;
2 အကြောင်းမူကား ငါတို့သည် ယေဇူးသခင်အားဖြင့် သင်တို့အား မည်သည့်လမ်းညွှန်ချက်များကို ပေးခဲ့ကြောင်း သင်တို့သိကြ၏။-
2 porque vós bem sabeis que mandamentos vos temos dado pelo Senhor Jesus.
3 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အလိုတော်မှာ သင်တို့အား သန့်ရှင်းစင်ကြယ်စေရန် ဖြစ်သောကြောင့် သင်တို့သည် ကာမဂုဏ်ကျူးလွန်ခြင်းမ ှရှောင်ကြဉ်ကြရမည်။-
3 Porque esta é a vontade de Deus, a vossa santificação: que vos abstenhais da prostituição,
4 သင်တို့တစ်ဦးစီသည် သန့်ရှင်းမြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် မိမိ၏ခန္ဓာကိုယ်အား မည်သို့ထိန်းချုပ်ရမည်ကို သိကြ ရမည်။-
4 que cada um de vós saiba possuir o seu vaso em santificação e honra,
5 ဘုရားသခင်ကိုမသိသော လူမျိုးခြားတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့ သင်တို့မလိုက်ကြနှင့်။-
5 não na paixão de concupiscência, como os gentios, que não conhecem a Deus.
6 ဤအမှုအရာနှင့်ပတ်သက်၍ မည်သူမျှ မိမိ၏ညီအစ်ကိုအား ပြစ်မှားကျူးလွန်ခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ငါတို့ကြိုတင်သတိပေးခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးတို့အတွက် ပြစ်ဒဏ်စီရင်တော်မူသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။-
6 Ninguém oprima ou engane a seu irmão em negócio algum, porque o Senhor é vingador de todas estas coisas, como também, antes, vo-lo dissemos e testificamos.
7 အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို ဖောက်ပြန်ညစ်ညူးစေရန် ခေါ်သည်မဟုတ်ဘဲ သန့်ရှင်းမြင့်မြတ်စေရန် ခေါ်တော်မူခြင်းဖြစ်၏။-
7 Porque não nos chamou Deus para a imundícia, mas para a santificação.
8 ထို့ကြောင့် ဤသွန်သင်ချက်ကို ငြင်းပယ်သောသူမှန်သမျှသည် လူကိုပစ်ပယ်ခြင်းမဟုတ်ဘဲ သင်တို့အား မိမိ၏ ဝိညာဉ်တော်မြတ်ကို ပေးတော်မူသော ဘုရားသခင်ကို ပစ်ပယ်ခြင်းဖြစ်၏။
8 Portanto, quem despreza isto não despreza ao homem, mas, sim, a Deus, que nos deu também o seu Espírito Santo.
9 ညီအစ်ကိုအချင်းချင်း ချစ်ခင်ခြင်းနှင့်ပတ်သက်၍မူ သင်တို့ထံသို့ မည်သူမျှ စာရေးသတိပေးရန် မလိုအပ်ပေ။ အကြောင်းမူကား သင်တို့သည် အချင်းချင်းချစ်ခင်ကြရန် ဘုရားသခင်၏သွန်သင်ခြင်းကို ခံခဲ့ကြရလေပြီ။-
9 Quanto, porém, ao amor fraternal, não necessitais de que vos escreva, visto que vós mesmos estais instruídos por Deus que vos ameis uns aos outros;
10 အမှန်စင်စစ် သင်တို့သည် မာစီဒိုးနိယပြည်တစ်ဝန်းလုံး၌ရှိသော ညီအစ်ကိုအားလုံးကို ချစ်ခင်ကြ၏။ သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် ထိုထက်မက ပိုမိုချစ်ခင်ကြရန် ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။-
10 porque também já assim o fazeis para com todos os irmãos que estão por toda a Macedônia. Exortamo-vos, porém, a que ainda nisto continueis a progredir cada vez mais,
11 သင်တို့ကို ငါတို့မှာကြားခဲ့သည့်အတိုင်း ငြိမ်းချမ်းစွာ နေထိုင်အသက်ရှင်ကြရန်လည်းကောင်း၊ မိမိနှင့်သက်ဆိုင်သော အမှုကိုသာ အာရုံစိုက်ကြရန်လည်းကောင်း၊ မိမိကိုယ်တိုင် လုပ်ကိုင်စားသောက်ကြရန်လည်းကောင်း ကြိုးစားအားထုတ် ကြလော့။-
11 e procureis viver quietos, e tratar dos vossos próprios negócios, e trabalhar com vossas próprias mãos, como já vo-lo temos mandado;
12 သို့မှသာ သင်တို့သည် အသင်းတော်ပြင်ပမှ လူတို့၏ ကြည်ညိုလေးစားခြင်းကိုခံကြရ၍ မည်သူ့ကိုမျှ မှီခိုအားထားရန် လိုအပ်လိမ့်မည်မဟုတ်ပေ။
12 para que andeis honestamente para com os que estão de fora e não necessiteis de coisa alguma.
13 ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူများကဲ့သို့ သင်တို့သည် ဝမ်းနည်းကြေကွဲခြင်းကို မခံစားရစေရန် သေလွန်သွားသော သူတို့အကြောင်းကို သင်တို့သိရှိစေခြင်းငှာ ငါတို့အလိုရှိကြ၏။-
13 Não quero, porém, irmãos, que sejais ignorantes acerca dos que já dormem, para que não vos entristeçais, como os demais, que não têm esperança.
14 အဘယ်ကြောင့်ဆိုသော် ယေဇူးသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ကို ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေဇူး၌ သေလွန်သွားကြသောသူတို့ကိုလည်း ထိုသခင်နှင့်အတူ အထံတော်သို့ ခေါ်ဆောင်တော်မူလိမ့်မည်။-
14 Porque, se cremos que Jesus morreu e ressuscitou, assim também aos que em Jesus dormem Deus os tornará a trazer com ele.
15 ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ငါတို့သည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားအားဖြင့် သင်တို့အား ဆိုကြသည်မှာ သခင်ဘုရားကြွလာတော်မူမည့် အချိန်တိုင်အောင် အသက်ရှင်ကျန်ရစ်ကြသော ငါတို့သည် သေလွန်ပြီးသော သူတို့ထက် အလျင်ဦးစွာ ရောက်ရသောအခွင့်ကို ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်၏။-
15 Dizemo-vos, pois, isto pela palavra do Senhor: que nós, os que ficarmos vivos para a vinda do Senhor, não precederemos os que dormem.
16 အကြောင်းမူကား သခင်ဘုရားသည် အမိန့်ပေးသံနှင့်အတူ ကောင်းကင်တမန်တော်အကြီးအကဲ၏ ကြွေးကြော်သံနှင့် ဘုရားသခင်၏ တံပိုးခရာသံတို့ဖြင့် ကိုယ်တော်တိုင် ကောင်းကင်မှ ဆင်းကြွလာတော်မူလိမ့်မည်။ ထိုအခါ ခရစ်တော်၌ သေလွန်ခဲ့သောသူတို့သည် ပထမဦးစွာ ရှင်ပြန်ထမြောက်ကြလိမ့်မည်။-
16 Porque o mesmo Senhor descerá do céu com alarido, e com voz de arcanjo, e com a trombeta de Deus; e os que morreram em Cristo ressuscitarão primeiro;
17 ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သော ငါတို့သည် ထိုသူတို့နှင့်အတူ ကောင်းကင်၌ ဘုရားသခင်ကို တွေ့ဆုံဖူးမြော် နိုင်ကြရန် မိုးတိမ်တိုက်များဖြင့် ယူဆောင်သွားခြင်းကို ခံကြရလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲရှိကြလိမ့်မည်။-
17 depois, nós, os que ficarmos vivos, seremos arrebatados juntamente com eles nas nuvens, a encontrar o Senhor nos ares, e assim estaremos sempre com o Senhor.
18 ထို့ကြောင့် သင်တို့အချင်းချင်း ဤစကားများဖြင့် အားပေးနှစ်သိမ့်ကြလော့။
18 Portanto, consolai-vos uns aos outros com estas palavras.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Tessalonicenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.