1 Timóteo 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ကျွန်ဘ၀၌ရောက်နေသောသူတို့သည် မိမိတို့၏သခင်များကို ရိုသေလေးစားထိုက်သူများဟု မှတ်ယူပါစေ။ သို့မှသာ မည်သူကမျှ ဘုရားသခင်၏နာမတော်နှင့် သွန်သင်ချက်တို့ကို ထိခိုက်ပြောဆိုမည်မဟုတ်ပေ။-
1 Todos os que vivem sob o jugo da servidão considerem seus senhores dignos de toda honra, para que não sejam caluniados o nome de Deus e sua doutrina.
2 သူတို့၌ ယုံကြည်သူသခင်များ ရှိပါကလည်း ၎င်းတို့မှာ မိမိတို့၏ညီအစ်ကိုများဖြစ်သည် ဟူသောအကြောင်းပြချက်ဖြင့် ၎င်းတို့ကို မလေးမစားမပြုရ။ အမှန်စင်စစ် မိမိတို့၏အစေခံခြင်းကို ခံနေရသောသူတို့သည် ယုံကြည်သူများနှင့် ချစ်ခင်ရသူများ ဖြစ်သောကြောင့် ပို၍ပင်ကောင်းမွန်စွာ အစေခံကြရမည်။ ဤတာဝန်ဝတ္တရားများကို သွန်သင်၍ လိုက်နာကြစေရန် နှိုးဆော်လော့။
2 E os que têm patrões que abraçaram a fé, nem por isto os menosprezem, sob pretexto de serem irmãos. Ao contrário, deverão servi-los ainda melhor, pelo fato de que eles são fiéis amados de Deus e participantes de seus benefícios. Tal deve ser o tema de teus ensinamentos e de tuas exortações.
3 တစ်စုံတစ်ယောက်သည် ကွဲပြားသောအယူဝါဒကိုသွန်သင်၍ ငါတို့၏ သခင်ယေဇူးခရစ်တော်၏ မှန်ကန်သော သွန်သင်ချက်ကိုသော်လည်းကောင်း၊ စစ်မှန်သောဘာသာတရားနှင့် ကိုက်ညီသောသွန်သင်ချက်ကိုသော်လည်းကောင်း လက်မခံလျှင်၊-
3 Quem ensina de outra forma e discorda das salutares palavras de nosso Senhor Jesus Cristo, bem como da doutrina conforme à piedade,
4 ထိုသူသည် မောက်မာထောင်လွှား၍ မည်သည့်အရာကိုမျှ မသိနားမလည်သောသူသာဖြစ်၏။ ထိုသူသည် အငြင်းပွားဖွယ်မေးခွန်းများနှင့် စကားအသုံးအနှုန်းများအပေါ် ငြင်းခုံခြင်း၌သာ စိတ်ဝင်စားခြင်းဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် မနာလိုဝန်တိုခြင်း၊ စိတ်သဘောကွဲလွဲခြင်း၊ သူတစ်ပါး၏အသရေကိုဖျက်ခြင်း၊ မကောင်းသောသံသယစိတ်ဝင်ခြင်းစသည် တို့ကိုဖြစ်ပေါ်စေလျက်၊-
4 é um obcecado pelo orgulho, um ignorante, doentio por questões ociosas e contendas de palavras. Daí se originam a inveja, a discórdia, os insultos, as suspeitas injustas,
5 စိတ်ဓာတ်ပျက်ပြား၍ သမ္မာတရားကင်းမဲ့သော သူတို့အချင်းချင်း ကြာမြင့်စွာငြင်းခုံစေပြီးလျှင် ထိုသူတို့က ဘုရားတရားဆိုသည်မှာ အကျိုးအမြတ်ရနိုင်သော လမ်းစဖြစ်သည်ဟု ထင်မြင်နိုင်လေ၏။-
5 os vãos conflitos entre homens de coração corrompido e privados da verdade, que só vêem na piedade uma fonte de lucro.
6 ရောင့်ရဲတင်းတိမ်ခြင်းရှိပါက ဘုရားတရားကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ကြီးစွာသောအကျိုးကျေးဇူးကို ရရှိနိုင်၏။-
6 Sem dúvida, grande fonte de lucro é a piedade, porém quando acompanhada de espírito de desprendimento.
7 အကြောင်းမူကား ငါတို့သည် ကမ္ဘာလောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိသကဲ့သို့ မည်သည့်အရာကိုမျှလည်း ကမ္ဘာလောကထဲမှ ယူဆောင်သွားနိုင်ကြမည်မဟုတ်ပေ။-
7 Porque nada trouxemos ao mundo, como tampouco nada poderemos levar.
8 ထို့ကြောင့် ငါတို့၌ အစားအစာနှင့် အဝတ်အထည်ရှိလျှင် ငါတို့သည် ကျေနပ်ရောင့်ရဲကြရမည်။-
8 Tendo alimento e vestuário, contentemo-nos com isto.
9 ချမ်းသာကြွယ်၀လိုသော သူတို့မူကား နှောင့်ယှက်ခြင်းသို့ ကျရောက်ခြင်း၊ ထောင်ချောက်မိခြင်း၊ လူတို့ကို ပျက်စီးခြင်းသို့ ရောက်စေသော စွဲလမ်းတပ်မက်မှုများ နောက်သို့လိုက်ပါတတ်ခြင်းဖြင့် ကျရှုံးတတ်ကြ၏။ ထိုစွဲလမ်းမှုများသည် မိုက်မဲ၍ လူကိုထိခိုက်စေလေ၏။-
9 Aqueles que ambicionam tornar-se ricos caem nas armadilhas do demônio e em muitos desejos insensatos e nocivos, que precipitam os homens no abismo da ruína e da perdição.
10 အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုမှန်သမျှ၏ အရင်းအမြစ်ဖြစ်သောကြောင့်တည်း။ ဤတပ်မက်ခြင်းကြောင့် အချို့သောသူတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲခဲ့ကြပြီးလျှင် မိမိတို့၏စိတ်နှလုံးများကို စိတ်ပူဆွေးခြင်း များဖြင့် ထိုးဖောက်နာကျင်စေကြလေပြီ။
10 Porque a raiz de todos os males é o amor ao dinheiro. Acossados pela cobiça, alguns se desviaram da fé e se enredaram em muitas aflições.
11 အိုဘုရားသခင်၏လူ၊ သင်မူကား ဤအရာအားလုံးတို့ကို ရှောင်ကြဉ်ပါလော့။ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဘုရားတရား ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ တည်ကြည်ခိုင်မာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစသည်တို့ကို ရည်မှန်း၍ ကျင့်ကြံပါလော့။-
11 Mas tu, ó homem de Deus, foge desses vícios e procura com todo empenho a piedade, a fé, a caridade, a paciência, a mansidão.
12 ယုံကြည်ခြင်းအတွက် ကောင်းသောတိုက်ပွဲကိုဆင်နွှဲ၍ ထာ၀ရအသက်ကို ရယူလော့။ သင့်အား ထိုအသက်တာသို့ ခေါ်တော်မူသည်ဖြစ်၍ ယင်းအတွက်ပင် သင်သည် သက်သေများစွာတို့၏ ရှေ့မှောက်၌ သင်၏ယုံကြည်ခြင်းကို ဝန်ခံခဲ့ခြင်းဖြစ်၏။-
12 Combate o bom combate da fé. Conquista a vida eterna, para a qual foste chamado e fizeste aquela nobre profissão de fé perante muitas testemunhas.
13 ခပ်သိမ်းသောအရာတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်၏ ရှေ့မျက်မှောက်နှင့် ပုံစီဦးပီလာတုမင်းရှေ့၌ မိမိကိုယ်မိမိ သက်သေခံရာတွင် ကောင်းစွာဝန်ခံပြောဆိုခဲ့သော ခရစ်တော်ယေဇူး၏ရှေ့မျက်မှောက်၌၊-
13 Em presença de Deus, que dá a vida a todas as coisas, e de Cristo Jesus, que ante Pôncio Pilatos abertamente testemunhou a verdade,
14 သင့်အား ငါမိန့်မှာသည်ကား ငါတို့၏သခင် ယေဇူးခရစ်တော် ထင်ရှားပေါ်ထွန်းလာသည့်တိုင်အောင် ပညတ်တော်များကို အမည်းစက်မထင်စေဘဲ အပြစ်တင်ခြင်းမှကင်းလွတ်အောင် စောင့်ထိန်းလော့။-
14 recomendo-te que guardes o mandamento sem mácula, irrepreensível, até a aparição de nosso Senhor Jesus Cristo,
15 ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဖြစ်၍ မင်္ဂလာရှိတော်မူသည့် တစ်ပါးတည်းသော အရှင်သခင်သည် သင့်လျော်သော အချိန်၌ ခရစ်တော်ကို ထင်ရှားပေါ်ထွန်းစေလိမ့်မည်။-
15 a qual a seu tempo será realizada pelo bem-aventurado e único Soberano, Rei dos reis e Senhor dos senhores,
16 ထိုအရှင်သခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းပြီး လူတို့မချဉ်းကပ်နိုင်သော အလင်းတော်၌ စံပယ်တော်မူလေ၏။ ထိုအရှင်အား မည်သူမျှမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ကြပေ။ ကိုယ်တော်၌ ဘုန်းဂုဏ်တော်နှင့် ထာ၀ရစိုးစံခြင်း ရှိတော်မူပါစေသော်။ အာမင်။
16 o único que possui a imortalidade e habita em luz inacessível, a quem nenhum homem viu, nem pode ver. A ele, honra e poder eterno! Amém.
17 ဤကမ္ဘာလောက၌ ဥစ္စာဓနကြွယ်၀ချမ်းသာသော သူတို့နှင့်ပတ်သက်၍ဆိုရလျှင် သူတို့အား မောက်မာခြင်းမရှိစေရန်နှင့် မတည်မြဲသော ဥစ္စာကြွယ်၀မှုတို့အပေါ်တွင် မျှော်လင့်အားကိုးခြင်းမရှိဘဲ ငါတို့ခံစားအသုံးပြုနိုင်ရန် အရာခပ်သိမ်းတို့ကို ကြွယ်၀စွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌သာ မျှော်လင့်ကိုးစားကြရန် သင်မိန့်မှာပါလော့။-
17 Exorta os ricos deste mundo a que não sejam orgulhosos nem ponham sua esperança nas riquezas volúveis, mas em Deus, que nos dá abundantemente todas as coisas para delas fruirmos.
18 သူတို့သည် ကောင်းမှုကိုပြုကြ၍ ကောင်းသောအပြုအမူတို့ဖြင့် ပြည့်၀နေကြရမည်။ သူတို့၌ သဒ္ဓါရက်ရောသောစိတ်ရှိ၍ ဝေမျှပေးလိုသောဆန္ဒရှိရမည်။-
18 Que pratiquem o bem, se enriqueçam de boas obras, sejam generosos, comunicativos,
19 ဤသို့ဖြင့် သူတို့သည် အနာဂတ်အတွက် ကောင်းသောအုတ်မြစ်ကို ချနိုင်ကြပြီးလျှင် စစ်မှန်သည့် တစ်ခုတည်းသော ဘ၀အသက်တာကို ရယူပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။
19 ajuntem um tesouro sólido e excelente para seu futuro, a fim de conquistarem a verdadeira vida.
20 အို တီမောသီဦး၊ သင့်အား အပ်နှင်းထားသမျှကို ထိန်းသိမ်းစောင့်ရှောက်ပါလော့။ ဘုရားတရားမဲ့သော စကားများ ပြောဆိုခြင်းနှင့် အသိတရားဟု မှားယွင်းစွာ ခေါ်ဝေါ်သမုတ်ကြသော ဆန့်ကျင်ဘက်သဘောတရားများကို ရှောင်ကြဉ်ပါလော့။-
20 Ó Timóteo, guarda o bem que te foi confiado! Evita as conversas frívolas e mundanas, assim como as contradições de pretensa ciência.
21 အကြောင်းမူကား ဤအရာ ကို လက်ခံကျင့်သုံးခြင်းဖြင့် အချို့သောသူတို့သည် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားလမ်းမှ လွဲချော်ခဲ့ကြလေပြီ။ ကျေးဇူးတော်သည် သင်နှင့်အတူရှိစေသတည်း။
21 Alguns, por segui-las, se transviaram da fé. A graça esteja convosco.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.