1 Timóteo 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 သင်တို့သည် ဘုရားသခင်ထံ အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားဝင်တောင်းလျှောက်ပေးခြင်း၊ ကျေးဇူးတင်ခြင်းတို့ကို လူအားလုံးတို့အတွက် ပြုလုပ်ပေးကြရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။-
1 Antes de tudo, pois, exorto que se use a prática de súplicas, orações, intercessões, ações de graças, em favor de todos os homens,
2 ငါတို့သည် တည်ငြိမ်၍ ငြိမ်းချမ်းသာယာသော အသက်တာကိုလျှောက်လှမ်းလျက် ဘုရားတရားကြည်ညိုပြီး သင့်တင့်လျောက်ပတ်စွာ အသက်ရှင်နိုင်ကြစေခြင်းငှာ ဘုရင်များနှင့် ကြီးမြတ်သောနေရာကို ယူထားကြသော သူတို့အတွက် ဆုတောင်းပေးကြလော့။-
2 em favor dos reis e de todos os que se acham investidos de autoridade, para que vivamos vida tranquila e mansa, com toda piedade e respeito.
3 ဤအမှုသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏ရှေ့ တော်မှောက်တွင် လက်ခံဖွယ်ရာဖြစ်၏။-
3 Isto é bom e aceitável diante de Deus, nosso Salvador,
4 ကိုယ်တော်သည် လူအပေါင်းတို့အား ကယ်တင်ခြင်းခံရစေရန်နှင့် သမ္မာတရားတော်ကို သိနားလည်လာကြစေရန် အလိုရှိ တော်မူ၏။-
4 o qual deseja que todos os homens sejam salvos e cheguem ao pleno conhecimento da verdade.
5 အကြောင်းမူကား ဘုရားတစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့် လူတို့အကြားတွင် ကြားဝင်ဖျန်ဖြေပေးသူမှာလည်း တစ်ဦးတည်းသာရှိ၏။ ထိုသူကား လူစင်စစ်ဖြစ်တော်မူသော ခရစ်တော်ယေဇူးပင်ဖြစ်၏။-
5 Porquanto há um só Deus e um só Mediador entre Deus e os homens, Cristo Jesus, homem,
6 ကိုယ်တော်သည် လူအားလုံးတို့ကို ရွေးနုတ်ကယ်တင်ရန် အဖိုးအခအဖြစ် မိမိကိုယ်ကို စွန့်တော်မူကြောင်းကို သင့်လျော်သောအချိန်၌ သက်သေခံခဲ့လေပြီ။-
6 o qual a si mesmo se deu em resgate por todos: testemunho que se deve prestar em tempos oportunos.
7 ဤအမှုတော်အတွက် ငါသည် ဟောပြောသွန်သင်သူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ ယုံကြည်ခြင်းနှင့် သမ္မာတရားတို့နှင့်ပတ်သက်၍ လူမျိုးခြားတို့ကိုသင်ကြားသော ဆရာအရာ၌လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။ ငါသည် မုသားပြောခြင်းမဟုတ်၊ မှန်သောစကားကိုသာပြော၏။
7 Para isto fui designado pregador e apóstolo (afirmo a verdade, não minto), mestre dos gentios na fé e na verdade.
8 သို့ဖြစ်၍ နေရာတိုင်းတွင် ယောက်ျားတို့သည် အမျက်ဒေါသထွက်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းတို့မရှိဘဲ သန့်ရှင်းသော လက်များကိုပင့်မြှောက်၍ ဆုတောင်းကြရန် ငါအလိုရှိ၏။-
8 Quero, portanto, que os varões orem em todo lugar, levantando mãos santas, sem ira e sem animosidade.
9 ထိုနည်းတူပင် မိန်းမတို့သည်လည်း သင့်လျော်သော အဝတ်အစားဝတ်ဆင်၍ ယဉ်ကျေးသိမ်မွေ့စွာ ဆင်ယင်သင့်၏။ ဆံပင်ကိုထုံးဖွဲ့၍ ရွှေ၊ ပုလဲနှင့် တန်ဖိုးကြီးသည့် အဝတ်တန်ဆာတို့ကို မဆင်ယင်သင့်ပေ။-
9 Da mesma sorte, que as mulheres, em traje decente, se ataviem com modéstia e bom senso, não com cabeleira frisada e com ouro, ou pérolas, ou vestuário dispendioso,
10 သူတို့သည် ဘုရားတရားကြည်ညိုသော အမျိုးသမီးများပြုလုပ်သင့်သော ကောင်းမှုကုသိုလ်များဖြင့် မိမိတို့ကိုယ်ကို ဆင်ယင်သင့်၏။-
10 porém com boas obras (como é próprio às mulheres que professam ser piedosas).
11 မိန်းမတစ်ဦးသည် ကျိုးနွံနာခံခြင်းဖြင့် တိတ်ဆိတ်စွာသင်ယူပါစေ။-
11 A mulher aprenda em silêncio, com toda a submissão.
12 မည်သည့်မိန်းမကိုမျှ သွန်သင်ညွှန်ကြားရန်၊ သို့မဟုတ် ယောက်ျားတို့အပေါ် ဩဇာပြရန် ငါခွင့်မပြု။ သူမသည် တိတ်ဆိတ်စွာ နေရမည်။-
12 E não permito que a mulher ensine, nem exerça autoridade de homem; esteja, porém, em silêncio.
13 အကြောင်းမူကား အာဒံသည် ပထမဦးစွာဖန် ဆင်းခြင်းခံခဲ့ရ၏။ ထို့နောက်မှ ဧ၀ကို ဖန်ဆင်းခဲ့ခြင်းဖြစ်၏။-
13 Porque, primeiro, foi formado Adão, depois, Eva.
14 အာဒံသည် လှည့်ဖြားခြင်းခံခဲ့ရသည်မဟုတ်။ မိန်းမသာလျှင် လှည့်ဖြားခြင်းခံခဲ့ရပြီး အပြစ်ကျူးလွန်သူဖြစ်ခဲ့ရ၏။-
14 E Adão não foi iludido, mas a mulher, sendo enganada, caiu em transgressão.
15 သို့သော်လည်း မိန်းမသည် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းမွန်မြတ်ခြင်းတို့၌ သိမ်မွေ့စွာ စောင့်ထိန်းပါလျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
15 Todavia, será preservada através de sua missão de mãe, se ela permanecer em fé, e amor, e santificação, com bom senso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.