1 Pedro 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ။ထိုနည်းတူပင် အသင်ဇနီးသည်တို့၊ သင်တို့၏ ခင်ပွန်းသည်တို့အား ကျိုးနွံနာခံကြလော့။ ဤသို့ဖြင့် နှုတ်တော်ထွက် တရား တော်ကိုမယုံကြည်သော ခင်ပွန်းအချို့ ရှိပါလျှင် သူတို့သည် သင်တို့၏ဘုရားတရား ရိုသေကိုင်းရှိုင်းခြင်းနှင့် ဖြူစင်သန့်ရှင်းသော ကျင့်စဉ်တို့ ကိုမြင်ရသောအခါ စကားတစ်ခွန်းမျှမပြောဆိုရဘဲ မိမိတို့၏ဇနီးသည်များကျင့်ကြံနေထိုင်ပုံအားဖြင့် သင်တို့ ဘက်သို့တိမ်းညွတ်လာနိုင်၏။-
1 Semelhantemente, vós, mulheres, sede sujeitas ao vosso próprio marido, para que também, se algum não obedece à palavra, pelo procedimento de sua mulher seja ganho sem palavra,
2 — ausente —
2 considerando a vossa vida casta, em temor.
3 သင်တို့၏အလှအပ ပြင်ဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေငွေရတနာဆင် မြန်းခြင်းနှင့် လှပသောအဝတ်အစားများ ဝတ်ဆင်ခြင်းစသော အပေါ်ယံအလှဆင်ခြင်းမျိုးမဖြစ်စေဘဲ၊-
3 O enfeite delas não seja o exterior, no frisado dos cabelos, no uso de joias de ouro, na compostura de vestes,
4 ဘုရား သခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်လှသော နူးညံ့သိမ်မွေ့ ခြင်းနှင့် အေးချမ်းသည့်အတွင်းစိတ်တည်း ဟူသော မပျောက်ပျက်နိုင်သည့်ရတနာဖြင့် သင်တို့၏စိတ်နှလုံးကို ပြင်ဆင်ထားကြလော့။-
4 mas o homem encoberto no coração, no incorruptível trajo de um espírito manso e quieto, que é precioso diante de Deus.
5 ဤသည်ကား ရှေးကာလက သန့်ရှင်းမွန်မြတ်သောအမျိုးသမီးတို့ မိမိတို့ ကိုယ်ကို ရှုချင်စဖွယ် ပြင်ဆင်ထားပုံဖြစ်၏။ သူတို့သည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် မိမိတို့၏ခင်ပွန်း များကိုလည်း ကျိုးနွံနာခံခဲ့ကြ၏။-
5 Porque assim se adornavam também antigamente as santas mulheres que esperavam em Deus e estavam sujeitas ao seu próprio marido,
6 ဆာရာသည် အာဘ ရာဟံကို ရိုသေကျိုးနွံလျက် သူ့ကို သခင်ဟုခေါ်ဆိုသကဲ့ သို့ပင်ဖြစ်၏။ ယခု သင်တို့သည် ကောင်းမြတ်ရာ ကိုပြု ကျင့်၍ မည်သည့်အရာကိုမျှကြောက်ရွံ့ခြင်းမရှိပါလျှင် ဆာရာ၏သားသမီးများဖြစ်ကြ၏။
6 como Sara obedecia a Abraão, chamando-lhe senhor, da qual vós sois filhas, fazendo o bem e não temendo nenhum espanto.
7 ထိုနည်းတူပင် အသင်ခင်ပွန်းသည်တို့၊ သင်တို့၏ ဇနီးသည်တို့သည် သင်တို့ထက် အားနွဲ့သူများဖြစ်ကြ သော်လည်း အသက်ရှင်ခြင်းကျေးဇူးတော်ကို သင်တို့နှင့် အတူ အမွေခံရသည့်အဖော်ဖြစ်သောကြောင့် သူတို့ကို ဂုဏ်ယူလေးစားလျက် သဘောထားပြည့်၀စွာဖြင့် သူတို့ နှင့်အတူ ပေါင်းသင်းနေထိုင်ကြပါလော့။ ဤသို့ပြုလျှင် သင်တို့၏ဆု တောင်းပတ္ထနာများကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
7 Igualmente vós, maridos, coabitai com ela com entendimento, dando honra à mulher, como vaso mais fraco; como sendo vós os seus coerdeiros da graça da vida; para que não sejam impedidas as vossas orações.
8 သင်တို့အားလုံးသည် စိတ်နှလုံးတစ်လုံးတစ်၀ တည်းရှိကြ၍ စာနာထောက်ထားတတ်ခြင်း၊ ညီအစ်ကို ချင်းချစ်ခင်ခြင်း၊ နူးညံ့သိမ်မွေ့သောနှလုံးသားနှင့် နှိမ့်ချသောစိတ်ထားရှိကြရန် နောက်ဆုံးမှာကြားလိုပါ၏။-
8 E, finalmente, sede todos de um mesmo sentimento, compassivos, amando os irmãos, entranhavelmente misericordiosos e afáveis,
9 မကောင်းမှုကို မကောင်းမှုဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းကို ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း မည်သည့်အခါ မျှမတုံ့ပြန်လေနှင့်။ ထိုကဲ့သို့တုံ့ပြန်ခြင်းထက် ကောင်းချီး ပေးကြလော့။ အကြောင်းမူကား သင်တို့သည် ကောင်းချီးမင်္ဂလာ တော်ကို ခံစားရမည့်အကြောင်း ဤကဲ့သို့ပြု လုပ်ရန် သင်တို့ကို ခေါ်တော်မူခြင်းဖြစ်၏။-
9 não tornando mal por mal ou injúria por injúria; antes, pelo contrário, bendizendo, sabendo que para isto fostes chamados, para que, por herança, alcanceis a bênção.
10 အကြောင်းမူကား မိမိအသက်ကို ချစ်မြတ်နိုး၍ ပျော်ရွှင်ဖွယ်ကောင်း သောနေ့ရက်များကို အလိုရှိသောသူသည် မိမိ၏လျှာကို မကောင်းမှုမှ ကင်းဝေးစေလျက် မိမိ၏နှုတ်ကိုလည်း လိမ်လည်လှည့်ဖြားခြင်းမှ ကင်းဝေးစေရမည်။-
10 Porque quem quer amar a vida e ver os dias bons, refreie a sua língua do mal, e os seus lábios não falem engano;
11 သူသည် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကိုပြုပါစေ။ သူသည် ငြိမ်းချမ်းသာယာခြင်းကို ရှာဖွေ၍ ၎င်းကို လက်ကိုင် ထားရမည်။-
11 aparte-se do mal e faça o bem; busque a paz e siga-a.
12 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်း သံကို ကြားနာတော်မူ၏။ သို့သော် ထာ၀ရဘုရားသခင်သည် အပြစ်မကောင်းမှု ကျူးလွန် သောသူတို့ထံမှ မျက်နှာတော်ကို လွှဲတော်မူ၏။
12 Porque os olhos do Senhor estão sobre os justos, e os seus ouvidos, atentos às suas orações; mas o rosto do Senhor é contra os que fazem males.
13 သင်တို့သည် ကောင်းမှုကိုပြုရန် စိတ်အားထက် သန်ကြပါလျှင် မည်သူသည် သင်တို့ကို ထိခိုက်ရန်မူနိုင် မည်နည်း။-
13 E qual é aquele que vos fará mal, se fordes zelosos do bem?
14 သို့သော် သင်တို့သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံကြရပါလျှင်လည်း သင်တို့သည် ကောင်းချီးခံကြရ လိမ့်မည်။ ထိုသူတို့ကို မကြောက်ရွံ့ ကြ နှင့်။ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိကြနှင့်။-
14 Mas também, se padecerdes por amor da justiça, sois bem-aventurados. E não temais com medo deles, nem vos turbeis;
15 သင်တို့ ၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် လက် ခံ၍ ရိုသေသမှုပြုကြလော့။ သင်တို့၏မျှော်လင့်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းပြောကြားရန် တောင်းဆိုလာသော သူတို့အား သိမ်မွေ့စွာနှင့် ရိုသေလေးစားစွာ ဖြေကြားနိုင် ခြင်းငှာ အမြဲအသင့်ရှိကြလော့။-
15 antes, santificai a Cristo, como Senhor, em vosso coração; e estai sempre preparados para responder com mansidão e temor a qualquer que vos pedir a razão da esperança que há em vós,
16 သင်တို့၏အသိစိတ်ကို ကြည်လင်ရှင်းသန့်စေကြလော့။ သို့မှသာ သင်တို့သည် ပြစ်တင်ဝေဖန်ခြင်းခံကြရသောအခါ ခရစ်တော်၌ သင် တို့ကျင့်သည့် ကောင်းမြတ်သောကျင့်စဉ်ကို ကဲ့ရဲ့ရှုတ်ချ သောသူတို့သည် အရှက်ရကြလိမ့်မည်။-
16 tendo uma boa consciência, para que, naquilo em que falam mal de vós, como de malfeitores, fiquem confundidos os que blasfemam do vosso bom procedimento em Cristo,
17 အကြောင်းမူ ကား သင်သည် ဒုက္ခဝေဒနာခံစားရန် ဘုရားသခင်အလို တော်ရှိလျှင် မကောင်းမှုပြုခြင်းကြောင့် ဒုက္ခခံထမ်းရ သည်ထက် ကောင်းမှုပြုခြင်းကြောင့် ဒုက္ခဆင်းရဲခံရသည်က ပို၍ကောင်း၏။-
17 porque melhor é que padeçais fazendo o bem (se a vontade de Deus assim o quer) do que fazendo o mal.
18 အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တော်တိုင်သည် အပြစ်များအတွက် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်အသေ ခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူက မဖြောင့်မတ်သောသူတို့ အတွက် အသေခံခြင်းဖြင့် ကိုယ်တော်သည် ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခဲ့၏။ ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ပြန်ရှင်တော်မူခဲ့၏။-
18 Porque também Cristo padeceu uma vez pelos pecados, o justo pelos injustos, para levar-nos a Deus; mortificado, na verdade, na carne, mas vivificado pelo Espírito,
19 ကိုယ်တော်သည် ထိုဝိညာဉ်တော်အားဖြင့် ကြွသွား၍ အကျဉ်းထောင်ထဲတွင်ရှိသောဝိညာဉ်များကို ဟောပြော တော်မူ၏။-
19 no qual também foi e pregou aos espíritos em prisão,
20 ထိုသူတို့သည်ကား တစ်ချိန်က နောဧလက်ထက်၌ ဘုရားသခင်ကို နာခံခြင်းမရှိခဲ့ကြသောသူများဖြစ်ကြ၏။ သင်္ဘောတည်ဆောက်နေချိန်အတွင်း ဘုရားသခင်သည် သူတို့အား စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့၏။ထိုအဖြစ်အပျက်တွင် လူရှစ်ယောက်သာလျှင် ရေဘေးမှ ကယ်ဆယ်ခြင်းခံရ၏။-
20 os quais em outro tempo foram rebeldes, quando a longanimidade de Deus esperava nos dias de Noé, enquanto se preparava a arca; na qual poucas (isto é, oito) almas se salvaram pela água,
21 ဤကဲ့သို့ရေဘေးမှ ကယ်ဆယ် ခြင်းခံရသည်နှင့် အလားသဏ္ဌာန်တူသည့် ဆေးကြော ခြင်းမင်္ဂလာသည် ယခု သင်တို့ကို ကယ်တင်လျက်ရှိ၏။ ၎င်းမှာ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုဖယ်ရှားသန့် စင်ခြင်းမဟုတ်ဘဲ ယေဇူးခရစ်တော်၏ရှင်ပြန် ထမြောက် တော်မူခြင်းဖြင့် သင်တို့၌ ကြည်လင်ရှင်းသန့်သောအသိ စိတ်ရှိလာစေရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်း ဖြစ်၏။-
21 que também, como uma verdadeira figura, agora vos salva, batismo, não do despojamento da imundícia da carne, mas da indagação de uma boa consciência para com Deus, pela ressurreição de Jesus Cristo;
22 ထိုသခင်သည် ကောင်းကင်နိုင်ငံတော်သို့ ကြွဝင်ပြီးလျှင် ကောင်းကင်တမန်တော်များ၊ ကောင်းကင်နှင့် ဆိုင်သောအာဏာနှင့် ဘုန်းတန်ခိုးများကို မိမိ၏လက် အောက်သို့ရောက်စေလျက် ဘုရားသခင်၏လက်ယာ တော်၌ စံပယ်တော်မူလေ၏။
22 o qual está à destra de Deus, tendo subido ao céu, havendo-se-lhe sujeitado os anjos, e as autoridades, e as potências.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.