1 João 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ထိုအရှင်သည် အစဦးကရှိနှင့်ပြီးဖြစ်၏။ သူ့ကိုငါတို့ကြားနာခဲ့ကြ၏။ ငါတို့၏မျက်စိဖြင့်မြင်ခဲ့ကြ၏။ သူ့ကို ငါတို့ကြည့်ရှု ဆင်ခြင်၍ ငါတို့၏လက်များ ဖြင့်တို့ထိလျက် စမ်းသပ်ခဲ့ကြ၏။ ထိုအရှင်သည်ကား အသက်ပေးသော နှုတ်တော်ထွက်စကား ပေတည်း။-
1 Estamos escrevendo a vocês a respeito da Palavra da vida, que existiu desde a criação do mundo. Nós a ouvimos e com os nossos próprios olhos a vimos. De fato, nós a vimos, e as nossas mãos tocaram nela.
2 ထိုအသက်တော်သည် ပေါ်လွင်ထင်ရှားလာလေပြီ။ ငါတို့သည်လည်း ၎င်းကို မြင်ခဲ့ရသဖြင့် သက်သေခံကြ၏။ ခမည်းတော် နှင့်အတူ ရှိတော်မူခဲ့၍ ငါတို့အား ထင်ရှားပြသောထာ၀ရအသက်တော်ကို ငါတို့သည် သင်တို့အား ကြေညာဟောပြော၏။-
2 Quando essa vida apareceu, nós a vimos. É por isso que agora falamos dela e anunciamos a vocês a vida eterna que estava com o Pai e que nos foi revelada.
3 ငါတို့သည် ငါတို့မြင်တွေ့ကြား သိခဲ့ရသောအရာကို သင်တို့အား ကြေညာဟောပြော၏။သို့မှသာ သင်တို့သည် ငါတို့နှင့်အတူ မိတ်သဟာယဖွဲ့နိုင် ကြလိမ့်မည်။ ငါတို့သည် မိတ်သဟာယဖွဲ့ရာတွင် ခမည်း တော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်နှင့်လည်းကောင်းမိတ်သဟာယဖွဲ့ ခြင်းဖြစ်၏။-
3 Contamos a vocês o que vimos e ouvimos para que vocês estejam unidos conosco, assim como nós estamos unidos com o Pai e com Jesus Cristo, o seu Filho.
4 ငါတို့၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေခြင်းငှာ ဤ အကြောင်းအရာကို ငါတို့ရေးခြင်းဖြစ်၏။
4 Escrevemos isso para que a nossa alegria seja completa.
5 ငါတို့သည် ကိုယ်တော်ထံမှကြားနာရပြီးနောက် သင်တို့အား ကြေညာဟောပြောသောသတင်းစကား မှာ ဤသို့ဖြစ်သတည်း။ ဘုရားသခင်သည် အလင်းဖြစ် တော်မူ၏။ ကိုယ်တော်၌ မှောင်မိုက်ခြင်းလုံး၀မရှိ။-
5 A mensagem que Cristo nos deu e que anunciamos a vocês é esta: Deus é luz , e não há nele nenhuma escuridão .
6 ငါတို့ သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ ကြပြီဟုဆိုလျက် မှောင်မိုက်တွင် လျှောက်လှမ်းနေကြပါလျှင် ငါတို့သည် သမ္မာတရားတော်အတိုင်း မနေထိုင်ကြဘဲ လိမ်လည်နေ ခြင်းသာဖြစ်၏။-
6 Portanto, se dizemos que estamos unidos com Deus e ao mesmo tempo vivemos na escuridão, então estamos mentindo com palavras e ações.
7 သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ရှိတော်မူသည့်အတိုင်း ငါတို့သည်လည်း အလင်း၌ လျှောက်လှမ်းကြပါလျှင် ငါတို့ သည် အချင်းချင်းတစ်ဦးနှင့် တစ်ဦးမိတ်သဟာယဖွဲ့ ကြလေပြီ။ ထိုအခါ ကိုယ်တော်၏သားတော် ယေဇူးသခင်၏ အသွေးတော် သည်လည်း ငါတို့အား အပြစ်မကောင်းမှုအပေါင်းမှ စင်ကြယ်စေတော် မူလိမ့်မည်။-
7 Porém, se vivemos na luz, como Deus está na luz, então estamos unidos uns com os outros, e o sangue de Jesus, o seu Filho, nos limpa de todo pecado.
8 ငါတို့၌ အပြစ်မရှိဟုဆိုကြလျှင် ငါတို့သည် မိမိတို့ကိုယ်ကို လှည့်စားခြင်းသာဖြစ်ပြီး သမ္မာတရား သည်လည်း ငါတို့၌ မတည်ချေ။-
8 Se dizemos que não temos pecados, estamos nos enganando, e não há verdade em nós.
9 ငါတို့သည် မိမိတို့၏ အပြစ်များကို ဝန်ခံကြလျှင် ကိုယ်တော်သည် သစ္စာတည် တော်မူ၍ တရားမျှတသဖြင့် ငါတို့၏အပြစ်များ ကို ခွင့်လွှတ်ပြီးလျှင် ငါတို့အား မကောင်းမှုအပေါင်းမှ စင်ကြယ် စေတော်မူလိမ့်မည်။-
9 Mas, se confessarmos os nossos pecados a Deus, ele cumprirá a sua promessa e fará o que é correto: ele perdoará os nossos pecados e nos limpará de toda maldade.
10 ငါတို့သည် မည်သည့်အခါမျှ အပြစ်မကျူးလွန်ခဲ့ပါဟုဆိုကြလျှင် ငါတို့သည် ကိုယ်တော့်ကို လိမ်လည်သူဖြစ်စေပြီး ကိုယ်တော်၏နှုတ်တော်ထွက် စကားသည်လည်း ငါတို့၌ တည်ရှိတော်မမူချေ။
10 Se dizemos que não temos cometido pecados, fazemos de Deus um mentiroso, e a sua mensagem não está em nós.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.