Romanos 3

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထိုသို့ဖြစ်လျှင် ယုဒလူမျိုးတိသည် တခြားလူမျိုးတိထက် ဇာထူးခြားမှု ဟိပါသိမ့်လဲ။ သို့တည်းမဟုတ် အရီဖျားလှီးခြင်းကို ခံယူခြင်းအားဖြင့် ဇာအကျိုး ဟိပါလဲ။
1 Então qual é a vantagem de ser judeu? A circuncisão tem algum valor?
2 အမှန်ဆိုရလျှင် အဖက်ဖက်၌ အကျိုးကျေးဇူး များစွာဟိပါ၏။ ဘုရားသခင်သည် မိမိ၏ဗျာဒိတ်တော်ကို ယုဒလူမျိုးများအား ပထမဦးစွာ ပီးအပ်ခ၏။
2 Sim, há muitos benefícios. Em primeiro lugar, aos judeus foi confiada toda a revelação de Deus.
3 သို့ရာတွင် ယုဒလူမျိုးတချို့သည် သစ္စာမဟိခပါကား။ ဘုရားသခင်သည် သစ္စာမဟိဟု ဆိုပါမည်လော။
3 É verdade que alguns deles foram infiéis, mas isso significa que Deus será infiel?
4 လုံးဝ မဆိုနိုင်ပါ။ လူတိုင်းသည် မုသာတရား၌ ကျင်လည်နိန်ကြသော်လည်း ဘုရားသခင်၏သစ္စာတော်သည် အစဉ်အမြဲ တည်တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်ကား၊
4 De maneira nenhuma! Ainda que todos sejam mentirosos, Deus é verdadeiro. E as Escrituras dizem a seu respeito: “Será provado que tens razão no que dizes, e ganharás tua causa no juízo”.
5 သို့ရာတွင် ငါရို့၏ပြစ်မှားခြင်းသည် ဘုရားသခင်ဖြောင့်မတ်တော်မူကြောင်းကို သာ၍ ထင်ရှားစီသလော။ ဘုရားသခင်သည် ငါရို့အား အပြစ်ပီးတော်မူသောအခါ မှားသည်ဟု ငါရို့က ပြောနိုင်မည်လော။ ထိုသို့ဆိုသော် လူ့ဇာတိသဘောအတိုင်း ငါဆိုခြင်း ဖြစ်လိမ့်မည်။
5 Alguém poderia dizer: “Mas nosso pecado não cumpre um bom propósito, ajudando os outros a verem como Deus é justo? Não é uma injustiça, portanto, Deus nos castigar?”. (Estou seguindo o ponto de vista humano.)
6 ထိုသို့ မဆိုနိုင်။ ဘုရားသခင်သည် တရားမျှတမှုမဟိလျှင် လောကသားတိကို ဇာပိုင် တရားစီရင်တော်မူမည်နည်း။
6 Claro que não! Se fosse assim, como Deus poderia julgar o mundo?
7 သို့သော် ငါ၏ မမှန်သော သဘောသည် ဘုရားသခင်၏ အမှန်တရားကို သာ၍ ထင်ရှားစီပြီး ဘုရားသခင်၏ဘုန်းတော်ကို တိုးပွားစီသလော။ ထိုသို့ဆိုလျှင် ငါ့အား အပြစ်သားတစ်ယောက်ကဲ့သို့ ဇာကြောင့် အပြစ်စီရင်နိန်ကြသနည်း။
7 Alguém poderia argumentar, ainda: “Mas por que Deus me condena como pecador se minha mentira ressalta sua verdade e lhe traz mais glória?”.
8 ထိုအခါ လူတချို့က “ငါရို့သည် ကောင်းကျိုးဖြစ်လာဖို့ မကောင်းသော အကျင့်ကို ငါရို့ ကျင့်ကတ်မေ” လို့ ဇာကြောင့် မပြောလဲ ဟူ၍ ငါပြောသည့်စကားဖြင့် ငါ့ကို စွပ်စွဲပြီး ငါ့အား အပြစ်တင်ကြ၏။ ထိုသူရို့သည် မိမိရို့ ပြုသည့်အတိုင်း ထိုက်တန်သည့်ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။
8 E alguns até nos difamam, afirmando que dizemos: “Quanto mais pecarmos, melhor!”. Quem diz essas coisas merece condenação.
9 သို့ဖြစ်လျှင် ငါရို့ ယုဒလူမျိုးတိသည် တခြားလူမျိုးတိထက် သာ၍ ကောင်းမြတ်သောသဘော ဟိသလော၊ လုံးဝ မဟိပါ။ အကြောင်းမူကား၊ ယုဒလူမျိုးနှင့် တခြားလူမျိုးအားလုံးသည် အပြစ်တရားအောက်မှာ အတူတူ ဟိနိန်ကြသည်ကို ငါဖော်ပြခပြီးဖြစ်၏။
9 Pois bem, devemos concluir que nós, judeus, somos melhores que os outros? Não, de maneira nenhuma, pois já mostramos que todos, judeus ou gentios, estão sob o poder do pecado.
10 ကျမ်းစာလာသည်ကား၊
10 Como afirmam as Escrituras: “Ninguém é justo, nem um sequer.
11 ပညာဟိသောသူဟူ၍ မဟိ၊
11 Ninguém é sábio, ninguém busca a Deus.
12 လူတိအားလုံး ဘုရားသခင်ပါးမှ လမ်းလွဲလားကြပြီ၊
12 Todos se desviaram, todos se tornaram inúteis. Ninguém faz o bem, nem um sequer.”
13 သူရို့၏စကားသည် ရွံမုန်းစရာကောင်းသော လှည့်ဖြားခြင်းနှင့် ပြည့်လျက်ဟိ၏။
13 “Sua conversa é repulsiva, como o odor de um túmulo aberto; sua língua é cheia de mentiras.” “Veneno de serpentes goteja de seus lábios.”
14 သူရို့၏စကားသည် ခါးသီးသော ကျိန်ဆဲခြင်းနှင့် ပြည့်လျက်ဟိကြ၏။
14 “Sua boca é cheia de maldição e amargura.”
15 သူရို့သည် နာကျင်စီခြင်းငှာလည်းကောင်း အသီသတ်ခြင်းငှာလည်းကောင်း လျင်မြန်တတ်၏။
15 “Apressam-se em cometer homicídio;
16 သူရို့ရောက်လေရာအရပ်၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို ထားခကြ၏။
16 por onde passam, deixam destruição e sofrimento.
17 သူရို့သည် ငြိမ်းချမ်းသောလမ်းကို မသိကြ။
17 Não sabem onde encontrar paz.”
18 သူရို့က ဘုရားသခင်သည် ကြောက်စရာမလိုဟု ခံယူထားကြ၏” ဟူ၍ ဖြစ်၏။
18 “Não têm o menor temor de Deus.”
19 ပညတ်တရား၏ မိန့်မှာချက်ဟူသမျှသည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသောသူရို့၌ သက်ရောက်မှုဟိသည်ကို ငါရို့သည် အဂု သိကြသည်ဖြစ်၍ လူသားအားလုံးသည် စကားတခွန်းမျှ ပြောခွင့်မဟိဘဲ လောကတစ်ခုလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအောက်၌ သက်ရောက်နိန်၏။
19 É evidente que a lei se aplica àqueles a quem ela foi entregue, pois seu propósito é evitar desculpas e mostrar que todo o mundo é culpado diante de Deus.
20 ထို့ကြောင့် ပညတ်တရားအလိုကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏မျက်မှောက်၌ မည်သူမျှ ဖြောင့်မတ်သောသူတစ်ယောက် မဖြစ်လာနိုင်။ ပညတ်တရားသည်ကား လူသားတိသည် အပြစ်ကျူးလွန်ကြကြောင်းကို သိကြစီခြင်းငှာ ဖော်ပြလျက်ဟိ၏။
20 Pois ninguém será declarado justo diante de Deus por fazer o que a lei ordena. A lei simplesmente mostra quanto somos pecadores.
21 သို့ရာတွင် အဂုအခါ၌ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းတရားလမ်းကို ကိုယ်တော်တိုင် ဖော်ပြထား၏။ မောသျှေနှင့် ပရောဖက်များ၏ပညတ္တိကျမ်းသည် ထိုဖြောင့်မတ်ခြင်းတရားကို သက်သီခံ၍ ရီးထားခသည်ဖြစ်သော်လည်း ပညတ်တရားဖြင့် ကျင့်ကြရန် မပါဟိပေ။
21 Agora, porém, conforme prometido na lei de Moisés e nos profetas, Deus nos mostrou como somos declarados justos diante dele sem as exigências da lei:
22 ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။
22 somos declarados justos diante de Deus por meio da fé em Jesus Cristo, e isso se aplica a todos que creem, sem nenhuma distinção.
23 အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။
23 Pois todos pecaram e não alcançam o padrão da glória de Deus,
24 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
24 mas ele, em sua graça, nos declara justos por meio de Cristo Jesus, que nos resgatou do castigo por nossos pecados.
25 ဘုရားသခင်သည် ခရစ်တော်ကို ပူဇော်တော်မူ၏။ အကြောင်းမှာ ထိုခရစ်တော်၌ ယုံကြည်ကြသော လူအပေါင်းရို့သည် ကိုယ်တော်၏အသွီး တော်အားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ရန်ဖြစ်၏။ အတိတ်ကာလ၌ ဘုရားသခင်သည် သည်းခံတော်မူသည်ဖြစ်၍ လူတိ အပြစ်များကို မှတ်တော်မမူခပေ။
25 Deus apresentou Jesus como sacrifício pelo pecado, com o sangue que ele derramou, mostrando assim sua justiça em favor dos que creem. No passado ele se conteve e não castigou os pecados antes cometidos,
26 ဤသည်ကား အဂုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစီရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအသျှင်ဖြစ်တော်မူပြီး ယေသျှုကို ယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။
26 pois planejava revelar sua justiça no tempo presente. Com isso, Deus se mostrou justo, condenando o pecado, e justificador, declarando justo o pecador que crê em Jesus.
27 သို့ဖြစ်၍ ငါရို့မှာ ဝါကြွားစရာ အကြောင်း ဟိနိုင်ပါမည်လော။ လုံးဝမဟိနိုင်။ ဝါကြွားစရာအကြောင်း ဇာမှာဟိပါဖို့လဲ။ ငါရို့သည် ပညတ်တရားကို ကျင့်ကြသလော။ မကျင့်ကြ။ သို့ရာတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
27 Podemos então nos vangloriar de ter feito algo para sermos aceitos por Deus? Não, pois nossa absolvição não vem pela obediência à lei, mas pela fé.
28 ထို့ကြောင့် လူမည်သည်ကား၊ ပညတ်တရားမိန့်မှာချက်များကို ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ရာသို့ ရောက်ကြ၏။
28 Portanto, somos declarados justos por meio da fé, e não pela obediência à lei.
29 တဖန် ဘုရားသခင်သည် ယုဒလူမျိုးတိ ဘုရားမျှသာ ဖြစ်တော်မူသလော၊ တခြားလူမျိုးတိ ဘုရား မဟုတ်ပါလော၊ အမှန်မှာ လူသားအားလုံး၏ဘုရား ဖြစ်တော်မူ၏။
29 Afinal, Deus é Deus apenas dos judeus? Não é também Deus dos gentios? Claro que sim!
30 ဘုရားသခင် တစ်ဆူတည်းဟိတော်မူ၏။ ထိုဘုရားသခင်သည် ယုဒလူမျိုးတိကို ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏၊ တခြားလူမျိုးတိကိုလည်း ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
30 Existe um só Deus, e ele declara justos tanto judeus como gentios somente pela fé.
31 သို့ဖြစ်လျှင် ငါရို့သည် ဤယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသည်ဟု ဆိုလိုသလော။ လုံးဝမပယ်သည့်အပြင် ငါရို့သည် ပညတ်တရားကို ထောက်ခံလျက် ဟိကြပေ၏။
31 Então, se enfatizamos a fé, quer dizer que podemos abolir a lei? Claro que não! Na realidade, é só quando temos fé que cumprimos verdadeiramente a lei.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.