Marcos 13

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယေသျှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် တပည့်တော်တစ်ယောက်က “ဆရာ၊ ကြည့်ပါ။ ဧရာမကျောက်တုံးတိနှင့် ခန်းနားထည်ဝါသော အဆောက်အဦးတိပါတကား” ဟု လျှောက်လျှင်၊
1 Quando Jesus saía do templo, um de seus discípulos disse: “Mestre, olhe que construções magníficas! Que pedras impressionantes!”.
2 ယေသျှုက “ဤအဆောက်အဦးကြီးတိကို သင်သည် အဂု မြင်ရ၏။ ဤအဆောက်အဦးတိမှာ ကျောက်တုံးတိ တစ်တုံးမျှမကျန် ဖြိုချခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
2 Jesus respondeu: “Está vendo estas grandes construções? Serão completamente destruídas. Não restará pedra sobre pedra!”.
3 ယေသျှုသည် သံလွင်တောင်ထက်၌ ဗိမာန်တော်ဖက်သို့ မျက်နှာမူ၍ ထိုင်နိန်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေရို့သည် ကိုယ်တော့်ထံသို့ သီးသန့်ချဉ်းကပ်ပြီးလျှင်၊
3 Mais tarde, Jesus sentou-se no monte das Oliveiras, do outro lado do vale, de frente para o templo. Pedro, Tiago, João e André vieram e lhe perguntaram em particular:
4 “ကိုယ်တော် မိန့်တော်မူသောအရာတိကား ဇာကာလ၌ ဖြစ်ပျက်မည်နည်း။ ထိုအမှုအရာများ ဖြစ်ပျက်ချိန်၌ ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည်ကို အကျွန်ရို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
4 “Diga-nos, quando isso tudo vai acontecer? Que sinais indicarão que essas coisas estão prestes a se cumprir?”.
5 ယေသျှုက “သူတစ်ပါးလှည့်စားခြင်းကို သင်ရို့မခံရဖို့ သတိပြုကြလော့။
5 Jesus respondeu: “Não deixem que ninguém os engane,
6 လူအများက၊ ငါ၏အကွန်ကို ဆောင်ပြီး လာကြလိမ့်မည်။ ‘ငါကား၊ မေသျှိယ ဖြစ်၏’ ဟု ဆိုပြီးလျှင် လူတိကို လှည့်ဖြားကြလိမ့်မည်။
6 pois muitos virão em meu nome, dizendo: ‘Eu sou o Cristo’, e enganarão muitos.
7 သင်ရို့သည် အဝီး၊ အပါးမှ စစ်တိုက်သောသတင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းကိုလည်းကောင်း ကြားသောအခါ မထိတ်လန့်ကတ်ကေ့။ ထိုအမှုအရာတိကား ဖြစ်လာရမည်။ သို့သော်လည်း ကပ်ကမ္ဘာကုန်ဆုံးချိန်ကား မရောက်သိမ့်။
7 Vocês ouvirão falar de guerras e ameaças de guerras, mas não entrem em pânico. Sim, é necessário que essas coisas ocorram, mas ainda não será o fim.
8 လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နီရာအနှံ့တွင် ငလျှင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်လိမ့်မည်။ ထိုအမှုအရာတိကား ရောက်လာမည့် ဆင်းရဲဒုက္ခများ၏ ရှိ့ဗြီးဖြစ်၏။
8 Uma nação guerreará contra a outra, e um reino contra o outro. Haverá terremotos em vários lugares, e também fome. Tudo isso, porém, será apenas o começo das dores de parto.
9 “သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။
9 “Tenham cuidado! Vocês serão entregues aos tribunais e açoitados nas sinagogas. Por minha causa, serão julgados diante de governadores e reis. Essa será sua oportunidade de lhes falar a meu respeito.
10 သို့ရာတွင် ကပ်ကမ္ဘာကုန်ဆုံးချိန် မရောက်လာမီ သတင်းကောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောရကြမည်။
10 É necessário, primeiro, que as boas-novas sejam anunciadas a todas as nações.
11 သင်ရို့ကို ဖမ်း၍ တရားရုံးသို့ ပို့သောအခါ မည်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကတ်ကေ့။ ထိုခဏချင်းတွင် သင်ရို့၏စိတ်ထဲ၌ ပေါ်လာသော စကားတိကိုသာ ပြောလော့။ ယင်းစကားတိကား သင်ရို့၏စကား မဟုတ်၊ သန့်ယှင်းသောဝိညာဉ်တော်၏ စကားတိရာဖြစ်၏။
11 Quando forem presos e julgados, não se preocupem com o que dirão. Falem apenas o que lhes for concedido naquele momento, pois não serão vocês que falarão, mas o Espírito Santo.
12 ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သီစီခြင်းငှာ အပ်ကြလိမ့်မည်။ ဖခင်က သားကို အပ်သည်နည်းတူ သားသမီးတိကလည်း မိဘတိကို ရန်ပြုကာ သီစီကြလိမ့်မည်။
12 “O irmão trairá seu irmão e o entregará à morte, e assim também o pai a seu próprio filho. Os filhos se rebelarão contra os pais e os matarão.
13 ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
13 Todos os odiarão por minha causa, mas quem se mantiver firme até o fim será salvo.
14 “ဖျက်ဆီးတတ်သော ရွံစာရာကောင်းသောအရာသည် မဟိအပ်သောနီရာ၌ ဟိနိန်သည်ကို သင်ရို့မြင်ရကြလိမ့်မည်။ ကျမ်းစာဖတ်သောသူကား ဤအချက်တိကို နားလည်လိမ့်မည်။ ယင်းပိုင် မြင်သည့်အခါ ယုဒပြည်၌ဟိသောလူတိ တောင်ထက်သို့ ဗြီးကြလော့။
14 “Chegará o dia em que vocês verão a ‘terrível profanação’ no lugar onde não deveria estar. (Leitor, preste atenção!) Então, quem estiver na Judeia, fuja para os montes.
15 ခေါင်မိုးထက်၌ ဟိသောသူတိ၊ အောက်သို့ဆင်းပြီးလျှင် တစ်စုံတစ်ခု ယူခြင်းငှာ အိမ်ထဲသို့ မဝင်စီကေ့။
15 Quem estiver na parte de cima da casa, não desça nem entre para pegar coisa alguma.
16 လယ်၌ ဟိသောသူကိုလည်း မိမိ၏အဝတ်ကို ယူဖို့ အိမ်သို့ မပြန်စီကေ့။
16 Quem estiver no campo, não volte nem para pegar o manto.
17 ထိုနိ့ရက်ကာလ၌ ပဋိသန္ဓေလွယ်သော မိန်းမနှင့် နို့စို့သူငယ်ဟိသော မိခင်ရို့သည်ကား ကကောင်းကို ခက်ခဲကြလိမ့်မည်။
17 Que terríveis serão aqueles dias para as grávidas e para as mães que estiverem amamentando!
18 ယင်းအမှုအရာများသည် ဆောင်းရာသီတွင် မဖြစ်မည်အကြောင်း ဆုတောင်းကြလော့။
18 Orem para que a fuga de vocês não aconteça no inverno,
19 အကြောင်းမူကား လောကကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးအချိန်မှစ၍ အဂု မျက်မှောက်ကာလထိတိုင်ယောင် လူရို့တိ မကြုံဖူး။ နောင်ကာလ၌လည်း ကြုံရလိမ့်မည် မဟုတ်သော ထိုဆင်းရဲဒုက္ခမျိုးသည် ယင်းနိ့ရက်၌ ဖြစ်ပျက်လိမ့်မည်။
19 pois haverá mais angústia naqueles dias que em qualquer outra ocasião desde que Deus criou o mundo, e nunca mais haverá angústia tão grande.
20 သခင်ဘုရားသည် ယင်းနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် ဇာသူမျှ ထိုဖီးဒဏ်နှင့် ကင်းလွတ်နိုင်လိမ့်မည် မဟုတ်။ သို့သော်လည်း၊ ဘုရားသခင်သည် မိမိရွီးချယ်ထားသော လူတိအဖို့ ယင်းနိ့ရက်ကာလကို တိုတောင်းစီတော်မူမည်။
20 De fato, se o Senhor não tivesse limitado esse tempo, ninguém sobreviveria, mas, por causa de seus escolhidos, ele limitou aqueles dias.
21 “ယင်းအချိန်ကာလ၌ တစ်စုံတစ်ယောက်သောသူက၊ ‘ကြည့်လော့။ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောဆိုသော်လည်း — မယုံကြည်ကတ်ကေ့။
21 “Portanto, se alguém lhes disser: ‘Vejam, aqui está o Cristo!’ ou ‘Vejam, ali está ele!’, não acreditem,
22 အကြောင်းမှုကား၊ မေသျှိယ အကွန်ဆောင်နှင့် မိစ္ဆာပရောဖက်များသည် ပေါ်လာကြလိမ့်မည်။ သူရို့သည် ဖြစ်နိုင်လျှင် ဘုရားသခင် ရွီးချယ်ထားသော သူရို့ကိုပင် လှည့်စားနိုင်ခြင်းငှာ အံ့ဖွယ်သော အမှုအရာတိနှင့် နိမိတ်လက္ခဏာတိကို ပြကြလိမ့်မည်။
22 pois falsos cristos e falsos profetas surgirão e realizarão sinais e maravilhas a fim de enganar, se possível, até os escolhidos.
23 သင်ရို့ သတိနှင့် နီကြလော့။ ဤအမှုအရာအားလုံး မဖြစ်လာမီ သင်ရို့အား ငါ ကြိုတင်ဖော် ပြထားယာ။
23 Fiquem atentos! Eu os avisei a esse respeito de antemão.
24 “ထိုကာလ၌ ဆင်းရဲဒုက္ခရောက်လာပြီးနောက် နီသည် မှောင်မိုက်အတိ ဖြစ်ပြီးလျှင်၊ လသည်လည်း အလင်းရောင်ကို မပီး။
24 “Naquele tempo, depois da angústia daqueles dias, ‘o sol escurecerá, a lua não dará luz,
25 ကြယ်တိလည်း ကောင်းကင်မှ ကြွီကျလိမ့်မည်။ ကောင်းကင်တန်းခိုးတိလည်း တုန်လှုပ်ကြလိမ့်မည်။
25 as estrelas cairão do céu, e os poderes dos céus serão abalados’.
26 ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။
26 Então todos verão o Filho do Homem vindo nas nuvens com grande poder e glória.
27 ယင်းနောက် လူသားသည် မြီကြီးတစ်ပြင်လုံး၌ မိမိရွီးချယ်ထားသော လူတိကို စုရုံးစီခြင်းငှာ ကောင်းကင်တမန်တိကို မြီကြီးအရပ်လေးမျက်နှာသို့ စီရွှတ်တော်မူလိမ့်မည်။
27 Ele enviará seus anjos para reunir seus escolhidos de todas as partes do mundo, das extremidades da terra às extremidades do céu.
28 “သဖန်းပင်ကိုကြည့်၍ ကာလအချိန်ကို သိမှတ်ကြလော့။ ယင်းအပင်၏ အခက်အလက်တိက ရွက်နုထွက်လာလျှင် နွီကာလ ရောက်လုနီးသည်ကို သင်ရို့သိကြ၏။
28 “Agora, aprendam a lição da figueira. Quando surgem seus ramos e suas folhas começam a brotar, vocês sabem que o verão está próximo.
29 ယင်းနည်းတူ ဖော်ပြခသော အမှုအရာများ ဖြစ်ပျက်နိန်သည်ကို တွိ့မြင်ရသောခါ၊ လူသားသည် သင်ရို့၏ အနီးအပါး၊ တန်းခါးဝနားသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။
29 Da mesma forma, quando virem todas essas coisas, saberão que o tempo está muito próximo, à porta.
30 ငါ အမှန်ဆိုသည်ကား၊ အဂု အသက်ရှင်နိန်သောလူတိ မသီဆုံးမီ ဤအမှု အရာအားလုံးသည် ဖြစ်ပျက်ရလိမ့်မည်။
30 Eu lhes digo a verdade: esta geração certamente não passará até que todas essas coisas tenham acontecido.
31 ကောင်းကင်နှင့် မြီကြီး မတည်သော်လည်း ငါ့စကားသည် တည်လိမ့်မည်။
31 O céu e a terra desaparecerão, mas as minhas palavras jamais desaparecerão.
32 “သို့သော်၊ ယင်းအမှုအရာများ ဖြစ်ပျက်မည့် ကာလအချိန်ကိုကား — ခမည်းတော်မှတစ်ပါး ဇာသူမျှမသိ၊ ကောင်းကင်တမန်တိလည်း မသိ၊ သားတော်လည်းမသိ။
32 “Contudo, ninguém sabe o dia nem a hora em que essas coisas acontecerão, nem mesmo os anjos no céu, nem o Filho. Somente o Pai sabe.
33 ထိုကာလအချိန်သည် ဇာအချိန်ရောက်လာမည်ကို သင်ရို့ မသိကြသောကြောင့်၊ သတိဖြင့် စောင့်နိန်ကြလော့။
33 E, uma vez que vocês não sabem quando virá esse tempo, vigiem! Fiquem atentos!
34 ဥပမာကား၊ လူတစ်ယောက်သည် မိမိအိမ်မှ အခြားသောအရပ်သို့ ခရီးလားသောအခါ မိမိအိမ်ကို အခိုင်းအစီရို့လက်သို့ အပ်ထားခ၏။ သူရို့အား၊ ကိုယ်စီလုပ်ဆောင်ရန် လုပ်ငန်းတာဝန်များကို ပီးအပ်ခပြီး၊ တန်းခါးစောင့်ကိုလည်း သတိနှင့်စောင့်နိန်ဖို့ မှာထားခ၏။
34 “A vinda do Filho do Homem pode ser ilustrada pela história de um homem que partiu numa longa viagem. Quando saiu de casa, deu instruções a cada um de seus servos sobre o que fazer e disse ao porteiro que vigiasse, à espera de sua volta.
35 အိမ်သျှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်တွန်ချိန်၊ မိုးထဖက် အချိန်များတွင် — ဇာအချိန်၌ ပြန်လာမည်ကို သင်ရို့မသိသောကြောင့် စောင့်နိန်ကြလော့။
35 Vocês também devem vigiar! Pois não sabem quando o dono da casa voltará: à tarde, à meia-noite, de madrugada ou ao amanhecer.
36 အိမ်သျှင်သည် ရုတ်တရက် ရောက်လာသောအခါ သင်ရို့ အိပ်ပျော်နိန်သည်ကို မတွိ့စီခြင်းငှာ သတိဖြင့် စောင့်နိန်ကြလော့။
36 Que ele não os encontre dormindo quando chegar sem aviso.
37 သင်ရို့ သတိဖြင့် စောင့်နိန်ကြလော့ဟု ငါ ဆိုသည်အတိုင်း ခပ်သိမ်းသော သူရို့ကိုလည်း ငါ သတိပီး၏။ ယင်းကြောင့် သတိဖြင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူ၏။
37 Eu lhes digo o que digo a todos: vigiem!”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.