João 9

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ယေသျှုသည် လမ်း၌ကြွတော်မူစဉ် မွီးရာပါ မျက်ကန်းတစ်ယောက်ကို တွိ့မြင်တော်မူ၏။
1 Caminhando, viu Jesus um cego de nascença.
2 တပည့်တော်ရို့က “ဆရာ၊ ဤသူသည် ဇာသူ့အပြစ်ကြောင့် မွီးရာပါ မျက်စိကန်းရသနည်း။ မိမိအပြစ်ကြောင့် ဖြစ်သလော၊ မိဘတိအပြစ်ကြောင့် ဖြစ်သလော” ဟု မိန်းလျှောက်ကြ၏။
2 Os seus discípulos indagaram dele: Mestre, quem pecou, este homem ou seus pais, para que nascesse cego?
3 ယေသျှုက “သူ၏ အပြစ်ကြောင့် မဟုတ်၊ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဤသူ၌ ဖြစ်သောအရာကား ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားစီရန် ဖြစ်၏။
3 Jesus respondeu: Nem este pecou nem seus pais, mas é necessário que nele se manifestem as obras de Deus.
4 ငါ့ကို စီရွှတ်တော်မူသော အသျှင်၏ အမှုတော်မြတ်ကို နိ့အချိန်ဟိစဉ် ငါရို့ လုပ်ဆောင်ရမည်။ တစ်ယောက်လည်း မလုပ်နိုင်သော ညဉ့်အချိန် ရောက်လာလိမ့်မည်။
4 Enquanto for dia, cumpre-me terminar as obras daquele que me enviou. Virá a noite, na qual já ninguém pode trabalhar.
5 ငါသည် ဤလောကတွင် ဟိနိန်စဉ် လောက၏ အလင်းဖြစ်၏” ဟု မိန့်တော်မူ၏။
5 Por isso, enquanto estou no mundo, sou a luz do mundo.
6 ဤသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြီကြီးကို တန်းထွီးဖြင့် ထွီးပြီးလျှင် ကျုတ်လုပ်၍၊ သူ၏မျက်စိကို လူးပီးတော်မူပြီး၊
6 Dito isso, cuspiu no chão, fez um pouco de lodo com a saliva e com o lodo ungiu os olhos do cego.
7 “သျှိလောင်ရီကန်၌ မျက်နှာသစ်ရန် လားလော” ဟု မိန့်တော်မူ၏။ သျှိလောင်၏ အဓိပ္ပာယ်ကား “ရွှတ်လိုက်သည်” ဟု ဆိုလိုသတည်း။ ထိုသူသည် လား၍ မျက်နှာသစ်ပြီးနောက် မျက်စိမြင်လျက် ပြန်လာလေ၏။
7 Depois lhe disse: Vai, lava-te na piscina de Siloé {esta palavra significa emissário}. O cego foi, lavou-se e voltou vendo.
8 သူသည် သူတောင်းစားဖြစ်သဖြင့် အယင်က သူ့ကို မြင်ဖူးသောသူများနှင့် အိမ်နီးချင်းများက “ဤသူသည် ထိုင်၍ တောင်းစားနိန်သူ မဟုတ်ပါလား” ဟု ဆိုကြ၏။
8 Então os vizinhos e aqueles que antes o tinham visto mendigar perguntavam: Não é este aquele que, sentado, mendigava?
9 လူတချို့က၊ “ဤသူ ဟုတ်ပါ၏” ဟူ၍ လည်းကောင်း၊ တချို့က “ဤသူ မဟုတ်၊ သူနှင့် တူ၏” ဟူ၍ လည်းကောင်း ဆိုကြ၏။ သူကိုယ်တိုင်ကလည်း “ငါက ထိုသူပင် ဖြစ်ပါ၏” ဟု ဆို၏။
9 Respondiam alguns: É ele. Outros contestavam: De nenhum modo, é um parecido com ele. Ele, porém, dizia: Sou eu mesmo.
10 ထိုသူရို့က “သင်က ဇာပိုင် မျက်စိမြင်လာသနည်း” ဟု မိန်းကြ၏။
10 Perguntaram-lhe, então: Como te foram abertos os olhos?
11 သူကလည်း “ယေသျှုဟု ခေါ်သော လူတစ်ယောက်က ကျုတ်တစိတ်ကေလုပ်၍ အကျွန့်မျက်စိကို လူးပြီးလျှင် သျှိလောင်ရီကန်သို့လား၍ အကျွန့်ကို မျက်နှာသစ်ခိုင်းပါ၏။ ထို့ကြောင့် အကျွန်သည် လား၍ မျက်နှာသစ်လိုက်သည့်အခါ မျက်စိမြင်လာပါ၏” ဟု ပြန်ပြော၏။
11 Respondeu ele: Aquele homem que se chama Jesus fez lodo, ungiu-me os olhos e disse-me: Vai à piscina de Siloé e lava-te. Fui, lavei-me e vejo.
12 ထိုသူရို့ကလည်း၊ “ထိုသူကား ဇာမှာလဲ” ဟု မိန်းကြလျှင်၊
12 Interrogaram-no: Onde está esse homem? Respondeu: Não o sei.
13 ထို့နောက် ထိုသူရို့သည်လည်း မျက်စိကန်းသောသူကို ဖာရိယှဲရို့ အပါးသို့ ခေါ်လာကြ၏။
13 Levaram então o que fora cego aos fariseus.
14 ယေသျှုသည် ကျုတ်ဖြင့် မျက်စိမြင်စီသောနိ့ကား ဥပုသ်နိ့ဖြစ်၏။
14 Ora, era sábado quando Jesus fez o lodo e lhe abriu os olhos.
15 ထို့ကြောင့် ဖာရိယှဲရို့သည် ထိုသူ မျက်စိပြန်မြင်လာပုံကို မိန်းမြန်းကြ၏။ ထိုသူက “သူသည် အကျွန့်မျက်စိကို ကျုတ်နှင့် လူးပီးပါ၏။ ပြီးလျှင် မျက်နှာသစ်လိုက်သည့်အခါ မျက်စိပြန်မြင်လာပါ၏” ဟု ဆို၏။
15 Os fariseus indagaram dele novamente de que modo ficara vendo. Respondeu-lhes: Pôs-me lodo nos olhos, lavei-me e vejo.
16 တချို့သော ဖာရိယှဲရို့က “ထိုသူသည် ဥပုသ်နိ့ကို မစောင့်သည့်အတွက် ဘုရားသခင်ထံပါးမှ လာသောသူ မဟုတ်” ဟု ပြောဆိုကြ၏။
16 Diziam alguns dos fariseus: Este homem não é o enviado de Deus, pois não guarda sábado. Outros replicavam: Como pode um pecador fazer tais prodígios? E havia desacordo entre eles.
17 ထို့ကြောင့် ဖာရိယှဲရို့က မျက်စိကန်းဖူးသူအား “သင့်ကို မျက်စိမြင်စီသောသူသည် ဇာပိုင်မျိုးလူဖြစ်သနည်း” ဟု မိန်းကြ၏။
17 Perguntaram ainda ao cego: Que dizes tu daquele que te abriu os olhos? É um profeta, respondeu ele.
18 သို့ရာတွင် ယုဒအာဏာပိုင်ရို့က သူသည် အယင်က မျက်စိကန်းသည်ကိုလည်းကောင်း၊ အဂု မျက်စိမြင်လာသည်ကိုလည်းကောင်း မယုံနိုင်သိမ့်သောကြောင့် သူ၏မိဘများကို ခေါ်၍ မိန်းကြ၏။
18 Mas os judeus não quiseram admitir que aquele homem tivesse sido cego e que tivesse recobrado a vista, até que chamaram seus pais.
19 ထိုသူရို့ကလည်း “ဤသူသည် သင်ရို့၏ သားဖြစ်သလော၊ သင်ရို့ ပြောသည်အတိုင်း မွီးရာပါ မျက်စိမမြင်သောသူ ဖြစ်သလော။ ထို့ကြောင့် ဤသူသည် ဇာအတွက်ကြောင့် မျက်စိမြင်ရသနည်း” ဟု မိန်းကြ၏။
19 E os interrogaram: É este o vosso filho? Afirmais que ele nasceu cego? Pois como é que agora vê?
20 သူ၏မိဘရို့ကလည်း “ဤသူသည် အကျွန်ရို့သား မှန်ပါ၏။ မွီးရာပါ မျက်မမြင်တစ်ယောက်လည်း ဖြစ်ပါ၏။
20 Seus pais responderam: Sabemos que este é o nosso filho e que nasceu cego.
21 သို့သော်လည်း ဇာကြောင့် မျက်စိမြင်လာသည်ကိုလည်းကောင်း၊ ဇာသူက မျက်စိမြင်စီသည်ကိုလည်းကောင်း အကျွန်ရို့ မသိပါ။ သူ့ကို မိန်းကြည့်ပါ။ သူသည်လည်း အရွယ်ရောက်သောသူဖြစ်၍ သူ့အကြောင်းကို သူကိုယ်တိုင် ပြောပြနိုင်ပါလိမ့်မည်” ဟု ဖြေကြား၏။
21 Mas não sabemos como agora ficou vendo, nem quem lhe abriu os olhos. Perguntai-o a ele. Tem idade. Que ele mesmo explique.
22 သူ၏မိဘများသည် ဤသို့ ဖြေကြားရခြင်းမှာ ယေသျှုအား မေသျှိယအဖြစ်နှင့် ယုံကြည်ကြောင်း ပြောဆိုသောသူတိုင်းကို တရားဇရပ်မှ နှင်ထုတ်ရန် သဘောတူ ဆုံးဖြတ်ထားသော ယုဒအာဏာပိုင်တိကို ကြောက်သောကြောင့် ဖြစ်၏။
22 Seus pais disseram isso porque temiam os judeus, pois os judeus tinham ameaçado expulsar da sinagoga todo aquele que reconhecesse Jesus como o Cristo.
23 ထို့ကြောင့် သူ၏မိဘရို့က “သူသည်လည်း အရွယ်ရောက်သောသူဖြစ်၍ သူ့အား မိန်းကြည့်ပါ” ဟု ဆိုခြင်းဖြစ်သည်။
23 Por isso é que seus pais responderam: Ele tem idade, perguntai-lho.
24 ထိုသူရို့ကလည်း မျက်စိကန်းဖူးသူကို ဒုတိယအကြိမ် ပြန်ခေါ်၍ “ဘုရားသခင်၏ ဘုန်းတော်ရှိ့၌ အမှန်တိုင်းပြောပါ။ သင့်၏မျက်စိကို မြင်စီသူသည် ဒုစရိုက်ကို ပြုသောသူဖြစ်ကြောင်း ငါရို့သိ၏” ဟု ဆို၏။
24 Tornaram a chamar o homem que fora cego, dizendo-lhe: Dá glória a Deus! Nós sabemos que este homem é pecador.
25 ထိုသူကလည်း၊ “ထိုသူသည် ဒုစရိုက်ကိုပြုသောသူ ဟုတ်သည်၊ မဟုတ်သည်ကို အကျွန်မသိ။ အကျွန်သိသော အရာတစ်ခုမှာ အကျွန်သည် အယင်က မျက်စိကန်း၏။ အဂု မျက်စိမြင်လာသည့် အကြောင်းကိုသာ အကျွန်သိပါ၏” ဟု ပြန်ပြောလေ၏။
25 Disse-lhes ele: Se esse homem é pecador, não o sei... Sei apenas isto: sendo eu antes cego, agora vejo.
26 ထိုသူရို့ကလည်း “သူသည် သင့်အား မည်သို့ပြုနည်း။ သင်၏မျက်စိကန်းနိန်သည်ကို ဇာပိုင် ကုသမည်နည်း” ဟု မိန်းကြ၏။
26 Perguntaram-lhe ainda uma vez: Que foi que ele te fez? Como te abriu os olhos?
27 ထိုသူက “အကျွန်က သင်ရို့ကို တစ်ကြိမ်ပြောပြီးယာ၊ သင်ရို့က နားမထောင်ကြ။ မည်သို့ဖြစ်သည်ကို ထပ်ကာထပ်ကာ ကြားချင်ကြသလော။ သင်ရို့ကလည်း သူ့တပည့် ဖြစ်ချင်ကြသလော” ဟု ပြန်၍ မိန်းလေ၏။
27 Respondeu-lhes: Eu já vo-lo disse e não me destes ouvidos. Por que quereis tornar a ouvir? Quereis vós, porventura, tornar-vos também seus discípulos?...
28 ထိုသူရို့ကလည်း ထိုသူအား ကြိမ်းမောင်းလျက် “သင်သာလျှင် သူ၏ တပည့်ဖြစ်၏။ ငါရို့မူကား မောသျှေတပည့်တိ ဖြစ်ကြ၏။
28 Então eles o cobriram de injúrias e lhe disseram: Tu que és discípulo dele! Nós somos discípulos de Moisés.
29 ဘုရားသခင်သည် မောသျှေအား ဗျာဒိတ်ပီးတော်မူခကြောင်းကို ငါရို့ သိကြ၏။ ဤသူသည် ဇာကလာသည်ကိုပင် ငါရို့မသိ” ဟု ဆိုကြ၏။
29 Sabemos que Deus falou a Moisés, mas deste não sabemos de onde ele é.
30 ထိုသူက၊ “သူသည် အကျွန့်မျက်စိကန်းနိန်သည်ကို ကုသခသောသူ ဖြစ်၏။ သို့သော်လည်း သင်ရို့က သူသည် ဇာကလာကြောင်းကို မသိသည်ကား အံ့သြဖို့ ကောင်းပါ၏။
30 Respondeu aquele homem: O que é de admirar em tudo isso é que não saibais de onde ele é, e entretanto ele me abriu os olhos.
31 ဘုရားသခင်သည် အပြစ်သားတိ ဆုတောင်းသည်ကို နားညောင်းတော်မမူပါ။ ဘုရားသခင်အား ရိုသီလေးမြတ်၍ အလိုတော်အတိုင်း လုပ်ဆောင်နိန်သောသူရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ကို အကျွန်ရို့ သိပါ၏။
31 Sabemos, porém, que Deus não ouve a pecadores, mas atende a quem lhe presta culto e faz a sua vontade.
32 မွီးရာပါ မျက်စိကန်းသူအား မျက်စိပြန်မြင်စီနိုင်သည်ကို ရှီးကာလမှစ၍ တစ်ခါလေ့ မကြားဖူးသိမ့်။
32 Jamais se ouviu dizer que alguém tenha aberto os olhos a um cego de nascença.
33 ဤသူသည် ဘုရားသခင်ထံတော်မှ ကြွလာသူ မဟုတ်လျှင် ဤသို့သောအမှုကိုလည်း မတတ်နိုင်ပါ” ဟု ဆို၏။
33 Se esse homem não fosse de Deus, não poderia fazer nada.
34 ထိုသူရို့ကလည်း “သင်သည် မွီးရာပါအပြစ်နှင့် ကြီးပြင်းလာသူ ဖြစ်လျက်ပင် — ငါရို့ကို ဆုံးမခြင်းငှာ ကြိုးစားနိန်ပါသည်တကား” ဟု ဆို၍ တရားဇရပ်မှ နှင်ထုတ်ကြ၏။
34 Responderam-lhe eles: Tu nasceste todo em pecado e nos ensinas?... E expulsaram-no.
35 ဤသို့ နှင်ထုတ်သည်အကြောင်းကို ယေသျှုသည် ကြားတော်မူပြီးမှ ထိုသူ့ကို တွိ့တော်မူလျှင်၊ “သင်သည် လူသားကို ယုံကြည်သလော” ဟု မိန်းတော်မူ၏။
35 Jesus soube que o tinham expulsado e, havendo-o encontrado, perguntou-lhe: Crês no Filho do Homem?
36 ထိုသူကလည်း “ဆရာ၊ အကျွန် ယုံကြည်နိုင်ရန်အတွက် လူသားကား ဇာသူဖြစ်ကြောင်း အကျွန့်ကို ပြောပြပါ” ဟု လျှောက်လေ၏။
36 Respondeu ele: Quem é ele, Senhor, para que eu creia nele?
37 ယေသျှုက “သူ့ကို သင်မြင်ဖူး၏။ ထိုသူကား သင်နှင့် အဂု စကားပြောနိန်သူပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
37 Disse-lhe Jesus: Tu o vês, é o mesmo que fala contigo!
38 ထိုသူကလည်း “ယုံကြည်ပါ၏ အသျှင်” ဟု လျှောက်၍ ယေသျှုအား ပျပ်ဝပ်ကိုးကွယ်လေ၏။
38 Creio, Senhor, disse ele. E, prostrando-se, o adorou.
39 ယေသျှုက “မျက်စိကန်းနိန်သောသူသည် မျက်စိမြင်စီပြီးလျှင် မြင်သောသူတိ မျက်စိကန်းစီရန် ငါသည် ဤလောကသို့ တရားစီရင်ခြင်းငှာ ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
39 Jesus então disse: Vim a este mundo para fazer uma discriminação: os que não vêem vejam, e os que vêem se tornem cegos.
40 ကိုယ်တော်နှင့်အတူ ဟိနိန်သော ဖာရိယှဲတချို့သည် စကားတော်ကို ကြားရသဖြင့် “ငါရို့ကလည်း မျက်စိကန်းနိန်သောသူတိ ဖြစ်ကြသည်ဟု ဆိုလိုသလော” ဟု ပြောဆိုမိန်းမြန်းကြ၏။
40 Alguns dos fariseus, que estavam com ele, ouviram-no e perguntaram-lhe: Também nós somos, acaso, cegos?...
41 ယေသျှုက “သင်ရို့သည် မျက်စိကန်းသောသူရို့ ဖြစ်သည်ဟုဆိုလျှင် အပြစ်ဟိသည် မဟုတ်။ အဂုကား သင်ရို့က ‘ငါရို့ မျက်စိမြင်ပါ၏’ ဟု ဆိုသည့်အတွက်ကြောင့် သင်ရို့၌ အပြစ်၌ ဟိနိန်တုန်းပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။
41 Respondeu-lhes Jesus: Se fôsseis cegos, não teríeis pecado, mas agora pretendeis ver, e o vosso pecado subsiste.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.