Hebreus 9

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ပထမပညတ်တော်၌ ဝတ်ပြုခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် မြီကြီးနှင့်ဆိုင်သော ဝတ်ပြုရာ နီရာတစ်ခုလည်း ဟိလေ၏။
1 Ora, a primeira aliança também tinha preceitos de serviço sagrado e o seu santuário terrestre.
2 တဲတော်၌ သန့်ယှင်းသောနီရာ ဟုခေါ်သော ပထမအခန်း၌ ဆီမီးခွက်တင်ခုံ၊ စားပွဲနှင့် ဘုရားသခင်ကို ပူဇော်ထားသောမုန့် ဟူ၍ ဟိကြ၏။
2 Com efeito, foi preparado o tabernáculo, cuja parte anterior, onde estavam o candeeiro, e a mesa, e a exposição dos pães, se chama o Santo Lugar;
3 ဒုတိယ ကန့်လန့်ကာ၏နောက်တွင် အသန့်ယှင်းဆုံးသောနီရာဟု ခေါ်သောအခန်း ဟိ၏။
3 por trás do segundo véu, se encontrava o tabernáculo que se chama o Santo dos Santos,
4 ထိုအခန်းထဲတွင် အမွှီးနံ့သာများကို ထွန်းညှိပူဇော်ထားသည့် ရွှီပလ္လင်တော်၊ ရွှီဖြင့်ပြုလုပ်ထားသော ပဋိညာဉ်သေတ္တာတော်၊ မန္နမုန့်ကို ထည့်ထားသော ရွှီအိုး၊ အဖူးအညွန့်များ ထွက်လျက်ဟိသော အာရုန်၏တောင်မွိ့နှင့် ပညတ်တရားတော်များကို ရီးထားသော ကျောက်ပြားနှစ်ချပ် စသည့်အရာများသည် ဟိကြ၏။
4 ao qual pertencia um altar de ouro para o incenso e a arca da aliança totalmente coberta de ouro, na qual estava uma urna de ouro contendo o maná, o bordão de Arão, que floresceu, e as tábuas da aliança;
5 သေတ္တာ၏အထက်တွင် ခေရုဗိမ်ရို့သည် ဘုရားသခင်၏ဘုန်းတော်ကို ဖော်ညွှန်းလျက်ဟိကြ၏။ ထိုခေရုဗိမ်ရို့သည် အပြစ်ဖြေရာနီရာ အထက်က သူရို့၏အတောင်များကို ဖြန့်မိုးထားကြ၏။ သို့ရာတွင် ဤအရာများကို အဂု အသေးစိပ်ပြောပြ၍ မရနိုင်ပေ။
5 e sobre ela, os querubins de glória, que, com a sua sombra, cobriam o propiciatório. Dessas coisas, todavia, não falaremos, agora, pormenorizadamente.
6 ဤသို့သောအရာများကို ပျင်ဆင်ထားပြီးနောက် ယဇ်ပုရောဟိတ်တိသည် မိမိရို့၏တာဝန်များကို ဆောင်ရွက်ရန် နိ့တိုင်း တဲတော်၏ပထမခန်းထဲသို့ ဝင်ကြရ၏။
6 Ora, depois de tudo isto assim preparado, continuamente entram no primeiro tabernáculo os sacerdotes, para realizar os serviços sagrados;
7 သို့ရာတွင် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ တဲတော်၏ ဒုတိယခန်းထဲသို့ ဝင်ရ၏။ ထိုသို့ ဝင်ရသည်မှာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရ၏။ သူသည် မိမိအတွက်လည်းကောင်း၊ မသိ၍ ပြစ်မှားမိသော လူတိအပြစ်အတွက်လည်းကောင်း ကိုယ်စားပြု၍ ဘုရားသခင်အား ပူဇော်ရန် အသွီးကို မိမိနှင့်တပါတည်း ယူဆောင်လားရ၏။
7 mas, no segundo, o sumo sacerdote, ele sozinho, uma vez por ano, não sem sangue, que oferece por si e pelos pecados de ignorância do povo,
8 တဲတော်၏ပထမအခန်း တည်ဟိနိန်သမျှ ကာလပတ်လုံး အသန့်ယှင်းဆုံးနီရာသို့ ဝင်ရောက်ရန် လမ်းဖွင့်ထားခြင်း မဟိသိမ့်ကြောင်းကို ဤပျင်ဆင်ထားသောအရာများအားဖြင့် သန့်ယှင်းသောဝိညာဉ်တော်က ယှင်းလင်းစွာ ဖော်ပြလျက်ဟိ၏။
8 querendo com isto dar a entender o Espírito Santo que ainda o caminho do Santo Lugar não se manifestou, enquanto o primeiro tabernáculo continua erguido.
9 ဤအရာများသည် အဂုမျက်မှောက်ကာလအတွက် ညွှန်ပြထားသော ပုံဆောင်ထားခြင်းသာ ဖြစ်ကြ၏။ ဘုရားသခင်အား ဆက်ကပ်ထားသော ပူဇော်သကာများနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူများ၏စိတ်ကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်ဟု အဓိပ္ပာယ်ရ၏။
9 É isto uma parábola para a época presente; e, segundo esta, se oferecem tanto dons como sacrifícios, embora estes, no tocante à consciência, sejam ineficazes para aperfeiçoar aquele que presta culto,
10 အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။
10 os quais não passam de ordenanças da carne, baseadas somente em comidas, e bebidas, e diversas abluções, impostas até ao tempo oportuno de reforma.
11 သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။ ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။
11 Quando, porém, veio Cristo como sumo sacerdote dos bens já realizados, mediante o maior e mais perfeito tabernáculo, não feito por mãos, quer dizer, não desta criação,
12 ခရစ်တော်သည် လူသားအာလုံးအတွက် ပူဇော်သကာဆက်ကပ်ခြင်းငှာ တဲတော်၏အသန့်ယှင်းဆုံးသော နီရာသို့ ဝင်သောအခါ ဆိတ်၏အသွီး၊ နွား၏အသွီးများကို ယူဆောင်၍ ဝင်တော်မူခြင်း မဟုတ်၊ မိမိ၏အသွီးတော်ကို ယူဆောင်၍ ဝင်တော်မူခြင်းအားဖြင့် ငါရို့အား ထာဝရ ကယ်တင်ခြင်းကို ပီးတော်မူ၏။
12 não por meio de sangue de bodes e de bezerros, mas pelo seu próprio sangue, entrou no Santo dos Santos, uma vez por todas, tendo obtido eterna redenção.
13 ဆိတ်၏အသွီး၊ နွား၏အသွီးနှင့် နွားမတမ်း၏ပြာများကို မစင်ကြယ်သောသူတိကို ဖြန်းခြင်းအားဖြင့် သူရို့သည် မိမိရို့၏ဘာသာတရားဆိုင်ရာ စင်ကြယ်ခြင်းသို့ ရောက်ကြသည်
13 Portanto, se o sangue de bodes e de touros e a cinza de uma novilha, aspergidos sobre os contaminados, os santificam, quanto à purificação da carne,
14 မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
14 muito mais o sangue de Cristo, que, pelo Espírito eterno, a si mesmo se ofereceu sem mácula a Deus, purificará a nossa consciência de obras mortas, para servirmos ao Deus vivo!
15 ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်​စိ့စပ်ပီး​သူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။
15 Por isso mesmo, ele é o Mediador da nova aliança, a fim de que, intervindo a morte para remissão das transgressões que havia sob a primeira aliança, recebam a promessa da eterna herança aqueles que têm sido chamados.
16 သီတမ်းစာတစ်စောင် တရားဝင်ဖြစ်လာစီခြင်းငှာ ထိုသီတမ်းစာကို ရီးသားထားသောသူသည် သီဆုံးလားပြီဖြစ်ကြောင်းကို သက်သီပြဖို့ရန် လိုအပ်၏။
16 Porque, onde há testamento, é necessário que intervenha a morte do testador;
17 ထိုသီတမ်းစာကို ရီးသားထားသောသူသည် အသက်မသီသိမ့်လျှင် ထိုသီတမ်းစာသည် တရားမဝင်သိမ့်၊ ထိုသူ သီပြီးမှသာ တရားဝင်လာ၏။
17 pois um testamento só é confirmado no caso de mortos; visto que de maneira nenhuma tem força de lei enquanto vive o testador.
18 ထို့ကြောင့် ပထမပဋိညာဉ်တရားပင်လျှင် အသွီးအားဖြင့်သာ တည်၏။
18 Pelo que nem a primeira aliança foi sancionada sem sangue;
19 အစဦးကပင် မောသျှေသည် ပညတ်တော်၌ ပါသော တရားအားလုံးကို လူတိအား ကြော်ငြာပြီးသောအခါ ရီနှင့်ရောထားသော နွား၏အသွီး၊ ဆိတ်၏အသွီးများကို ယူ၍ အနီရောင်သိုးမွှီးနှင့် ဟုဿုပ်ပင်ညွန့်ကို အသုံးပြုကာ ကျမ်းစာလိပ်ကိုလည်းကောင်း၊ လူတိအားလုံးကိုလည်းကောင်း ဖြန်းလေ၏။
19 porque, havendo Moisés proclamado todos os mandamentos segundo a lei a todo o povo, tomou o sangue dos bezerros e dos bodes, com água, e lã tinta de escarlate, e hissopo e aspergiu não só o próprio livro, como também sobre todo o povo,
20 ထို့နောက် မောသျှေက “ဤအသွီးသည်ကား သင်ရို့ နာခံကြစီခြင်းငှာ ဘုရားသခင် ပညတ်တော်မူသော ပဋိညာဉ်တရား၏ သက်သီဖြစ်၏” ဟု မိန့်တော်မူ၏။
20 dizendo: Este é o sangue da aliança, a qual Deus prescreveu para vós outros.
21 ထိုနည်းအတိုင်း မောသျှေသည် တဲတော်နှင့်တကွ ဝတ်ပြုရာ၌ အသုံးပြုသော အရာအားလုံးကို အသွီးနှင့် ဖြန်းလေ၏။
21 Igualmente também aspergiu com sangue o tabernáculo e todos os utensílios do serviço sagrado.
22 အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။
22 Com efeito, quase todas as coisas, segundo a lei, se purificam com sangue; e, sem derramamento de sangue, não há remissão.
23 ထိုနည်းအားဖြင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သောပြယုဂ်များကိုသာ သန့်ယှင်းစင်ကြယ်ရန် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံနှင့်ဆိုင်သော အရာများကို သန့်ယှင်းစင်ကြယ်ရန် သာ၍ မြင့်မြတ်သောယဇ်ကို ပူဇော်ရန်လိုအပ်၏။
23 Era necessário, portanto, que as figuras das coisas que se acham nos céus se purificassem com tais sacrifícios, mas as próprias coisas celestiais, com sacrifícios a eles superiores.
24 အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် အဂုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။
24 Porque Cristo não entrou em santuário feito por mãos, figura do verdadeiro, porém no mesmo céu, para comparecer, agora, por nós, diante de Deus;
25 ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အသွီး မဟုတ်သော အသွီးဖြင့် နှစ်စဉ်နှစ်တိုင်း အသန့်ယှင်းဆုံးသောနီရာသို့ ဝင်ရောက်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကို အကြိမ်ကြိမ် ပူဇော်ရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မမူ။
25 nem ainda para se oferecer a si mesmo muitas vezes, como o sumo sacerdote cada ano entra no Santo dos Santos com sangue alheio.
26 ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်သည့်အချိန်မှစ၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို အကြိမ်ကြိမ် ခံစားရပေလိမ့်မည်။ အဂုမူကား မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တရားကို ဖယ်ယှားရန် ကပ်ကာလ၏အဆုံး၌ ကိုယ်တော်သည် တစ်ကြိမ်တည်းသာ ပေါ်ထွန်းတော်မူ၏။
26 Ora, neste caso, seria necessário que ele tivesse sofrido muitas vezes desde a fundação do mundo; agora, porém, ao se cumprirem os tempos, se manifestou uma vez por todas, para aniquilar, pelo sacrifício de si mesmo, o pecado.
27 လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့
27 E, assim como aos homens está ordenado morrerem uma só vez, vindo, depois disto, o juízo,
28 ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
28 assim também Cristo, tendo-se oferecido uma vez para sempre para tirar os pecados de muitos, aparecerá segunda vez, sem pecado, aos que o aguardam para a salvação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.