Hebreus 7

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဤမေလခိဇေဒက်သည်ကား ယှာလင်မြို့၏ဘုရင် ဖြစ်သည့်အပြင် အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လေ၏။ အာဗြဟံသည် သျှင်ဘုရင်လေးပါးနှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်မြင်၍ ပြန်လာစဉ်တွင် မေလခိဇေဒက်သည် သူ့အား ခရီးဦးကြိုဆို၍ ကောင်းကြီးပီးလေ၏။
1 Porque este Melquisedeque, rei de Salém, sacerdote do Deus Altíssimo, foi ao encontro de Abraão, quando este voltava da matança dos reis, e o abençoou.
2 ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။
2 Foi para ele que Abraão separou o dízimo de tudo. Primeiramente o nome dele significa “rei da justiça”; depois também é “rei de Salém”, ou seja, “rei da paz”.
3 မေလခိဇေဒက်သည် အမိ အဖ၊ ဆွီမျိုး ဟူ၍ မဟိပေ။ ဘဝ၏အစ အဆုံးဟူ၍လည်း မဟိပေ။ သူသည် ဘုရားသခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ထာဝရ တည်တော်မူ၏။
3 Sem pai, sem mãe, sem genealogia, ele não teve princípio de dias nem fim de existência, mas, feito semelhante ao Filho de Deus, permanece sacerdote para sempre.
4 ငါရို့အမျိုး၏ ထင်ရှားသော အဖိုးဖြစ်သူ အာဗြဟံသည် တိုက်ပွဲမှ မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလှူခရသည်ဆိုသော် ထိုသူသည် ဇာလောက် ကြီးမြတ်တော်မူသည်ကို သင်ရို့ သဘောပေါက်ကြလော့။
4 Vejam como era grande esse a quem Abraão, o patriarca, pagou o dízimo tirado dos melhores despojos.
5 ယဇ်ပုရောဟိတ်တိဖြစ်သော လေဝိမျိုးနွယ်များသည် အာဗြဟံမှ ဆင်းသက်လာသော မိမိရို့၏ဣသရေလလူများ ဖြစ်ကြသော်လည်း ဣသရေလလူမျိုးများက ဆယ်ဖို့တစ်ဖို့ကို စုဆောင်း၍ ပီးလှူကြရန် ပညတ်ထားတော်မူ၏။
5 Ora, os que dentre os filhos de Levi recebem o sacerdócio têm ordem, de acordo com a lei, de recolher os dízimos do povo, ou seja, dos seus irmãos, embora estes sejam descendentes de Abraão.
6 မေလခိဇေဒက်သည် လေဝိမျိုးနွယ်မှ ဆင်းသက်လာသောသူ မဟုတ်သော်လည်း အာဗြဟံပါးက ဆယ်ဖို့တစ်ဖို့ကို ခံယူ၍ ဘုရားသခင်၏ကတိတော်များကို ရဟိထားသော အာဗြဟံအား ကောင်းကြီးပီးလေ၏။
6 Entretanto, aquele cuja genealogia não se inclui entre os filhos de Levi recebeu dízimos de Abraão e abençoou aquele que havia recebido as promessas.
7 ကောင်းကြီးပီးသောသူသည် ကောင်းကြီးပီးခြင်းကို ခံရသောသူထက် သာ၍ ကြီးမြတ်သည်မှာ သံသယဖြစ်ဖွယ်မဟိပေ။
7 Evidentemente, não há dúvida de que o inferior é abençoado pelo superior.
8 ဤနီရာ၌ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံကြသော ယဇ်ပုရောဟိတ်ရို့သည် သီဆုံးတတ်သော လူသားတိဖြစ်ကြ၏။ သို့သော်လည်း ဆယ်ဖို့တစ်ဖို့ကို ကောက်ခံသော မာလခိဇေဒက်သည်ကား အသက်ရှင်သောသူ ဖြစ်သည်ဟု ကျမ်းစာက ဆိုထား၏။
8 Aliás, aqui os que recebem dízimos são homens mortais, porém ali o dízimo foi recebido por aquele de quem se testifica que vive.
9 ထို့ကြောင့် ဆယ်ဖို့တစ်ဖို့ကို ခံယူကြသော လေဝိရို့သည်လည်း အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ပီးလျှူခကြသည်ဟု ဆိုနိုင်၏။
9 E, por assim dizer, também Levi, que recebe dízimos, pagou-os na pessoa de Abraão.
10 အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံအား တွိ့ဆုံသောအခါ လေဝိသည်လည်း သူ၏အဖိုး ခန္ဓာကိုယ်ထဲ၌ ဟိနိန်ခသောကြောင့် ဖြစ်၏။
10 Porque Levi, por assim dizer, já estava no corpo de seu pai Abraão, quando Melquisedeque foi ao encontro deste.
11 ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ အဂုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။
11 Portanto, se a perfeição fosse possível por meio do sacerdócio levítico — pois foi com base nele que o povo recebeu a lei —, que necessidade haveria ainda de que se levantasse outro sacerdote, segundo a ordem de Melquisedeque, e não segundo a ordem de Arão?
12 ထို့ကြောင့် ယဇ်ပုရောဟိတ်အမျိုး ပြောင်းလျှင် ပညတ်တရားလည်း ပြောင်းရမည်။
12 Pois, quando se muda o sacerdócio, necessariamente muda também a lei.
13 ဤအကြောင်းအရာများကို မိန့်တော်မူသော ငါရို့၏အသျှင်ဘုရားသည် ယဇ်ပလ္လင်၌ ဆောင်ရွက်ရသော ယဇ်ပုရောဟိတ်အနွယ်ဝင်မဟုတ်၊ အခြားတစ်ပါးသော အမျိုးအနွယ်မှ ဆင်းသက်လာသော သူဖြစ်၏။
13 Porque aquele de quem são ditas estas coisas pertence a outra tribo, da qual ninguém prestou serviço diante do altar.
14 အကျွန်ရို့၏ သခင်ဘုရားသည် ယုဒလူမျိုးထဲ၌ မွီးဖွားခသည်မှာ ထင်ရှား၏။ မောသျှေသည် ယဇ်ပုရောဟိတ်အကြောင်းကို ပြောခသည့်အချိန်မှာ ဤယုဒလူမျိုးနှင့် ပတ်သက်၍ တစ်ခုမျှ မပြောခပါ။
14 Pois é evidente que nosso Senhor procedeu de Judá, tribo à qual Moisés nunca falou nada a respeito de sacerdócio.
15 ထို့အပြင် မေလခိဇေဒက်ကဲ့သို့ အခြားသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာခြင်းသည် ငါရို့ပြောခသည့် အရာများ သာ၍ ထင်ရှားလာခြင်းဖြစ်၏။
15 E isto é ainda muito mais evidente, quando, à semelhança de Melquisedeque, surge outro sacerdote,
16 ထိုအသျှင်ကို ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ခန့်အပ်ထားသည်မှာ လူရို့၏ စည်းမျဉ်းဥပဒေ၊ အမိန့်အာဏာဖြင့် ခန့်အပ်ထားခြင်း မဟုတ်၊ မပျက်စီးနိုင်သော အသက်တာ၏ တန်ခိုးအာနုဘော်အားဖြင့် ခန့်အပ်ထားခြင်းဖြစ်၏။
16 constituído não conforme a lei de mandamento carnal, mas segundo o poder de vida que não tem fim.
17 အကြောင်းမူကား “သင်သည် မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လိမ့်မည်” ဟု ကျမ်းစာက မိန့်တော်မူထားသောကြောင့် ဖြစ်၏။
17 Porque dele se testifica: “Você é sacerdote para sempre, segundo a ordem de Melquisedeque.”
18 ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။
18 Portanto, por um lado, se revoga a ordenança anterior, por causa de sua fraqueza e inutilidade,
19 မောသျှေ၏ပညတ်တရားသည် ပြည့်စုံခြင်းသို့ မရောက်နိုင်၊ အဂုအခါ သာ၍ကောင်းမြတ်သော မျှော်လင့်ခြင်းတစ်ခုကို ရထားကြသည်ဖြစ်၍ ငါရို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ ရောက်လာကြ၏။
19 pois a lei nunca aperfeiçoou coisa alguma; e, por outro lado, se introduz esperança superior, pela qual nos chegamos a Deus.
20 တဖန် ဘုရားသခင် ကျိန်ဆိုတော်မူခြင်းသည်လည်း ဟိ၏။ လေဝိမျိုးနွယ်များကို ယဇ်ပုရောဟိတ် ခန့်အပ်သောအခါ ထိုသို့ကျိန်ဆိုတော်မူခြင်း မဟိပေ။
20 E isto não se deu sem juramento. Porque os outros são feitos sacerdotes sem juramento,
21 သို့ရာတွင် ထိုသို့ ဘုရားသခင် ကျိန်ဆိုတော်မူခြင်းအားဖြင့် ယေသျှုသည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လာ၏၊
21 mas este foi feito sacerdote com juramento, por aquele que lhe disse: “O Senhor jurou e não se arrependerá: ‘Você é sacerdote para sempre.’”
22 ဤသို့ ကျိန်ဆိုတော်မူခြင်းကြောင့် ယေသျှုသည် သာ၍မြတ်သော ပဋိညာဉ်တရားတော်၏ အာမခံ ဖြစ်တော်မူ၏။
22 Por isso mesmo, Jesus se tornou fiador de superior aliança.
23 အဂုအခါ ထိုသို့သော ယဇ်ပုရောဟိတ် များစွာဟိကြလေ၏။ အကြောင်းမူကား သူရို့သည် သီဆုံးလားကြသည်ဖြစ်၍ မိမိရို့အလုပ်ကို ဆက်လက်၍ မလုပ်နိုင်ကြပေ။
23 Ora, os outros são feitos sacerdotes em maior número, porque a morte os impede de continuar;
24 သို့ရာတွင် ယေသျှုသည် ထာဝရအသက်ရှင်တော်မူသည်ဖြစ်၍ သူသည် ပြောင်းလဲခြင်း မဟိသော ယဇ်ပုရောဟိတ်ဖြစ်တော်မူ၏။
24 Jesus, no entanto, porque continua para sempre, tem o seu sacerdócio imutável.
25 ထို့ကြောင့် အဂုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။
25 Por isso, também pode salvar totalmente os que por ele se aproximam de Deus, vivendo sempre para interceder por eles.
26 ထို့ကြောင့် ယေသျှုသည် ငါရို့လိုအပ်သော ယဇ်ပုရောဟိတ်မင်း အမှန်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သန့်ယှင်း၍ အပြစ်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် အပြစ်သားတိနှင့် ခြားထားခြင်းကို ခံရပြီးလျှင် ကောင်းကင်ဘဝဂ်တိုင်အောင် ချီးမြှောက်ခြင်းကို ခံတော်မူ၏။
26 Porque nos convinha um sumo sacerdote como este, santo, inculpável, sem mácula, separado dos pecadores e exaltado acima dos céus,
27 ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။
27 que não tem necessidade, como os outros sumos sacerdotes, de oferecer sacrifícios todos os dias, primeiro, por seus próprios pecados, depois, pelos do povo; porque fez isto uma vez por todas, quando a si mesmo ofereceu.
28 မောသျှေ၏ပညတ်တရားက ပြီးပြည့်စုံလင်ခြင်းမဟိသော လူတိကို ယဇ်ပုရောဟိတ်မင်းတိအဖြစ် ခန့်ထား၏။ သို့သော် ပညတ်တရား၏ နောက်မှရောက်လာသော ဘုရားသခင် ကျိန်ဆိုတော်မူသည့် ကတိတော်သည် ထာဝရပြည့်စုံတော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားလေ၏။
28 Porque a lei constitui homens sujeitos a fraquezas como sumos sacerdotes, mas a palavra do juramento, que foi posterior à lei, constitui o Filho, perfeito para sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.