Hebreus 4

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အဂုတွင် ကိုယ်တော်၏ကတိတော်နှင့် ဆိုင်သော ငြိမ်ဝပ်ချမ်းသာခြင်းသည် ငါရို့တွင် တည်လျက်ဟိ၏။ ထို့ကြောင့် သင်ရို့တစ်ဦးတစ်ယောက်မျှ ထိုချမ်းသာခြင်းထဲသို့ မဝင်လိုက်ရဘဲ မနိန်ကြစီခြင်းငှာ ဂရုစိုက်ကြလော့။
1 Visto que nos foi deixada a promessa de entrarmos no descanso de Deus, temamos que algum de vocês pense que tenha falhado.
2 အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။
2 Pois as boas novas foram pregadas também a nós, tanto quanto a eles; mas a mensagem que eles ouviram de nada lhes valeu, pois não foi acompanhada de fé por aqueles que a ouviram.
3 ငါရို့မူကား ယုံကြည်ကြသောကြောင့် ဘုရားသခင် ကတိပီးထားခသော ထိုချမ်းသာခြင်းကို ခံစားကြရ၏။ ဤသည်ကား၊
3 Pois nós, os que cremos, é que entramos naquele descanso, conforme Deus disse: "Assim jurei na minha ira: Jamais entrarão no meu descanso" — embora as suas obras estivessem concluídas desde a criação do mundo.
4 သတ္တမနိ့ရက်နှင့် ပတ်သက်၍ ကျမ်းစာလာသည်ကား “ဘုရားသခင်သည် သတ္တမနိ့တွင် မိမိ၏လုပ်ဆောင်မှုအားလုံးကို ရပ်တန့်ပြီး ငြိမ်ဝပ်စွာအနားယူနိန်လေ၏” ဟူ၍ ဖြစ်၏။
4 Pois em certo lugar ele falou sobre o sétimo dia, nestas palavras: "No sétimo dia Deus descansou de toda obra que realizara".
5 ထို့နောက် ဘုရားသခင်က တဖန် မိန့်တော်မူခသည်မှာ “သူရို့သည် ငါ၏ငြိမ်ဝပ်ချမ်းသာထဲသို့ မည်သည့်အခါမျှ ဝင်ရကြလိမ့်မည် မဟုတ်” ဟူ၍ ဖြစ်၏။
5 E de novo, na passagem citada há pouco, diz: "Jamais entrarão no meu descanso".
6 သတင်းကောင်းတရားကို အဦးဆုံး ကြားနာရသောသူရို့သည် မယုံကြည်ကြသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာကို မခံစားခရကြပေ။ သို့သော် အခြားသူရို့သည်ကား ထိုငြိမ်ဝပ်ချမ်းသာကို ခံစားကြရ၏။
6 Entretanto, resta entrarem alguns naquele descanso, e aqueles a quem anteriormente as boas novas foram pregadas não entraram, por causa da desobediência.
7 ဤသည်ကား ဘုရားသခင်က “ဤနိ့” ဟု ခေါ်သော တခြားသော နိ့တစ်နိ့ကို သတ်မှတ်ထားသည်မှာ မှန်ကန်ကြောင်းကို သက်သီပြလျက်ဟိ၏။ လွန်ခသော နှစ်ပေါင်းများစွာ အကြာက ဘုရားသခင်သည် ဤနိ့ အကြောင်းကို ဒါဝိဒ်အားဖြင့် ပြောခသည်ကို ကျမ်းစာ၌ ဖော်ပြထားသည်မှာ၊
7 Por isso Deus estabelece outra vez um determinado dia, chamando-o "hoje", ao declarar muito tempo depois, por meio de Davi, de acordo com o que fora dito antes: "Se hoje vocês ouvirem a sua voz, não endureçam o coração".
8 ယောသျှုသည် ဘုရားသခင် ကတိပီးခသော ငြိမ်ဝပ်ချမ်းသာခြင်းအကြောင်းကို လူတိအား ပြောထားခလျှင် ဘုရားသခင်သည် တခြားသောနိ့ရက်ကို တဖန်ထပ်၍ မိန့်တော်မူလိမ့်မည် မဟုတ်ပေ။
8 Porque, se Josué lhes tivesse dado descanso, Deus não teria falado posteriormente a respeito de outro dia.
9 သို့ဖြစ်၍ ဘုရားသခင်၏လူတိအတွက် ငြိမ်ဝပ်ချမ်းသာခြင်းနှင့်ဆိုင်သော ဥပုသ်နိ့ သည် ကျန်နိန်သိမ့်၏။
9 Assim, ainda resta um descanso sabático para o povo de Deus;
10 ဘုရားသခင်သည် မိမိလုပ်ဆောင်ခြင်းမှ ငြိမ်ဝပ်စွာ အနားယူသကဲ့သို့ ဘုရားသခင် ကတိပီးထားသော ငြိမ်ဝပ်ချမ်းသာခြင်းကို ခံစားကြရသောသူရို့သည် မိမိရို့၏အလုပ်မှ အနားယူကြရမည်။
10 pois todo aquele que entra no descanso de Deus, também descansa das suas obras, como Deus descansou das suas.
11 သူရို့သည် ယုံကြည်ခြင်း မဟိသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာခြင်းကို ဆုံးယှုံးခကြသည့်နည်းတူ ငါရို့သည် ထိုသို့ မဆုံးယှုံးကြစီခြင်းငှာ အကောင်းဆုံး ကြိုးစားအားထုတ်ကြလော့။
11 Portanto, esforcemo-nos por entrar nesse descanso, para que ninguém venha a cair, seguindo aquele exemplo de desobediência.
12 ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
12 Pois a palavra de Deus é viva e eficaz, e mais afiada que qualquer espada de dois gumes; ela penetra ao ponto de dividir alma e espírito, juntas e medulas, e julga os pensamentos e intenções do coração.
13 ဘုရားသခင်၏ မျက်မှောက်တော်မှ ကွယ်ဝှက်ထားနိုင်သော အရာဟူ၍ မဟိ။ ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ကိုယ်တော်၏မျက်မှောက်တော်၌ ထင်ရှားလျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့အားလုံးသည် မိမိရို့ ပြုသမျှအတိုင်း ပီးဆပ်ကြရလိမ့်မည်။
13 Nada, em toda a criação, está oculto aos olhos de Deus. Tudo está descoberto e exposto diante dos olhos daquele a quem havemos de prestar contas.
14 သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။
14 Portanto, visto que temos um grande sumo sacerdote que adentrou os céus, Jesus, o Filho de Deus, apeguemo-nos com toda a firmeza à fé que professamos,
15 ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
15 pois não temos um sumo sacerdote que não possa compadecer-se das nossas fraquezas, mas sim alguém que, como nós, passou por todo tipo de tentação, porém, sem pecado.
16 သို့ဖြစ်၍ ငါရို့သည် ယုံကြည်သောစိတ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ပလ္လင်သို့ ချဉ်းကပ်ကြကုန်အံ့။ အကြောင်းမူကား ထိုအရပ်၌ ငါရို့သည် အကူအညီလိုအပ်သည့်အချိန်၌ ကျေးဇူးတော်ကို တွိ့မြင်၍ ကရုဏာတော်ကို ခံစားကြရလိမ့်မည်။
16 Assim sendo, aproximemo-nos do trono da graça com toda a confiança, a fim de recebermos misericórdia e encontrarmos graça que nos ajude no momento da necessidade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.