Efésios 6

rki (RKI) vs BKJ

Sair da comparação
1 သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘရို့၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။
1 Filhos, obedecei a vossos pais no Senhor, porque isto é justo.
2 သမ္မာကျမ်းစာ၌ “သင်၏ မိဘကို ရိုသီစွာပြုလော့” ဟူသော ပညတ်သည် ကတိတော်နှင့်ဆိုင်သော ပထမဆုံးသော ပညတ်ဖြစ်၏။
2 Honra a teu pai e a tua mãe, (que é o primeiro mandamento com promessa),
3 ထိုသို့ပြုလျှင် “သင်သည် ကောင်းစားလျက် မြီကြီးထက်တွင် အသက်ရှည်လိမ့်မည်” ဟု ဖော်ပြ၏။
3 para que te vá bem, e vivas muito tempo sobre a terra.
4 မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
4 E vós, pais, não provoqueis a ira a vossos filhos, mas criai-os na disciplina e admoestação do Senhor.
5 အချင်း ကျွန်ရို့၊ သင်ရို့သည် ခရစ်တော်ကို နာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ဖြူစင်သောစိတ်နှင့် သင်ရို့၏ လောကီနှင့်ဆိုင်သော သခင်ရို့စကားကို နာခံကြလော့။
5 Servos, obedecei àqueles que são os vossos senhores segundo a carne, com temor e tremor, na sinceridade de vosso coração, como a Cristo;
6 သူရို့ နှစ်သက်စီခြင်းငှာ သူရို့၏ ရှိ့မှောက်၌သာ နားထောင်ကြသည် မဟုတ်ဘဲ၊ ခရစ်တော်၏ ကျွန်တိကဲ့သို့ ဘုရားသခင်၏ အလိုတော်ဟိသည့်အတိုင်း စိတ်ရောကိုယ်ပါ အစီခံကြလော့။
6 não servindo à vista, como para agradar aos homens, mas como servos de Cristo, fazendo a vontade de Deus de coração;
7 လူ၏အမှုကို ဆောင်ရွက်သကဲ့သို့ မဟုတ်ဘဲ၊ သခင်ဘုရား၏အမှုကို ဆောင်ရွက်သကဲ့သို့ ဝမ်းမြောက်စွာ လုပ်ဆောင်ကြလော့။
7 servindo de boa vontade como ao Senhor e não como aos homens;
8 ကျွန်ဖြစ်စီ၊ လွတ်လပ်သူဖြစ်စီ၊ ဇာသူမဆို မိမိပြုသည့် ကောင်းမှုအတွက် သခင်ဘုရားထံမှ ဆုလာဒ်ကို ရလိမ့်မည်ဟု သိမှတ်ကြလော့။
8 sabendo que toda a boa coisa que cada um fizer, o mesmo ele receberá do Senhor, seja ele servo, seja livre.
9 ထိုနည်းတူ သခင်ရို့၊ သင်ရို့၏ကျွန်တိကို ခြိမ်းခြောက်မှု မပြုဘဲ၊ သင်ရို့နှင့် သင်ရို့၏ ကျွန်တိ၌ ကောင်းကင်ဘုံတွင် အသျှင်တစ်ပါးတည်းသာ ဟိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည် မျက်နှာလိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။
9 E vós, senhores, fazei as mesmas coisas para com eles, deixando as ameaças, sabendo também que o Senhor deles e vosso está no céu, e não há acepção de pessoas com ele.
10 နောက်ဆုံး စကားဟူမူကား၊ သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စီကြလော့။
10 E finalmente, meus irmãos, sede fortes no Senhor e na força do seu poder.
11 မာရ်နတ်၏ ဆိုးညစ်သော ပရိယာယ်များကို ခုခံကာကွယ်နိုင်ခြင်းငှာ ဘုရားသခင်ပီးတော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
11 Revesti-vos de toda a armadura de Deus, para que possais estar firmes contra as astutas ciladas do diabo.
12 အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည် မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။
12 Porque não lutamos contra carne e sangue, mas contra os principados, contra as potestades, contra os governantes das trevas deste mundo, contra a maldade espiritual em regiões celestiais.
13 ထို့ကြောင့် ဘုရားသခင်ပီးသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့မှသာလျှင် ခဲယဉ်းဆိုးယုတ်သောကာလ ကျရောက်လာသောအခါ သင်ရို့သည် ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ် နိုင်ကြလိမ့်မည်။ အဆုံးတိုင်အောင် တိုက်ခိုက်ပြီးသောအခါ သင်ရို့သည် ရပ်တည်နိုင်ကြလိမ့်မည်။
13 Portanto, tomai toda a armadura de Deus, para que possais resistir no dia mau e, havendo feito tudo, ficar firmes.
14 ထို့ကြောင့် အသင့်ဟိနိန်စီခြင်းငှာ၊ သမ္မာတရားတည်းဟူသော ခါးပန်းကို ပတ်ကြလော့။ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ကြလော့။
14 Portanto, estai firmes, tendo cingidos os vossos lombos com a verdade, e vestida a couraça da justiça,
15 ငြိမ်သက်ခြင်း၏ သတင်းကောင်းကို ဟောပြောရန် အသင့်ပျင်ဆင်ထားခြင်းတည်းဟူသော ခြီနင်းကို စီးကြလော့။
15 e calçados os vossos pés na preparação do evangelho da paz;
16 ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားကို အမြဲ ဆွဲကိုင်ထားကြလော့။ သင်ရို့သည် ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ခတ်သော မြားလက်နက်ဟူသမျှကို ကာကွယ်နိုင်ကြလိမ့်မည်။
16 tomando, sobre tudo, o escudo da fé, com o qual podereis apagar todos os dardos inflamados do maligno.
17 ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်၏ ဒါးကိုလည်းကောင်း ယူဆောင်ကြလော့။
17 E tomai o capacete da salvação, e a espada do Espírito, que é a palavra de Deus.
18 သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
18 Orando em todo tempo com toda oração e súplica no Espírito, e vigiando nisso com toda perseverança e súplica por todos os santos,
19 ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။
19 e por mim; que a palavra me seja dada, para que eu possa abrir a minha boca ousadamente, para fazer conhecido o mistério do evangelho,
20 ငါသည် အကျဉ်းကျခံနိန်ရသောသူ ဖြစ်သော်လည်း၊ ထိုဧဝံဂေလိတရား၏ သံတမန်တစ်ယောက်ဖြစ်၏။ ငါသည် ထိုဧဝံဂေလိတရားကို ဟောပြောရမည်ဖြစ်၍ ရဲရင့်စွာ ဟောပြောနိုင်ခြင်းငှာ ဆုတောင်းပီးကြလော့။
20 pelo qual sou embaixador em cadeias; para que possa falar dele ousadamente, como me convém falar.
21 ငါ နှင့်ပတ်သက်သော အကြောင်းအရာအလုံးစုံကို သင်ရို့ သိစီခြင်းငှာ၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်ရာတွင် သစ္စာဟိသော အခိုင်းအစီဖြစ်သော ငါရို့၏ ချစ်သောညီတစ်ယောက်ဖြစ်သော တုခိတ်က ပြောပြလိမ့်မည်။
21 Ora, para que vós também possais saber das coisas acerca de mim e o que faço, Tíquico, irmão amado e fiel ministro do Senhor, vos fará saber todas as coisas,
22 ထို့ကြောင့် ငါရို့နှင့်ဆိုင်သော သတင်းအလုံးစုံကို ပြောပြရန်နှင့် သင်ရို့ကို အားပီးလှုံ့ဆော်စီခြင်းငှာ ထိုသူအား သင်ရို့ပါးသို့ ငါ စီရွှတ်လိုက်၏။
22 o qual vos enviei para o mesmo propósito, para que conheçais as coisas a nosso respeito, e para que ele console os vossos corações.
23 အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် ညီအစ်ကိုမောင်နှမအပေါင်းရို့အား ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းကို ချပီးတော်မူပါစီသောဝ်။
23 Paz seja com os irmãos e amor com fé, da parte de Deus o Pai e da do Senhor Jesus Cristo.
24 ဇာခါမျှ မပျက်ပြယ်နိုင်သော မေတ္တာဖြင့် ငါရို့ အသျှင်ယေသျှုခရစ်တော်ကို ချစ်ကြသော လူအပေါင်းရို့၌ ဘုရားသခင်၏ ကျေးဇူးတော်သည် သက်ရောက်ပါစီသောဝ်။
24 A graça seja com todos os que amam a nosso Senhor Jesus Cristo em sinceridade. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Efésios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.