Colossenses 4

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 သခင်ရို့၊ သင်ရို့သည်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးတည်းသာ ဟိကြောင်းကို သိမှတ်လျက် မိမိရို့၏ ကျွန်တိကို တရားမျှတစွာ ပြုမူဆက်ဆံကြလော့။
1 Senhores, tratai os servos com justiça e com equidade, certos de que também vós tendes Senhor no céu.
2 ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။
2 Perseverai na oração, vigiando com ações de graças.
3 ခရစ်တော်၏ နက်နဲသည့်အရာနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ဟောပြောနိုင်ရန် အခွင့်အလမ်းကောင်းကို ဘုရားသခင်သည် ငါရို့အား ပီးတော်မူခြင်းငှာ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ထိုတရားတော်ကြောင့် ငါသည် အဂု ထောင်ကျနိန်၏။
3 Suplicai, ao mesmo tempo, também por nós, para que Deus nos abra porta à palavra, a fim de falarmos do mistério de Cristo, pelo qual também estou algemado;
4 သို့ဖြစ်၍ တရားတော်ကို ဟောပြောသင့်သည့်အတိုင်း ယှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန် ဆုတောင်းပီးကြလော့။
4 para que eu o manifeste, como devo fazer.
5 သင်ရို့ရဟိသော အခွင့်ကောင်းမှန်သမျှကို အသုံးပြု၍ အပြင်လူတိအား ပညာသတိနှင့် ပေါင်းသင်းဆက်ဆံကြလော့။
5 Portai-vos com sabedoria para com os que são de fora; aproveitai as oportunidades.
6 သင်ရို့ပြောသောစကားသည် နားဝင်ချို၍ စိတ်ဝင်စားဖွယ် ဖြစ်စီကြလော့။ လူအသီးသီးအား မည်ကဲ့သို့ မှန်ကန်စွာ ပြန်ဖြေရမည်ကို သင်ရို့ နားလည်ထားကြလော့။
6 A vossa palavra seja sempre agradável, temperada com sal, para saberdes como deveis responder a cada um.
7 သခင်ဘုရား၏ အမှုတော်မြတ်၌ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြပြီး သစ္စာဟိသော အမှုတော်ဆောင်ဖြစ်သူ၊ ငါရို့ ချစ်သောညီ တုခိတ်သည် ငါနှင့်ပတ်သတ်သည့် အကြောင်းအရာဟိသမျှကို သင်ရို့အား ပြောပြလိမ့်မည်။
7 Quanto à minha situação, Tíquico, irmão amado, e fiel ministro, e conservo no Senhor, de tudo vos informará.
8 ငါရို့၏ အခြေအနေကို သင်ရို့အား ပြောပြခြင်းအားဖြင့် သင်ရို့၏ စိတ်နှလုံးသည် သက်သာခြင်းရစီရန် ငါသည် သူ့ကို သင်ရို့ပါးသို့ စီရွှတ်လိုက်ခြင်းဖြစ်၏။
8 Eu vo-lo envio com o expresso propósito de vos dar conhecimento da nossa situação e de alentar o vosso coração.
9 သင်ရို့ အထဲက တစ်ယောက်ဖြစ်သော၊ သစ္စာဟိသည့် ငါရို့၏ ချစ်ရသောညီ ဩနေသိမ်လည်း သူနှင့်အတူ လိုက်လာလိမ့်မည်။ သူရို့သည် ဤအရပ်၌ ဖြစ်ပျက်နိန်သော အကြောင်းအရာအားလုံးကို သင်ရို့အား ပြောပြလိမ့်မည်။
9 Em sua companhia, vos envio Onésimo, o fiel e amado irmão, que é do vosso meio. Eles vos farão saber tudo o que por aqui ocorre.
10 ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။)
10 Saúda-vos Aristarco, prisioneiro comigo, e Marcos, primo de Barnabé (sobre quem recebestes instruções; se ele for ter convosco, acolhei-o),
11 ယုတ္တုဟုခေါ်သော ယောသျှုကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်လျက်ဟိသော ယုဒလူမျိုး ယုံကြည်သူတိထဲမှ သူရို့သုံးဦးသာလျှင် ဖြစ်ကြ၏။ ဤသူရို့သည် ငါ့ကို များစွာ ကူညီပီးကြသောသူတိ ဖြစ်ကြ၏။
11 e Jesus, conhecido por Justo, os quais são os únicos da circuncisão que cooperam pessoalmente comigo pelo reino de Deus. Eles têm sido o meu lenitivo.
12 ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။
12 Saúda-vos Epafras, que é dentre vós, servo de Cristo Jesus, o qual se esforça sobremaneira, continuamente, por vós nas orações, para que vos conserveis perfeitos e plenamente convictos em toda a vontade de Deus.
13 သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ဟိသောသူရို့အတွက် လည်းကောင်း အလွန်ကြိုးစား လုပ်ဆောင်သောသူဖြစ်ကြောင်း ငါကိုယ်တိုင် သက်သီခံပါ၏။
13 E dele dou testemunho de que muito se preocupa por vós, pelos de Laodiceia e pelos de Hierápolis.
14 ငါရို့ချစ်သော ဆရာဝန်လုကာနှင့် ဒေမသည် သင်ရို့အား နှုတ်ဆက်လိုက်ကြ၏။
14 Saúda-vos Lucas, o médico amado, e também Demas.
15 လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမရို့ကိုလည်းကောင်း၊ နုံဖနှင့် သူမ၏အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်းကောင်း ငါနှုတ်ဆက်လိုက်ကြောင်းကို ပြောပြကြလော့။
15 Saudai os irmãos de Laodiceia, e Ninfa, e à igreja que ela hospeda em sua casa.
16 ဤစာကို သင်ရို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ဟိသော အသင်းတော်ကိုလည်း ဖတ်စီကြလော့။ ထို့အတူ လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမတိမှ ပို့ပီးသည့်စာကိုလည်း သင်ရို့ဖတ်ရှုကြလော့။
16 E, uma vez lida esta epístola perante vós, providenciai por que seja também lida na igreja dos laodicenses; e a dos de Laodiceia, lede-a igualmente perante vós.
17 ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။
17 Também dizei a Arquipo: atenta para o ministério que recebeste no Senhor, para o cumprires.
18 ဤနှုတ်ဆက်စကားကို ငါ ပေါလုသည် ငါ့လက်ဖြင့် ရီးလိုက်ပါ၏။ ငါခံရသော ချုပ်နှောင်ခြင်းကို သတိရကြလော့။
18 A saudação é de próprio punho: Paulo. Lembrai-vos das minhas algemas. A graça seja convosco.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.