Apocalipse 9
rki (RKI) vs ARC
1 ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။
1 E o quinto anjo tocou a trombeta, e vi uma estrela que do céu caiu na terra; e foi-lhe dada a chave do poço do abismo.
2 သူသည် ထိုတွင်းကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးတစ်ခုမှ ထွက်သည့် ထွက်လာလေ၏။ ထိုမီးခိုးကြောင့် နီ၏အလင်းနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လားလေ၏။
2 E abriu o poço do abismo, e subiu fumaça do poço como a fumaça de uma grande fornalha e, com a fumaça do poço, escureceu-se o sol e o ar.
3 ထိုမီးခိုးထဲမှ ကျိုင်းကောင်တိထွက်လာပြီးလျှင် မြီကြီးထက်သို့ ကျကြကုန်၏။ သူရို့သည် ကင်းမီးကောက်တိကဲ့သို့ အစွမ်းဟိကြ၏။
3 E da fumaça vieram gafanhotos sobre a terra; e foi-lhes dado poder como o poder que têm os escorpiões da terra.
4 သူရို့အား မြက်ပင်၊ သစ်ပင်များနှင့် အခြားသော ဇာအပင်ကိုမဆို ဘေးဥပါဒ်မပြုရန် မှာထားတော်မူ၏။ သို့ရာတွင် နဖူးတွင် ဘုရားသခင်၏ တံဆိပ်တော် မပါသည့် လူရို့ကိုသာလျှင် ဘေးဥပါဒ်ပြုရန် မှာထား၏။
4 E foi-lhes dito que não fizessem dano à erva da terra, nem a verdura alguma, nem a árvore alguma, mas somente aos homens que não têm na testa o sinal de Deus.
5 ထိုသူရို့ကို အသီသတ်ရန် ထိုကျိုင်းကောင်ရို့အား ခွင့်မပြုထား။ သို့ပင်သျှောင်လည်း ငါးလမျှသာ ညှဉ်းဆဲပိုင်ခွင့် ဟိ၏။ ကျိုင်းကောင်အကိုက် ခံရသူရို့သည် ကင်းမီးကောက် အထိုးခံရသကဲ့သို့ နာကျင်စွာ ဝေဒနာခံရကြ၏။
5 E foi-lhes permitido, não que os matassem, mas que por cinco meses os atormentassem; e o seu tormento era semelhante ao tormento do escorpião quando fere o homem.
6 ထိုငါးလအတွင်း လူရို့သည် သီခြင်းတရားကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွိ့ရကြ။ ထိုသူရို့သည် သီဖို့ရန် တောင့်တကြသော်လည်း သီမင်းသည် သူရို့ပါးမှ တိမ်းယှောင်နိန် လိမ့်မည်။
6 E naqueles dias os homens buscarão a morte e não a acharão; e desejarão morrer, e a morte fugirá deles.
7 ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် အသင့်ပျင်နိန်သော မြင်းတိနှင့်တူ ကြ၏။ သူရို့၏ ဦးဂေါင်းထက်မှာ ရွှီသရဖူဆောင်းထားသည်နှင့် တူ၏။ သူရို့၏ မျက်နှာသည်လည်း လူ့မျက်နှာနှင့် တူ၏။
7 E o aspecto dos gafanhotos era semelhante ao de cavalos aparelhados para a guerra; e sobre a sua cabeça havia umas como coroas semelhantes ao ouro; e o seu rosto era como rosto de homem.
8 သူရို့၏အမွီးသည် မိန်းမရို့၏ ဆံပင်နှင့်တူ၏။ သူရို့၏သွားသည် ခြင်္သေ့သွားနှင့် တူ၏။
8 E tinham cabelos como cabelos de mulher, e os seus dentes eram como de leão.
9 သူရို့၏ ရင်၌ သံရင်အုပ်တန်ဆာ ကဲ့သို့သော ရင်အုပ်တန်ဆာ တပ်ဆင်ထားသည်နှင့် တူ၏။ သူရို့၏ အတောင်ခပ်သံသည် စစ်ပွဲဝင်ရန် မောင်းနှင်လာသော မြင်းများနှင့်လည်းကောင်း၊ မြင်းရထားများ၏ အသံနှင့်လည်းကောင်း တူ၏။
9 E tinham couraças como couraças de ferro; e o ruído das suas asas era como o ruído de carros, quando muitos cavalos correm ao combate.
10 သူရို့၏ မတုံးသည် ကင်းမီးကောက်၏ မတုံးနှင့် တူ၍ ဆူးဟိ၏။ သူရို့မတုံး၌ လူရို့အား ငါးလတိုင်တိုင် ဘေးဥပါဒ်ရောက်စီနိုင်သော အစွမ်းဟိ၏။
10 E tinham cauda semelhante à dos escorpiões e aguilhão na cauda; e o seu poder era para danificar os homens por cinco meses.
11 သူရို့၏ ဘုရင်ကား တွင်းနက်ကြီးကို အုပ်စိုးသော ကောင်းကင်တမန်ဖြစ်၏။ သူ၏နာမည်ကား ဟေဗြဲဘာသာ စကားအားဖြင့် အဗဒ္ဒုန်ဟူ၍ လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍ လည်းကောင်းဖြစ်၏။ အပေါလျုန်၏ အနက်မှာ “ဖျက်ဆီးသူ” ဟူ၍ ဖြစ်သတည်း။
11 E tinham sobre si rei, o anjo do abismo; em hebreu era o seu nome Abadom, e em grego, Apoliom.
12 အမင်္ဂလာတစ်ပါး ကုန်လွန်လားပြီးနောက် အခြားသော အမင်္ဂလာနှစ်ပါး လာဦးမည်။
12 Passado é já um ai; eis que depois disso vêm ainda dois ais.
13 ထို့နောက် ဆဋ္ဌမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှိ့တော်၌ ဟိသော ရွှီယဇ်ပလ္လင်၏ ထောင့်လေးထောင့်မှ ထွက်လာသောအသံကို ငါသည် ကြားရ၏။
13 E tocou o sexto anjo a trombeta, e ouvi uma voz que vinha das quatro pontas do altar de ouro que estava diante de Deus,
14 ထိုအသံက “ဥဖရတ်မြစ်ကြီးအနားမှာ ချိုင်ထားသော ကောင်းကင်တမန်လေးပါးကို ဖြီရွှတ်လော့” ဟု ဆဋ္ဌမကောင်းကင်တမန်အား ဆို၏။
14 a qual dizia ao sexto anjo, que tinha a trombeta: Solta os quatro anjos que estão presos junto ao grande rio Eufrates.
15 ထိုကောင်းကင်တမန် လေးပါးရို့သည် လွတ်မြောက်ကြ၏။ သူရို့သည် ဤမည်သော အချိန်နာရီ၊ နိ့ရက်၊ လ၊ နှစ်အဖို့ လူသားမျိုးနွယ်၏ လူဦးရေသုံးပုံတစ်ပုံကို သုတ်သင်ပစ်ရန် အတွက် အသင့်ဟိနိန်သူများ ဖြစ်ကြ၏။
15 E foram soltos os quatro anjos que estavam preparados para a hora, e dia, e mês, e ano, a fim de matarem a terça parte dos homens.
16 မြင်းစီးသူရဲရို့၏ အရီအတွက်မှာ သန်းပေါင်း ၂၀၀ ဟိကြောင်းကို ငါသည် ကြားသိရ၏။
16 E o número dos exércitos dos cavaleiros era de duzentos milhões; e ouvi o número deles.
17 ထို့အတူ ငါ၏ဗျာဒိတ်ရူပါရုံ၌ မြင်းစီးသူရဲရို့သည် ကန့်ကဲ့သို့သော အဝါရောင်၊ နက်ပြာရောင်၊ မီးလျှံကဲ့သို့သော အနီရောင်ဟိသော ရင်အုပ်တန်ဆာတိကို ဝတ်ဆင်ထားကြသည်ကို ငါ မြင်ရ၏။ မြင်းများ၏ ဦးဂေါင်းများသည် ခြင်္သေ့ဦးဂေါင်းများနှင့် တူ၏။ သူရို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်များ ထွက်လာ၏။
17 E assim vi os cavalos nesta visão; e os que sobre eles cavalgavam tinham couraças de fogo, e de jacinto, e de enxofre; e a cabeça dos cavalos era como cabeça de leão; e de sua boca saía fogo, e fumaça, e enxofre.
18 ထိုသို့ သူရို့၏ခံတွင်းမှ ထွက်လာသည့် မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသော ကပ်သုံးပါးကြောင့် လူသားမျိုးနွယ်၏ လူဦးရေ သုံးပုံတစ်ပုံသည် သီဆုံးကြကုန်၏။
18 Por estas três pragas foi morta a terça parte dos homens, isto é, pelo fogo, pela fumaça e pelo enxofre, que saíam da sua boca.
19 မြင်းများ၏ အစွမ်းသည် သူရို့၏ခံတွင်းနှင့် မတုံးများတွင် ဟိ၏။ သူရို့၏ မတုံးများသည် မြွီများ၏ ဦးဂေါင်းတိနှင့်တူ၏။ ထိုမတုံးများဖြင့် လူရို့အား အန္တရာယ်ပြုကြ၏။
19 Porque o poder dos cavalos está na sua boca e na sua cauda, porquanto a sua cauda é semelhante a serpentes e tem cabeça, e com ela danificam.
20 ဤဘေးဒဏ်ဖြင့် မသီဘဲ ကျန်ဟိနိန်သော သူရို့သည် မိမိရို့၏ ဆိုးညစ်သော အကျင့်များမှ နောင်တရရန်နှင့် ဘုရားသခင်ထံသို့ ပြန်လှည့်ရန် ငြင်းပယ်ကြ၏။ ထိုသူရို့သည် နတ်မိစ္ဆာများကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မယှားနိုင်သော ရွှီ၊ ငွီ၊ ကြေး၊ ကျောက်၊ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော ရုပ်တုများကိုလည်းကောင်း ကိုးကွယ်လျက်ပင် ဟိနိန်ကြသိမ့်၏။
20 E os outros homens, que não foram mortos por estas pragas, não se arrependeram das obras de suas mãos, para não adorarem os demônios e os ídolos de ouro, e de prata, e de bronze, e de pedra, e de madeira, que nem podem ver, nem ouvir, nem andar.
21 သူရို့သည် လူ့အသက်ကို သတ်ခြင်း၊ ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များကို ပြုကြသော်လည်း နောင်တမရကြပေ။
21 E não se arrependeram dos seus homicídios, nem das suas feitiçarias, nem da sua prostituição, nem das suas ladroíces.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.