Apocalipse 10

rki (RKI)

1 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကို ဝတ်ဆင်၍ သူ၏ဦးဂေါင်းပတ်လည်တွင် သက်တန့်တစ်ခု ဟိ၏။ သူ၏မျက်နှာသည် နီနှင့်တူ၏။ သူ၏ခြီထောက်သည် မီးတိုင်များ နှင့်တူ၏။

2 သူသည် ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်ထား၏။ ထိုသူ၏ ညာဖက်ခြီသည် ပင်လယ်ထက်၌လည်းကောင်း၊ ဘယ်ဖက်ခြီသည် ကုန်းမြီထက်၌လည်းကောင်း ရပ်လျက်လည်းကောင်း၊

3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ ကြွေးကြော်လိုက်သောအခါ မိုးကြိုးခြိမ်းသံခုနစ်ချက် မြည်လေ၏။

4 ထိုသို့ မိုးကြိုးခြိမ်းသံခုနစ်ချက် မိန့်မြွက်သည်နှင့်ချက်ချင်း ငါသည် ထိုအရာများကို ရီးမှတ်မည်ပြုစဉ်၊ “ရီးမှတ်မထားကေ့။ မိုးကြိုးခြိမ်းသံ ခုနစ်ချက်က မိန့်မြွက်သည့် စကားကို တံဆိပ်ခပ်ထားလော့” ဟု ကောင်းကင်မှ ထွက်သောအသံကို ငါကြားရ၏။

5 ထို့နောက် ပင်လယ်နှင့် ကုန်းမြီထက်တွင် ရပ်နိန်သော ကောင်းကင်တမန်သည် မိမိ၏ညာဖက်လက်ကို ကောင်းကင်သို့ မြှောက်၍၊

6 ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူ၍ ကောင်းကင်၊ မြီကြီး၊ ပင်လယ်မှ စ၍ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ နာမတော်ကို တိုင်တည်လျက် “ထပ်၍ ကြန့်ကြာမှု ဟိလိမ့်မည် မဟုတ်။

7 သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။

8 တဖန် ကောင်းကင်မှ ငါ ကြားရသောအသံကား “လားလော့။ ပင်လယ်နှင့် ကုန်းမြီထက်တွင် ရပ်နိန်သော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားသောစာလိပ်ကို ယူလော့” ဟု ငါ့အား ဆို၏။

9 သို့ဖြစ်၍ ငါသည် ထိုကောင်းကင်တမန်ပါးသို့ လားပြီးလျှင် စာလိပ်ငယ်ကို ပီးရန် တောင်း၏။ ထိုကောင်းကင်တမန်ကလည်း “ဤစာလိပ်ငယ်ကို ယူ၍ စားလော့။ သင်၏ဝမ်း၌ ခါးလိမ့်မည်။ သို့ရာတွင် သင်၏ခံတွင်း၌မူကား ပျားရည်ကဲ့သို့ ချိုလိမ့်မည်” ဟု ဆို၏။

10 ငါသည် ထိုကောင်းကင်တမန်၏လက်မှ စာလိပ်ငယ်ကို ယူ၍ စား၏။ ထိုစာလိပ်သည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ ချို၏။ သို့ရာတွင် စားပြီးသောအခါ ဝမ်းထဲ၌ ခါးလေ၏။

11 ထို့နောက် ကောင်းကင်တမန်က “သင်သည် များစွာသော လူ၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ သျှင်ဘုရင်ရို့နှင့် ပတ်သက်၍ ဘုရားသခင်၏ ဗျာဒိတ်တော်ကို နောက်တဖန် ဟောပြောရမည်” ဟု ငါ့အား ဆို၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.