Apocalipse 21

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။
1 E vi um novo céu e uma nova terra. Porque já o primeiro céu e a primeira terra passaram, e o mar já não existe.
2 ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။
2 E eu, João, vi a Santa Cidade, a nova Jerusalém, que de Deus descia do céu, adereçada como uma esposa ataviada para o seu marido.
3 ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား “အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။
3 E ouvi uma grande voz do céu, que dizia: Eis aqui o tabernáculo de Deus com os homens, pois com eles habitará, e eles serão o seu povo, e o mesmo Deus estará com eles e será o seu Deus.
4 ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။
4 E Deus limpará de seus olhos toda lágrima, e não haverá mais morte, nem pranto, nem clamor, nem dor, porque já as primeiras coisas são passadas.
5 ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “အဂုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။
5 E o que estava assentado sobre o trono disse: Eis que faço novas todas as coisas. E disse-me: Escreve, porque estas palavras são verdadeiras e fiéis.
6 ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။
6 E disse-me mais: Está cumprido; Eu sou o Alfa e o Ômega, o Princípio e o Fim. A quem quer que tiver sede, de graça lhe darei da fonte da água da vida.
7 အောင်မြင်သောသူသည် ဤကောင်းကြီးမင်္ဂလာ အားလုံးကို ခံစားရလိမ့်မည်။ ငါသည် သူရို့၏ဘုရားဖြစ်မည်။ သူရို့သည်လည်း ငါ၏ သားသမီးတိ ဖြစ်လိမ့်မည်။
7 Quem vencer herdará todas as coisas, e eu serei seu Deus, e ele será meu filho.
8 သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
8 Mas, quanto aos tímidos, e aos incrédulos, e aos abomináveis, e aos homicidas, e aos fornicadores, e aos feiticeiros, e aos idólatras e a todos os mentirosos, a sua parte será no lago que arde com fogo e enxofre, o que é a segunda morte.
9 ထို့နောက် နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ခွက်ဖလား ခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ပါးသို့ လာ၍ “လာကတ်။ သိုးသူငယ်တော်၏ မယားတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို သင့်အား ငါပြမည်” ဟု ဆို၏။
9 E veio um dos sete anjos que tinham as sete taças cheias das últimas sete pragas e falou comigo, dizendo: Vem, mostrar-te-ei a esposa, a mulher do Cordeiro.
10 ကောင်းကင်တမန်သည် ငါ့ကို ဝိညာဉ်တော်အားဖြင့် အလွန်မြင့်သော တောင်ထိပ် တစ်ခုထက်သို့ ခေါ်ဆောင်လားပြီးလျှင် ဘုရားသခင်စံတော်မူရာ ကောင်းကင်ဘုံမှ သန့်ယှင်းသော ယေရုဆလင်မြို့သည် ဆင်းသက်လာသည်ကို ပြ၏။
10 E levou-me em espírito a um grande e alto monte e mostrou-me a grande cidade, a santa Jerusalém, que de Deus descia do céu.
11 ထိုမြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်၍ သလင်းကျောက်သဖွယ် ကြည်လင်သည့် နဂါးသွဲ့ကျောက်မျက်ကဲ့သို့ အရောင်အဝါတောက်ပလျက် ဟိ၏။
11 E tinha a glória de Deus. A sua luz era semelhante a uma pedra preciosíssima, como a pedra de jaspe, como o cristal resplandecente.
12 ထိုမြို့တွင် တန်းခါးပေါက် တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီး ဟိ၏။ ထိုတန်းခါးပေါက်များ၌ ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါး စောင့်ရှောက်ထား၏။ ဣသရေလအမျိုး တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို တံခါးများထက်၌ ရီးထားလျက် ဟိ၏။
12 E tinha um grande e alto muro com doze portas, e, nas portas, doze anjos, e nomes escritos sobre elas, que são os nomes das doze tribos de Israel.
13 အရှိ့ဖက်တွင် တန်းခါးပေါက်သုံးပေါက်၊ မြောက်ဖက်တွင် သုံးပေါက်၊ တောင်ဖက်တွင် သုံးပေါက်၊ အနောက်ဖက်တွင် သုံးပေါက် ဟိ၏။
13 Da banda do levante, tinha três portas; da banda do norte, três portas; da banda do sul, três portas; da banda do poente, três portas.
14 မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ခုဟိ၏။ ထိုကျောက်များအထက်တွင် သိုးသူငယ်တော်၏ တမန်တော် တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို ရီးထားလျက် ဟိ၏။
14 E o muro da cidade tinha doze fundamentos e, neles, os nomes dos doze apóstolos do Cordeiro.
15 ငါနှင့်စကားပြောသော ကောင်းကင်တမန်တွင် မြို့ကိုလည်းကောင်း၊ မြို့တန်းခါးများကိုလည်းကောင်း၊ မြို့ရိုးကိုလည်းကောင်း တိုင်းထွာရန် ရွှီကျူလုံး တစ်ချောင်း ဟိ၏။
15 E aquele que falava comigo tinha uma cana de ouro para medir a cidade, e as suas portas, e o seu muro.
16 ထိုမြို့သည် စတုရန်း ပုံဟိပြီး အလျားနှင့်အနံ တူညီ၏။ ကောင်းကင်တမန်သည် ကျူလုံးဖြင့် မြို့ကို တိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာ ၁,၅၀၀ မိုင်စီ ဟိကြောင်းကို တွိ့ရ၏။
16 E a cidade estava situada em quadrado; e o seu comprimento era tanto como a sua largura. E mediu a cidade com a cana até doze mil estádios; e o seu comprimento, largura e altura eram iguais.
17 ထို့နောက် မြို့ရိုးကို တိုင်းထွာရာ ကောင်းကင်တမန် အသုံးပြုသည့် လူရို့၏ အတိုင်းအထွာအရ၊ အမြင့် ၂၁၆ ပေ ဟိသတည်း။
17 E mediu o seu muro, de cento e quarenta e quatro côvados, conforme a medida de homem, que é a de um anjo.
18 မြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် ဆောက်လုပ်ထား၏။ မြို့သည်လည်း ဖန်ရောင်တောက်နိန်သော ရွှီစင်ဖြစ်၏။
18 E a fábrica do seu muro era de jaspe, e a cidade, de ouro puro, semelhante a vidro puro.
19 မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာ အမျိုးမျိုးများဖြင့် ခြယ်လှယ်ထား၏။ ပထမအုတ်မြစ်၌ နဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်၌ နီလာ၊ တတိယအုတ်မြစ်၌ မဟူရာ၊ စတုတ္ထအုတ်မြစ်၌ မြ၊
19 E os fundamentos do muro da cidade estavam adornados de toda pedra preciosa. O primeiro fundamento era jaspe; o segundo, safira; o terceiro, calcedônia; o quarto, esmeralda;
20 ပဉ္စမအုတ်မြစ်၌ ကြောင်၊ ဆဋ္ဌမအုတ်မြစ်၌ ပတ္တမြား၊ သတ္တမအုတ်မြစ်၌ ဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ်၌ မျက်ရွဲ၊ နဝမအုတ်မြစ်၌ ဥဿဖရား၊ ဒသမအုတ်မြစ်၌ မဟူရာစိမ်း၊ ဧကဒသမအုတ်မြစ်၌ စိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်၌ ဂေါ်မိတ် ဖြစ်သတည်း။
20 o quinto, sardônica; o sexto, sárdio; o sétimo, crisólito; o oitavo, berilo; o nono, topázio; o décimo, crisópraso; o undécimo, jacinto; o duodécimo, ametista.
21 မြို့တန်းခါး တစ်ခုလျှင် ပုလဲတစ်လုံးဖြင့် ပြုလုပ်ထားသောကြောင့် မြို့တံခါးတစ်ဆယ့်နှစ်ခုရို့သည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်ကြ၏။ မြို့၏လမ်းရို့ကိုလည်း ကြည်လင်သည့် ဖန်ကဲ့သို့ ရွှီစင်ဖြင့် ပြုလုပ်ထားလေ၏။
21 E as doze portas eram doze pérolas: cada uma das portas era uma pérola; e a praça da cidade, de ouro puro, como vidro transparente.
22 ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။
22 E nela não vi templo, porque o seu templo é o Senhor, Deus Todo-Poderoso, e o Cordeiro.
23 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထိုမြို့၌ ထွန်းလင်း၍ သိုးသူငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည် နီ၏ အလင်းရောင်၊ လ၏ အလင်းရောင်ကို မလို။
23 E a cidade não necessita de sol nem de lua, para que nela resplandeçam, porque a glória de Deus a tem alumiado, e o Cordeiro é a sua lâmpada.
24 လူမျိုးတကာရို့သည် ထိုမြို့၏ အလင်းရောင်ကို အမှီပြု၍ လားလာကြလိမ့်မည်။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့သည်လည်း မိမိရို့၏ ဘုန်းစည်းစိမ်ဥစ္စာများကို ထိုမြို့သို့ ယူဆောင်လာကြလိမ့်မည်။
24 E as nações andarão à sua luz, e os reis da terra trarão para ela a sua glória e honra.
25 မြို့တန်းခါးများကို တစ်နိ့လုံး ဖွင့်ထားလိမ့်မည်။ ထိုမြို့၌ ညအချိန် မဟိသဖြင့် မြို့တန်းခါးများကို ဇာခါ၌မျှ ပိတ်ထားလိမ့်မည် မဟုတ်။
25 E as suas portas não se fecharão de dia, porque ali não haverá noite.
26 လူမျိုးတကာရို့သည် မိမိရို့၏ ဘုန်းအသရီနှင့် စည်းစိမ်ဥစ္စာများကို ထိုမြို့သို့ ယူဆောင်လာကြလိမ့်မည်။
26 E a ela trarão a glória e honra das nações.
27 သို့ရာတွင် မစင်ကြယ်သည့်ဇာအရာမျှ ထိုမြို့တွင်းသို့ ဝင်ရလိမ့်မည် မဟုတ်။ စက်ဆုပ်ရွံဖွယ်ကောင်းသော အမှုကို ပြုသောသူ၊ လိမ်လည်ပြောဆိုသောသူ မှန်သမျှသည်လည်း ဝင်ခွင့်ရလိမ့်မည် မဟုတ်။ သိုးသူငယ်တော်၏ အသက်စာစောင် စာရင်း၌ ပါသောသူများသာလျှင် ဝင်ရကြလိမ့်မည်။
27 E não entrará nela coisa alguma que contamine e cometa abominação e mentira, mas só os que estão inscritos no livro da vida do Cordeiro.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.