Apocalipse 17

rki (RKI) vs BKJ

Sair da comparação
1 ထို့နောက် ဖလားခုနစ်လုံးကို ကိုင်ထားသော ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ပါးသို့ လာ၍ “လာလော့၊ မြစ်များအနားတွင် တည်ဟိသော မြို့ကြီးတည်းဟူသော ပြည့်တန်ဆာမကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။
1 E veio um dos sete anjos que tinham as sete taças, e falou comigo, dizendo-me: Vem aqui, mostrar-te-ei o juízo da grande prostituta que está assentada sobre as muitas águas;
2 မြီကြီးထက်၌ဟိသော သျှင်ဘုရင်များသည် ထိုမိန်းမနှင့် ကာမဂုဏ်ခံစားခကြ၏။ လောကီသားရို့သည်လည်း သူမ၏ ကာမဂုဏ်ခံစားမှုတည်းဟူသော စပျစ်ရည်နှင့် မူးယစ်ခကြ၏” ဟု ဆို၏။
2 com a qual os reis da terra cometeram fornicação; e os habitantes da terra foram embebedados com o vinho da sua fornicação.
3 ထို့နောက် ကောင်းကင်တမန်သည် ဝိညာဉ်တော်အားဖြင့် ငါ့အား တောကန္တာရသို့ ဆောင်ယူလေ၏။ ထိုအရပ်တွင် နီရဲသောသားရဲထက်၌ ထိုင်နိန်သော မိန်းမတစ်ယောက်ကို ငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ခုလုံးတွင် ဘုရားသခင်၏ ဘုန်းတော်ကို ယှုတ်ချသည့် အမည်နာမများကို ရီးသားထား၏။ ထိုသူ၌ ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်း ဟိ၏။
3 Assim, ele levou-me em espírito para o deserto, e eu vi uma mulher assentada sobre uma besta de cor escarlate, cheia de nomes de blasfêmia, tendo sete cabeças e dez chifres.
4 ထိုမိန်းမသည် အနီနှင့် မရမ်းစိ့ရောင် အဝတ်များကို ဝတ်လျက် ရွှီ၊ ကျောက်မျက်ရတနာ၊ ပုလဲ စသောတန်းဆာများကို ဆင်ယင်ထား၏။ သူမသည် ကာမဂုဏ်လိုက်စားမှုဆိုင်ရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ညစ်ညမ်းမှုများနှင့် ပြည့်နိန်သည့် ရွှီဖလားကို ကိုင်ထား၏။
4 E a mulher estava vestida de púrpura e escarlate, e adornada com ouro, e pedras preciosas e pérolas; tendo um cálice de ouro em sua mão, cheio das abominações e imundícias da sua fornicação.
5 သူမ၏ နဖူးထက်တွင် “ပြည့်တန်ဆာအပေါင်းနှင့် လောက၌ စက်ဆုပ်ဖွယ်ရာများ၏ မိခင်၊ ဗာဗုလုန်မြို့ကြီး” ဟူ၍ အနက်ဟိသော နာမကို ရီးထိုးထား၏။
5 E sobre sua testa havia um nome escrito: Mistério, Babilônia a Grande, a Mãe das Prostitutas e Abominações da Terra.
6 ထိုမိန်းမသည် ဘုရားသခင်လူရို့၏ အသွီးကိုလည်းကောင်း၊ ယေသျှုအကြောင်းကို သက်သီခံသောကြောင့် အသတ်ခံရသောသူရို့၏ အသွီးကိုလည်းကောင်း သောက်၍ ယစ်မူးလျက် ဟိသည်ကို ငါ တွိ့မြင်ရ၏။
6 E eu vi a mulher embriagada com o sangue dos santos, e com o sangue dos mártires de Jesus; e, eu vendo-a, maravilhei-me com grande admiração.
7 ကောင်းကင်တမန်က “ဇာကြောင့် အံ့သြသနည်း” ဟု ငါ့ကို မိန်းလေ၏။ “ထိုမိန်းမ၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ သူမစီးနိန်သော ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်းဟိသည့် သားရဲ၏လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း ငါပြောပြမည်။
7 E o anjo me disse: Por causa disso te maravilhaste? Dir-te-ei o mistério da mulher, e da besta que a leva, a qual tem sete cabeças e dez chifres.
8 သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း အဂု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ အဂု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။
8 A besta que viste, era, e não é, e subirá do abismo sem fundo, e irá à perdição; e aqueles que habitam na terra hão de se maravilhar, cujos nomes não foram inscritos no livro da vida, desde a fundação do mundo, quando eles contemplarem a besta que era, e já não é, ainda que agora seja.
9 “ဤအမှုအရာနှင့် ပတ်သက်၍ ဉာဏ်ပညာနှင့် အသိတရားဟိရန် လိုပေသည်။ ဦးဂေါင်းခုနစ်လုံးသည် မိန်းမထိုင်နိန်သည့် တောင်ခုနစ်လုံးကို ဆိုလို၏။ သျှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။
9 E aqui está a mente que tem sabedoria. As sete cabeças são sete montanhas, sobre as quais a mulher está assentada.
10 ထိုသျှင်ဘုရင်ရို့ထဲမှ ငါးပါးကား သီကျလားခယာ။ တစ်ပါးသည် အသက်ရှင်လျက် ဟိ၏။ အခြားတစ်ပါးကား မပေါ်ထွန်းသိမ့်ပေ။ ပေါ်ထွန်းလာလျှင်လည်း တဒင်္ဂမျှသာ အုပ်စိုးရလိမ့်မည်။
10 E há sete reis; cinco caíram, e um é; e o outro ainda não é vindo; e quando vier, deverá continuar por um curto espaço de tempo.
11 အယင်က အသက်ရှင်ခ၍ အဂုအသက်မရှင်သည့် သားရဲသည် အဋ္ဌမမြောက် ဘုရင်ဖြစ်၏။ သူသည် ဘုရင်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပြီး ဖျက်ဆီးခံရလိမ့်မည်။
11 E a besta que era, e não é mais, mesmo sendo o oitavo, e é dos sete, e vai à perdição.
12 “သင်မြင်ရသည့် ဂြိုဆယ်ချောင်းတိကား မင်းအာဏာစက်ကို မရသိမ့်သော သျှင်ဘုရင် ဆယ်ပါးဖြစ်၏။ သူရို့သည် သားရဲနှင့်အတူ တစ်နာရီစီ သျှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ရမည့် သူတိဖြစ်၏။
12 E os dez chifres que tu viste são dez reis, que não receberam reino algum ainda, mas recebem poder como reis por uma hora com a besta.
13 ထိုဘုရင်ရို့တွင် ရည်ရွယ်ချက်တစ်ခုတည်း ဟိကြ၏။ သူရို့သည် မိမိရို့၏ တန်ခိုးအာဏာတိကို သားရဲအား ပီးအပ်ကြ၏။
13 Estes têm uma só mente, e darão o seu poder e força à besta.
14 သူရို့သည် သိုးသူငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ ထိုသူသည် အသျှင်တကာရို့၏ အသျှင်၊ ဘုရင်တကာရို့၏ ဘုရင်ဖြစ်တော်မူသောကြောင့် သူရို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်နှင့်အတူ ဟိသောသူရို့သည်လည်း ခေါ်ယူတော်မူခြင်း ခံရသောသူ၊ ရွီးကောက်ခြင်း ခံရတော်မူသောသူ၊ သစ္စာဟိသောသူရို့ ဖြစ်ကြ၏” ဟု ဆို၏။
14 Estes guerrearão contra o Cordeiro, e o Cordeiro os vencerá; porque ele é o Senhor dos senhores e o Rei dos reis; e os que estão com ele são chamados, e escolhidos, e fiéis.
15 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ပြည့်တန်ဆာမ ထိုင်နိန်သောရီသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးနွယ်များဖြစ်ကြ၏။
15 E ele disse-me: As águas que tu viste, onde a prostituta se assenta, são povos, e multidões, e nações, e línguas.
16 သင်မြင်ရသော သားရဲနှင့် ဂြိုဆယ်ချောင်းရို့သည် ပြည့်တန်ဆာမကို မုန်းကြလိမ့်မည်။ သူရို့သည် သူမပါးမှ ဟိသမျှကို ချွတ်ယူလျက် အဝတ်မဟိဘဲ ဖြစ်စီကြလိမ့်မည်။ သူမ၏အသားကို စား၍ သူမကို မီးတိုက်ကြလိမ့်မည်။
16 E os dez chifres que tu viste sobre a besta; estes odiarão a prostituta, e a deixarão assolada e nua, e comerão sua carne, e a queimarão com fogo.
17 အကြောင်းမူကား ဘုရားသခင် မိန့်တော်မူသောစကားများ အကောင်အထည်ပေါ်လာသည့်တိုင်အောင် သူရို့သည် မိမိရို့၏ အခွင့်အာဏာများကို သားရဲအား တညီတညွတ်တည်း အပ်ပီးကြစီရန် ကိုယ်တော်သည် သူရို့၏စိတ်နှလုံးထဲ၌ မိမိ၏အကြံအစည်တော်ကို ထည့်ထားတော်မူ၏။
17 Porque Deus tem posto em seus corações que cumpram a sua vontade, e concordar, e dar seu reino à besta, até que as palavras de Deus sejam cumpridas.
18 “သင်မြင်ရသည့် မိန်းမကား မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်း” ဟု ဆို၏။
18 E a mulher que tu viste é a grande cidade que reina sobre os reis da terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.