Apocalipse 11
rki (RKI) vs BKJ
1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား တိုင်းတာရန် ကျူရိုးတစ်ချောင်းကို ပီးပြီးလျှင် “လား၍ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ထိုအရပ်တွင် ဝတ်ပြုကိုးကွယ်နိန်သော သူရို့ကိုလည်း ရွီတွက်လော့။
1 E foi-me dado um caniço semelhante a uma vara, e o anjo que estava em pé, disse: Levanta e mede o templo de Deus, e o altar, e os que adoram nele.
2 သို့ရာတွင် ဗိမာန်တော်ဝင်းကို မတိုင်းကေ့၊ အကြောင်းမူကား ထိုအရာကို အခြားလူမျိုးရို့အား ပီးထားသောကြောင့်ဖြစ်၏။ သူရို့သည် သန့်ယှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် ခြီဖြင့် နင်းကြလိမ့်မည်။
2 Mas, o átrio que está fora do templo, deixa-o, e não o meças; porque foi dado aos gentios, e eles pisarão a cidade santa por quarenta e dois meses.
3 ငါ၏ သက်သီခံနှစ်ပါးအား လျှော်တေအဝတ်ကို ဝတ်၍ ငါစီရွှတ်မည်။ သူရို့သည် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် ပရောဖက်ပြု၍ ဟောပြောကြလိမ့်မည်” ဟု ဆို၏။
3 E eu darei poder às minhas duas testemunhas, e elas profetizarão por mil duzentos e sessenta dias vestidos de saco de crina.
4 ထိုသက်သီခံနှစ်ပါးကား မြီကြီးကို အစိုးပိုင်တော်မူသော အသျှင်၏ ရှိ့တော်၌ ဟိသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးဖြစ်၏။
4 Estas são as duas oliveiras, e os dois candelabros que ficam diante do Deus da terra.
5 တစ်စုံတစ်ယောက်သောသူက ထိုသက်သီခံနှစ်ပါးအား အန္တရာယ်ပြုလျှင် သူရို့၏ခံတွင်းမှ မီးလျှံများထွက်၍ ထိုရန်ပြုသောသူကို ကျွမ်းလောင်စီလေ၏။ သူရို့အား အန္တရာယ်ပြုရန် ကြိုးစားသူ မှန်သမျှသည် ဤနည်းအတိုင်း သီကြရလိမ့်မည်။
5 E se algum homem os ferir, fogo sairá de suas bocas e devorará seus inimigos; e se algum homem os ferir, ele deve desta forma ser morto.
6 ထိုသူရို့သည် ဗျာဒိတ်တော်ကို ဟောပြောသည့် အချိန်ကာလအတွင်း မိုးမရွာစီရန် မိုးကောင်းကင်ကို ပိတ်နိုင်သော တန်ခိုးဟိကြ၏။ ရီကို သွီးအဖြစ်သို့ ပြောင်းလဲစီနိုင်သော တန်ခိုးလည်း ဟိကြ၏။ သူရို့သည် မိမိရို့ အလိုဟိသည့်အခါတိုင်း ကမ္ဘာမြီကြီးကို ဘေးဒဏ်အမျိုးမျိုး သင့်စီနိုင်ကြ၏။
6 Estes têm o poder de fechar o céu, para que não chova nos dias de sua profecia; e têm poder sobre as águas para transformá-las em sangue, e de ferir a terra com todas as pragas, sempre que quiserem.
7 သူရို့၏ သက်သီခံဟောပြောသည့်အလုပ် ပြီးစီးသောအခါ၌ တွင်းနက်ကြီးထဲမှ သားရဲသည် တက်လာ၍ သူရို့အား တိုက်ခိုက်လိမ့်မည်။ ထို့နောက် သူသည် ထိုသူရို့ကို အောင်နိုင်၍ အသီသတ်လိမ့်မည်။
7 E quando tiverem terminado seu testemunho, a besta que sobe do abismo sem fundo fará guerra contra eles, e os vencerá, e os matará.
8 သူရို့၏ အလောင်းများသည် မြို့ကြီးများ၏ လမ်းမထက်၌ ဟိကြလိမ့်မည်။ ထိုမြို့ကား သူရို့၏သခင်ဘုရားသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံရာ မြို့ဖြစ်၏။ ယင်းမြို့သည် သောဒုံမြို့ကို ဖြစ်စီ၊ အဲဂုတ္တုပြည်ကို ဖြစ်စီ ပုံဆောင်သောမြို့ဖြစ်သတည်း။
8 E os seus corpos mortos jazerão na rua da grande cidade, que espiritualmente se chama Sodoma e Egito, onde também o nosso Senhor fora crucificado.
9 တိုင်းနိုင်ငံအသီးသီး၌ ဟိသောဘာသာစကား အမျိုးမျိုးပြောကြသော လူမျိုးအနွယ် အပေါင်းရို့သည် သူရို့၏ အလောင်းများကို သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နိန်ကြလိမ့်မည်။
9 E aqueles dos povos, e famílias, e línguas e nações verão os seus corpos mortos por três dias e meio e não permitirão que seus corpos mortos sejam postos em túmulos.
10 မြီကြီးသားရို့သည် ပရောဖက်နှစ်ပါး သီဆုံးလားသည့်အတွက် ပွဲခံလျက် အချင်းချင်းလက်ဆောင်များကို ပီးကာ အောင်ပွဲခံကြလိမ့်မည်။ ဇာကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် မြီကြီးသားရို့အား ဒုက္ခများစွာကို ရောက်စီခကြသောကြောင့်ဖြစ်၏။
10 E aqueles que habitam na terra regozijar-se-ão sobre eles e alegrar-se-ão, e darão presentes uns aos outros; porque estes dois profetas haviam atormentado os que habitam sobre a terra.
11 သို့ရာတွင် သုံးရက်ခွဲကြာပြီနောက် ဘုရားသခင်သည် အသက်ဝိညာဉ်ကို ထိုသူရို့အထဲသို့ တဖန်မှုတ်သွင်းသဖြင့် သူရို့သည် ထ၍ မတ်တတ်ရပ်ကြ၏။ ဤအမှုအရာကို တွိ့မြင်သူ မြီကြီးသားရို့သည်လည်း ကြောက်ရွံ့ကြ၏။
11 E após os três dias e meio, o Espírito de vida, vindo de Deus, entrou neles, e eles ficaram de pé; e um grande temor caiu sobre aqueles que os viam.
12 ထို့နောက် ပရောဖက်နှစ်ပါးရို့သည် “ဤအရပ်သို့ တက်လော့” ဟု မိမိရို့အား ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံကို ကြားရကြ၏။ ထိုသူရို့သည် သူရို့၏ရန်သူတိ စောင့်ကြည့်နိန်စဉ် မိုးတိမ်တိုက်ကို စီး၍ ကောင်းကင်သို့ တက်လားကြ၏။
12 E eles ouviram uma grande voz do céu, dizendo-lhes: Subam para aqui! E eles subiram ao céu em uma nuvem; e os seus inimigos os contemplaram.
13 ထိုခဏ၌ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် မြို့၏ ဆယ်ပုံတစ်ပုံ ပျက်စီး၍ လူပေါင်း ၇,၀၀၀ သီဆုံးကြကုန်၏။ ကြွင်းကျန်သော သူရို့သည် ထိတ်လန့်လျက် ကောင်းကင်ဘုံသျှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးကျူးကြကုန်၏။
13 E na mesma hora houve um grande terremoto, e a décima parte da cidade caiu, e no terremoto foram mortos sete mil homens; e os remanescentes estavam atemorizados, e deram glória ao Deus do céu.
14 ဒုတိယအမင်္ဂလာကား ကုန်လွန်လားသော်လည်း တတိယအမင်္ဂလာသည် မကြာခင် လာလိမ့်မည်။
14 O segundo ai se passou; e eis que o terceiro ai se aproxima rapidamente.
15 ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။
15 E o sétimo anjo soou, e houve grandes vozes no céu, dizendo: Os reinos deste mundo se tornaram os reinos do nosso Senhor, e do seu Cristo; e ele reinará para sempre e sempre.
16 ထိုအခါ ဘုရားသခင်၏ ရှိ့တော်၌ဟိသော ပလ္လင်ထက်တွင် ထိုင်လျက်နိန်ကြသော အကြီးအကဲ ၂၄ ပါးရို့သည် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်လျက်၊
16 E os vinte e quatro anciãos que estavam assentados diante de Deus em seus assentos, prostraram-se sobre as suas faces, e adoraram a Deus,
17 “အတိတ်၊ ပစ္စုပ္ပန်ကာလရို့၌ ဟိတော်မူသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အသျှင်ဘုရားသခင်၊
17 dizendo: A ti damos graças, ó Senhor Deus Todo-Poderoso, que és, e eras, e hás de vir; porque tomaste para ti teu grande poder, e reinaste.
18 ကိုယ်တော်၏ အမျက်တော်သက်ရောက်ရာ ကာလသည် လည်းကောင်း၊
18 E iraram-se as nações e é chegada a tua ira, e o tempo dos mortos, para que sejam julgados, e para que tu dês recompensa aos teus servos, os profetas, e aos santos, e àqueles que temem o teu nome, pequenos e grandes; para que destruas os que destroem a terra.
19 ထိုအခါ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်တံခါးသည် ပွင့်လာသဖြင့် ဗိမာန်တော်ထဲ၌ ပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထို့နောက် လျှပ်စစ်များ ပြက်ခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးစွာသောမိုးသီးမုန်တိုင်း ကျရောက်ခြင်းများ ဖြစ်လေ၏။
19 E o templo de Deus foi aberto no céu, e foi visto no seu templo a arca do seu testamento; e houve relâmpagos, e vozes, e trovões, e um terremoto, e grande granizo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.