Romanos 1

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။-
1 Paulo, servo de Cristo Jesus, chamado para ser apóstolo, separado para o evangelho de Deus,
2 ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။-
2 o qual foi prometido por ele de antemão por meio dos seus profetas nas Escrituras Sagradas,
3 ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။-
3 acerca de seu Filho, que, como homem, era descendente de Davi,
4 ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။-
4 e que mediante o Espírito de santidade foi declarado Filho de Deus com poder, pela sua ressurreição dentre os mortos: Jesus Cristo, nosso Senhor.
5 ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
5 Por meio dele e por causa do seu nome, recebemos graça e apostolado para chamar dentre todas as nações um povo para a obediência que vem pela fé.
6 ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။
6 E vocês também estão entre os chamados para pertencerem a Jesus Cristo.
7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။
7 A todos os que em Roma são amados de Deus e chamados para serem santos: A vocês, graça e paz da parte de Deus nosso Pai e do Senhor Jesus Cristo.
8 သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-
8 Antes de tudo, sou grato a meu Deus, mediante Jesus Cristo, por todos vocês, porque em todo o mundo está sendo anunciada a fé que vocês têm.
9 — ausente —
9 Deus, a quem sirvo de todo o coração pregando o evangelho de seu Filho, é minha testemunha de como sempre me lembro de vocês
10 — ausente —
10 em minhas orações; e peço que agora, finalmente, pela vontade de Deus, seja-me aberto o caminho para que eu possa visitá-los.
11 သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။-
11 Anseio vê-los, a fim de compartilhar com vocês algum dom espiritual, para fortalecê-los,
12 တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။
12 isto é, para que eu e vocês sejamos mutuamente encorajados pela fé.
13 ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-
13 Quero que vocês saibam, irmãos, que muitas vezes planejei visitá-los, mas fui impedido de fazê-lo até agora. Meu propósito é colher algum fruto entre vocês, assim como tenho colhido entre os demais gentios.
14 လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-
14 Sou devedor tanto a gregos como a bárbaros, tanto a sábios como a ignorantes.
15 သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။
15 Por isso estou disposto a pregar o evangelho também a vocês que estão em Roma.
16 ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။-
16 Não me envergonho do evangelho, porque é o poder de Deus para a salvação de todo aquele que crê: primeiro do judeu, depois do grego.
17 ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။
17 Porque no evangelho é revelada a justiça de Deus, uma justiça que do princípio ao fim é pela fé, como está escrito: "O justo viverá pela fé".
18 အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။-
18 Portanto, a ira de Deus é revelada do céu contra toda impiedade e injustiça dos homens que suprimem a verdade pela injustiça,
19 ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-
19 pois o que de Deus se pode conhecer é manifesto entre eles, porque Deus lhes manifestou.
20 ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။-
20 Pois desde a criação do mundo os atributos invisíveis de Deus, seu eterno poder e sua natureza divina, têm sido vistos claramente, sendo compreendidos por meio das coisas criadas, de forma que tais homens são indesculpáveis;
21 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-
21 porque, tendo conhecido a Deus, não o glorificaram como Deus, nem lhe renderam graças, mas os seus pensamentos tornaram-se fúteis e os seus corações insensatos se obscureceram.
22 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။-
22 Dizendo-se sábios, tornaram-se loucos
23 သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။
23 e trocaram a glória do Deus imortal por imagens feitas segundo a semelhança do homem mortal, bem como de pássaros, quadrúpedes e répteis.
24 ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-
24 Por isso Deus os entregou à impureza sexual, segundo os desejos pecaminosos dos seus corações, para a degradação dos seus corpos entre si.
25 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။
25 Trocaram a verdade de Deus pela mentira, e adoraram e serviram a coisas e seres criados, em lugar do Criador, que é bendito para sempre. Amém.
26 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။-
26 Por causa disso Deus os entregou a paixões vergonhosas. Até suas mulheres trocaram suas relações sexuais naturais por outras, contrárias à natureza.
27 ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။
27 Da mesma forma, os homens também abandonaram as relações naturais com as mulheres e se inflamaram de paixão uns pelos outros. Começaram a cometer atos indecentes, homens com homens, e receberam em si mesmos o castigo merecido pela sua perversão.
28 ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။-
28 Além do mais, visto que desprezaram o conhecimento de Deus, ele os entregou a uma disposição mental reprovável, para praticarem o que não deviam.
29 သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။-
29 Tornaram-se cheios de toda sorte de injustiça, maldade, ganância e depravação. Estão cheios de inveja, homicídio, rivalidades, engano e malícia. São bisbilhoteiros,
30 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
30 caluniadores, inimigos de Deus, insolentes, arrogantes e presunçosos; inventam maneiras de praticar o mal; desobedecem a seus pais;
31 သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-
31 são insensatos, desleais, sem amor pela família, implacáveis.
32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။
32 Embora conheçam o justo decreto de Deus, de que as pessoas que praticam tais coisas merecem a morte, não somente continuam a praticá-las, mas também aprovam aqueles que as praticam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.