Romanos 1
Common Language Bible (MYA) vs NAA
1 သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
1 Paulo, servo de Cristo Jesus, chamado para ser apóstolo, separado para o evangelho de Deus,
2 ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
2 que ele, no passado, prometeu por meio dos seus profetas nas Escrituras Sagradas.
3 ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
3 Este evangelho diz respeito a seu Filho, o qual, segundo a carne, veio da descendência de Davi
4 ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
4 e foi designado Filho de Deus com poder, segundo o Espírito de santidade, pela ressurreição dos mortos, a saber, Jesus Cristo, nosso Senhor.
5 ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
5 Por meio dele viemos a receber graça e apostolado por amor do seu nome, para a obediência da fé, entre todos os gentios.
6 ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
6 Entre esses se encontram também vocês que foram chamados para pertencerem a Jesus Cristo.
7 ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။
7 A todos os amados de Deus que estão em Roma, chamados para ser santos. Que a graça e a paz de Deus, nosso Pai, e do Senhor Jesus Cristo estejam com vocês.
8 သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
8 Em primeiro lugar, por meio de Jesus Cristo, dou graças ao meu Deus por todos vocês, porque a fé que vocês têm é proclamada no mundo inteiro.
9 — ausente —
9 Pois Deus, a quem sirvo em meu espírito, no evangelho de seu Filho, é minha testemunha de como nunca deixo de fazer menção de vocês
10 — ausente —
10 em todas as minhas orações, pedindo que, em algum momento, pela vontade de Deus, surja uma oportunidade de visitá-los.
11 သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
11 Porque desejo muito vê-los, a fim de repartir com vocês algum dom espiritual, para que vocês sejam fortalecidos,
12 တစ်နည်းကားယင်းသို့တွေ့ဆုံမိကြသော အခါသင်တို့နှင့်ငါသည် မိမိတို့အသီး သီး၏ယုံကြည်ခြင်းကိုဝေမျှ၍အပြန် အလှန်အားပေးနိုင်လိမ့်မည်ဖြစ်သည်။
12 isto é, para que nos consolemos uns aos outros por meio da fé mútua: a de vocês e a minha.
13 ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
13 Quero que vocês saibam, irmãos, que muitas vezes me propus a ir visitá-los — no que tenho sido, até agora, impedido —, para conseguir algum fruto igualmente entre vocês, assim como também tenho conseguido entre os outros gentios.
14 လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
14 Pois sou devedor tanto a gregos como a bárbaros, tanto a sábios como a insensatos.
15 သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
15 Por isso, quanto a mim, estou pronto a anunciar o evangelho também a vocês que estão em Roma.
16 ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
16 Pois não me envergonho do evangelho, porque é o poder de Deus para a salvação de todo aquele que crê, primeiro do judeu e também do grego.
17 ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
17 Porque a justiça de Deus se revela no evangelho, de fé em fé, como está escrito: “O justo viverá por fé.”
18 အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
18 A ira de Deus se revela do céu contra toda impiedade e injustiça dos seres humanos que, por meio da sua injustiça, suprimem a verdade.
19 ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။-
19 Pois o que se pode conhecer a respeito de Deus é manifesto entre eles, porque Deus lhes manifestou.
20 ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။-
20 Porque os atributos invisíveis de Deus, isto é, o seu eterno poder e a sua divindade, claramente se reconhecem, desde a criação do mundo, sendo percebidos por meio das coisas que Deus fez. Por isso, os seres humanos são indesculpáveis.
21 သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
21 Porque, tendo conhecimento de Deus, não o glorificaram como Deus, nem lhe deram graças. Pelo contrário, se tornaram nulos em seus próprios raciocínios, e o coração insensato deles se obscureceu.
22 သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
22 Dizendo que eram sábios, se tornaram tolos
23 သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။
23 e trocaram a glória do Deus incorruptível por imagens semelhantes ao ser humano corruptível, às aves, aos quadrúpedes e aos répteis.
24 ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။-
24 Por isso, Deus os entregou à impureza, pelos desejos do coração deles, para desonrarem o seu corpo entre si.
25 သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။
25 Eles trocaram a verdade de Deus pela mentira, adorando e servindo a criatura em lugar do Criador, o qual é bendito para sempre. Amém!
26 သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။-
26 Por causa disso, Deus os entregou a paixões vergonhosas. Porque até as mulheres trocaram o modo natural das relações íntimas por outro, contrário à natureza.
27 ထိုနည်းတူစွာယောကျာ်းတို့သည်လည်း မိန်းမ များနှင့်ဋ္ဌမ္မတာထုံးစံအတိုင်းဆက်ဆံမှုကို မပြုဘဲ ယောကျာ်းအချင်းချင်းရာဂမီးတောက် လောင်လျက်ရှိကြ၏။ ယောကျာ်းတို့သည်အချင်း ချင်းအားရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြု ကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့် အတွက်ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံရ ကြ၏။
27 Da mesma forma, também os homens, deixando o contato natural da mulher, se inflamaram mutuamente em sua sensualidade, cometendo indecência, homens com homens, e recebendo, em si mesmos, a merecida punição do seu erro.
28 ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
28 E, por haverem desprezado o conhecimento de Deus, o próprio Deus os entregou a um modo de pensar reprovável, para praticarem coisas que não convêm.
29 သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
29 Estão cheios de todo tipo de injustiça, perversidade, avareza e maldade. Estão cheios de inveja, homicídio, discórdia, engano e malícia. São difamadores,
30 သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-
30 caluniadores, inimigos de Deus, insolentes, arrogantes, orgulhosos, inventores de males, desobedientes aos pais,
31 သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။-
31 insensatos, desleais, sem afeição natural e sem misericórdia.
32 ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
32 Embora conheçam a sentença de Deus, de que os que praticam tais coisas são passíveis de morte, eles não somente as fazem, mas também aprovam os que as praticam.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.