Romanos 11

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-
1 Então pergunto: Deus rejeitou seu povo, a nação de Israel? Claro que não! Eu mesmo sou israelita, descendente de Abraão e membro da tribo de Benjamim.
2 ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-
2 Não, Deus não rejeitou seu povo, que conheceu de antemão. Vocês sabem o que as Escrituras dizem a esse respeito? O profeta Elias se queixou a Deus sobre o povo de Israel, dizendo:
3 ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-
3 “Senhor, eles mataram teus profetas e derrubaram teus altares. Sou o único que restou, e agora também procuram me matar”.
4 သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-
4 E vocês se lembram da resposta de Deus? Ele disse: “Ainda tenho outros sete mil que jamais se prostraram diante de Baal”.
5 ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။-
5 O mesmo acontece hoje, pois uns poucos do povo de Israel permaneceram fiéis, escolhidos pela graça de Deus.
6 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။
6 E, se a escolha se dá pela graça de Deus, então não se baseia nas obras deles, pois nesse caso a graça deixaria de ser o que verdadeiramente é, ou seja, gratuita e imerecida.
7 ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-
7 Portanto, a situação é esta: a maioria do povo de Israel não encontrou o que tanto buscava, mas uns poucos, aqueles que Deus havia escolhido, o encontraram, enquanto o coração dos demais foi endurecido.
8 ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
8 Como dizem as Escrituras: “Deus os fez cair em sono profundo. Até hoje, fechou-lhes os olhos para que não vejam, e tapou-lhes os ouvidos para que não ouçam”.
9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊
9 Da mesma forma, Davi disse: “Que sua mesa farta se transforme em laço, em armadilha que os faça pensar que tudo vai bem. Que seus privilégios os façam tropeçar, e que recebam o que merecem.
10 သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။
10 Que seus olhos se escureçam para que não vejam, e que suas costas fiquem encurvadas para sempre”.
11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-
11 Acaso o povo de Deus tropeçou e caiu sem possibilidade de se levantar? Claro que não! Foram desobedientes e, por isso, Deus tornou a salvação acessível aos gentios, para que seu próprio povo sentisse ciúme.
12 ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။
12 Se os gentios foram enriquecidos porque os israelitas fracassaram ao rejeitar a salvação que Deus lhes oferece, imaginem como será maior a bênção para o mundo quando Israel for plenamente restaurado!
13 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-
13 Dirijo-me especialmente a vocês, gentios. E, uma vez que fui designado apóstolo aos gentios, enfatizo isso
14 ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-
14 porque desejo que, de algum modo, o povo de Israel sinta ciúme e assim eu possa levar alguns deles à salvação.
15 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။
15 Pois, se a rejeição deles possibilitou que o resto do mundo se reconciliasse com Deus, a aceitação será ainda mais maravilhosa. Será vida para os que estavam mortos!
16 မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-
16 Se a parte da massa entregue como oferta é santa, então toda ela é santa. E, se as raízes da árvore são santas, os ramos também o serão.
17 လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-
17 Mas alguns desses ramos, alguns do povo de Israel, foram cortados. E vocês, gentios, que eram ramos de uma oliveira brava, foram enxertados na árvore. Agora, portanto, participam do alimento nutritivo que vem da raiz da oliveira especial de Deus.
18 သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။
18 No entanto, não devem se orgulhar de terem sido enxertados no lugar dos ramos que foram cortados, pois é a raiz que sustenta o ramo, e não o contrário.
19 သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-
19 Talvez digam: “Esses ramos foram cortados para abrir espaço para nós”.
20 သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-
20 É verdade, mas lembrem-se de que esses ramos foram cortados porque não creram e que vocês estão ali porque creem. Portanto, não se orgulhem, mas temam o que poderia acontecer.
21 ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-
21 Pois, se Deus não poupou os ramos naturais, também não poupará vocês.
22 ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-
22 Observem como Deus é, ao mesmo tempo, bondoso e severo. É severo com os que lhe desobedecem, mas é bondoso com vocês, desde que continuem a confiar em sua bondade. Mas, se deixarem de confiar, também serão cortados.
23 ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။-
23 E, se o povo de Israel abandonar sua incredulidade, será enxertado novamente, pois Deus tem poder para enxertá-los de volta na árvore.
24 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။
24 Vocês eram, por natureza, o ramo cortado de uma oliveira brava. Portanto, se Deus se mostrou disposto a fazer algo contrário à natureza ao enxertá-los em sua árvore cultivada, estará ainda mais disposto a enxertar os ramos naturais de volta na árvore da qual eles fazem parte.
25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-
25 Irmãos, quero que vocês entendam este mistério para que não se orgulhem de si mesmos. Alguns do povo de Israel têm o coração endurecido, mas isso durará apenas até que o tempo dos gentios se complete.
26 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊
26 E assim todo o Israel será salvo. Como dizem as Escrituras: “O libertador virá de Sião e afastará Israel
27 ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ပယ်​ရှား​သော အ​ခါ သူ​တို့​နှင့်​ဤ​ပ​ဋိ​ညာဉ်​ကို​ပြု​မည်။''
27 E esta é minha aliança com eles: eu removerei seus pecados”.
28 သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။-
28 Muitos do povo de Israel agora são inimigos das boas-novas, e isso beneficia vocês, gentios. No entanto, porque ele escolheu seus patriarcas, eles ainda são o povo que Deus ama.
29 ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-
29 Pois as bênçãos de Deus e o seu chamado jamais podem ser anulados.
30 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
30 Em outros tempos, vocês, gentios, foram rebeldes contra Deus, mas agora, por causa da desobediência deles, vocês receberam misericórdia.
31 ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ကြ​ရ​ခြင်း​ကြောင့် ယု​ဒ အ​မျိုး​သား​တို့​သည်​က​ရု​ဏာ​တော်​ကို​မိ​မိ တို့​လည်း​ခံ​စား​ရ​အံ့​သော​ငှာ ဘု​ရား​သ​ခင် ၏​စ​ကား​တော်​ကို​ယ​ခု​အ​ခါ​မ​နာ​ခံ​ဘဲ နေ​ကြ​၏။-
31 Agora eles são os rebeldes, e Deus foi misericordioso com vocês, para que eles também participem da misericórdia dele.
32 လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။
32 Pois Deus colocou a todos debaixo da desobediência para que de todos tivesse misericórdia.
33 ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-
33 Como são grandes as riquezas, a sabedoria e o conhecimento de Deus! É impossível entendermos suas decisões e seus caminhos!
34 ကျမ်း​စာ​တော်​က၊
34 “Pois quem conhece os pensamentos do Senhor? Quem sabe o suficiente para aconselhá-lo?”
35 ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင်
35 “Quem lhe deu primeiro alguma coisa, para que ele precise depois retribuir?”
36 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။
36 Pois todas as coisas vêm dele, existem por meio dele e são para ele. A ele seja toda a glória para sempre! Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.