Romanos 11
Common Language Bible (MYA) vs ARA
1 သို့ဖြစ်၍ဘုရားသခင်သည်မိမိ၏လူစုတော် အား ပစ်ပယ်တော်မူပြီလောဟုမေးသော်ဧကန် မုချပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်ပင်လျှင် ဣသရေလအမျိုးသား၊ အာဗြဟံမှဆင်း သက်သူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။-
1 Pergunto, pois: terá Deus, porventura, rejeitado o seu povo? De modo nenhum! Porque eu também sou israelita da descendência de Abraão, da tribo de Benjamim.
2 ဘုရားသခင်သည်အစမူလကတည်းက မိမိရွေးကောက်ထားတော်မူသောလူစုတော် ကိုပစ်ပယ်တော်မမူ။ ကျမ်းစာတော်တွင်ဧလိယ သည်ဣသရေလအမျိုးသားတို့ကိုဆန့်ကျင်၍ ဘုရားသခင်ထံလျှောက်ထားသည့်စာပိုဒ်ကို သင်တို့သိကြ၏။-
2 Deus não rejeitou o seu povo, a quem de antemão conheceu. Ou não sabeis o que a Escritura refere a respeito de Elias, como insta perante Deus contra Israel, dizendo:
3 ထိုလျှောက်ထားချက်တွင်ဧလိယက``ထာဝရ ဘုရားရှင်၊ ထိုသူတို့သည်ကိုယ်တော်၏ပရော ဖက်များကိုသတ်ဖြတ်ခဲ့ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တစ်ဦးတည်းသာကျန်ပါ၏။ အကျွန်ုပ်ကိုလည်း သူတို့သတ်ရန်ကြိုးစားလျက်နေကြပါ၏'' ဟုဆို၏။-
3 Senhor, mataram os teus profetas, arrasaram os teus altares, e só eu fiquei, e procuram tirar-me a vida.
4 သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။-
4 Que lhe disse, porém, a resposta divina? Reservei para mim sete mil homens, que não dobraram os joelhos diante de Baal.
5 ယခုကာလ၌လည်းဤနည်းအတိုင်းပင်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်ရွေးကောက်ခြင်းခံ ရသူလူအနည်းငယ်ကျန်ရှိ၏။-
5 Assim, pois, também agora, no tempo de hoje, sobrevive um remanescente segundo a eleição da graça.
6 ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
6 E, se é pela graça, já não é pelas obras; do contrário, a graça já não é graça.
7 ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-
7 Que diremos, pois? O que Israel busca, isso não conseguiu; mas a eleição o alcançou; e os mais foram endurecidos,
8 ကျမ်းစာတော်က``ဘုရားသခင်သည်သူတို့ ၏စိတ်နှလုံးကိုထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ တိုင်အောင်ပင်သူတို့သည်မမြင်မကြားနိုင် ကြ'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
8 como está escrito: Deus lhes deu espírito de entorpecimento, olhos para não ver e ouvidos para não ouvir, até ao dia de hoje.
9 ထို့အပြင်ဒါဝိဒ်မင်းက၊
9 E diz Davi: Torne-se-lhes a mesa em laço e armadilha, em tropeço e punição;
10 သူတို့သည်ကြည့်၍မမြင်နိုင်စေရန် မျက်စိမှုန်ပါစေသော။
10 escureçam-se-lhes os olhos, para que não vejam, e fiquem para sempre encurvadas as suas costas.
11 သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။-
11 Pergunto, pois: porventura, tropeçaram para que caíssem? De modo nenhum! Mas, pela sua transgressão, veio a salvação aos gentios, para pô-los em ciúmes.
12 ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
12 Ora, se a transgressão deles redundou em riqueza para o mundo, e o seu abatimento, em riqueza para os gentios, quanto mais a sua plenitude!
13 လူမျိုးခြားဖြစ်သူသင်တို့အားယခုငါပြော လို၏။ ငါသည်လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည့်ကာလပတ်လုံးမိမိ ၏အလုပ်တွင်ဂုဏ်ယူဝါကြွားမည်။-
13 Dirijo-me a vós outros, que sois gentios! Visto, pois, que eu sou apóstolo dos gentios, glorifico o meu ministério,
14 ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။-
14 para ver se, de algum modo, posso incitar à emulação os do meu povo e salvar alguns deles.
15 ဘုရားသခင်သည်ငါ၏အမျိုးသားတို့အား ပစ်ပယ်တော်မူသောအခါ၌ကမ္ဘာသူကမ္ဘာသား တို့အား မိမိရန်သူများဖြစ်ရာမှမိတ်ဆွေများ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ယုဒအမျိုးသား တို့အားဘုရားသခင်ပြန်လည်လက်ခံတော်မူ သောအခါ၌အဘယ်သို့ဖြစ်လိမ့်မည်နည်း။ သူသေတို့အားအသက်ပြန်၍ရှင်စေသကဲ့ သို့ဖြစ်လိမ့်မည်။
15 Porque, se o fato de terem sido eles rejeitados trouxe reconciliação ao mundo, que será o seu restabelecimento, senão vida dentre os mortos?
16 မိမိ၌ရှိသောမုန့်ညက်မှအနည်းငယ်ကို ယူ၍ဘုရားသခင်အားဦးစွာဆက်ကပ်လျှင် မုန့်ညက်အားလုံးကိုပင်လျှင်ဆက်ကပ်ရာ ရောက်၏။ သစ်ပင်၏အမြစ်ကိုဘုရားသခင် အားဆက်ကပ်လျှင်အကိုင်းအခက်များကို လည်းဆက်ကပ်ရာရောက်၏။-
16 E, se forem santas as primícias da massa, igualmente o será a sua totalidade; se for santa a raiz, também os ramos o serão.
17 လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
17 Se, porém, alguns dos ramos foram quebrados, e tu, sendo oliveira brava, foste enxertado em meio deles e te tornaste participante da raiz e da seiva da oliveira,
18 သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။
18 não te glories contra os ramos; porém, se te gloriares, sabe que não és tu que sustentas a raiz, mas a raiz, a ti.
19 သို့သော်သင်တို့က ``အကျွန်ုပ်တို့အားနေရာ ပေးရန်သံလွင်ယဉ်ကိုင်းများကိုခုတ်ဖြတ် သည်မဟုတ်ပါလော'' ဟုဆိုလိမ့်မည်။-
19 Dirás, pois: Alguns ramos foram quebrados, para que eu fosse enxertado.
20 သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
20 Bem! Pela sua incredulidade, foram quebrados; tu, porém, mediante a fé, estás firme. Não te ensoberbeças, mas teme.
21 ဘုရားသခင်သည်သံလွင်ပင်မှနဂိုမူရင်း အကိုင်းများသဖွယ်ဖြစ်ကြသူ ယုဒအမျိုး သားတို့ကိုသက်ညှာတော်မမူလျှင် အဘယ် သို့လျှင်သင်တို့ကိုသက်ညှာတော်မူမည်နည်း။-
21 Porque, se Deus não poupou os ramos naturais, também não te poupará.
22 ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
22 Considerai, pois, a bondade e a severidade de Deus: para com os que caíram, severidade; mas, para contigo, a bondade de Deus, se nela permaneceres; doutra sorte, também tu serás cortado.
23 ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။-
23 Eles também, se não permanecerem na incredulidade, serão enxertados; pois Deus é poderoso para os enxertar de novo.
24 လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။
24 Pois, se foste cortado da que, por natureza, era oliveira brava e, contra a natureza, enxertado em boa oliveira, quanto mais não serão enxertados na sua própria oliveira aqueles que são ramos naturais!
25 ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
25 Porque não quero, irmãos, que ignoreis este mistério (para que não sejais presumidos em vós mesmos): que veio endurecimento em parte a Israel, até que haja entrado a plenitude dos gentios.
26 ထိုနောက်ဘုရားသခင်သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးကိုကယ်တင်တော် မူလိမ့်မည်။ ကျမ်းစာတော်တွင်၊
26 E, assim, todo o Israel será salvo, como está escrito: Virá de Sião o Libertador e ele apartará de Jacó as impiedades.
27 ငါသည်သူတို့၏အပြစ်များကိုပယ်ရှားသော အခါ သူတို့နှင့်ဤပဋိညာဉ်ကိုပြုမည်။''
27 Esta é a minha aliança com eles, quando eu tirar os seus pecados.
28 သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
28 Quanto ao evangelho, são eles inimigos por vossa causa; quanto, porém, à eleição, amados por causa dos patriarcas;
29 ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
29 porque os dons e a vocação de Deus são irrevogáveis.
30 လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
30 Porque assim como vós também, outrora, fostes desobedientes a Deus, mas, agora, alcançastes misericórdia, à vista da desobediência deles,
31 ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။-
31 assim também estes, agora, foram desobedientes, para que, igualmente, eles alcancem misericórdia, à vista da que vos foi concedida.
32 လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။
32 Porque Deus a todos encerrou na desobediência, a fim de usar de misericórdia para com todos.
33 ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
33 Ó profundidade da riqueza, tanto da sabedoria como do conhecimento de Deus! Quão insondáveis são os seus juízos, e quão inescrutáveis, os seus caminhos!
34 ကျမ်းစာတော်က၊
34 Quem, pois, conheceu a mente do Senhor? Ou quem foi o seu conselheiro?
35 ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင်
35 Ou quem primeiro deu a ele para que lhe venha a ser restituído?
36 ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
36 Porque dele, e por meio dele, e para ele são todas as coisas. A ele, pois, a glória eternamente. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.