Oséias 9

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။-
1 Não te alegres, Israel! Não exultes como os pagãos! Porque te prostituíste, afastando-te de teu Deus. E amaste o salário impuro em todas as eiras de trigo.
2 သို့​ရာ​တွင်​မ​ကြာ​မီ​သင်​တို့​တွင်​ဆန်​စ​ပါး၊ သံ​လွင်​ဆီ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သုံး ခွင့်​ရ​တော့​မည်​မ​ဟုတ်။-
2 A eira e o lagar não os alimentarão, e o vinho lhes faltará.
3 ဧ​ဖ​ရိမ်​ပြည်​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပြည်​တွင်​မ​နေ​ရ​တော့​ဘဲ​အီ​ဂျစ်​ပြည် သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ​ပြည်​တွင်​လည်း တား​မြစ်​ထား​သော​အ​စား​အ​စာ​ကို​စား ကြ​ရ​မည်။-
3 Não ficarão na terra do Senhor; os de Efraim voltarão para o Egito, e comerão em Assíria alimentos impuros.
4 ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။-
4 Já não farão ao Senhor libações de vinho, nem oferecerão sacrifícios em sua honra. Seu pão será como um pão de luto: todos os que dele comerem se contaminarão. Essa refeição é para seus apetites e não para ser apresentada na casa do Senhor.
5 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။-
5 Que fareis no dia de solenidade, no dia de festa consagrado ao Senhor?
6 ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။
6 Ei-los que partem de uma terra devastada; o Egito os acolherá, Mênfis os sepultará; suas luxuosas residências serão cobertas de urtigas, e abrolhos invadirão suas tendas.
7 ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-
7 Eis que chegam os dias do castigo. Eis que chegam os dias da justiça. Israel exclama: O profeta está louco, o homem inspirado delira. À enormidade de teu pecado junta-se a de tua perseguição.
8 ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။-
8 Efraim, o povo de meu Deus, espreita o profeta, arma-lhe ciladas em todos os caminhos, e persegue-o até na casa de seu Deus.
9 သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။
9 Estão profundamente corrompidos, como no tempo de Gabaa. {Deus} se lembrará de suas faltas, e punirá os seus pecados.
10 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-
10 Encontrei Israel como cachos de uvas no deserto; vi os vossos pais como os primeiros frutos da figueira. Porém, chegados a Beelfegor, consagraram-se a um objeto infame, e tornaram-se tão abomináveis como as coisas que amavam.
11 ဣ​သ​ရေ​လ​တို့​၏​ဘုန်း​တန်​ခိုး​သည်​ငှက် ပျံ​သ​ကဲ့​သို့​ကွယ်​ပျောက်​သွား​လိမ့်​မည်။ သူ တို့​တွင်​သ​မီး​များ​မ​ထွန်း​ကား​ရ။ ကိုယ် ဝန်​ဆောင်​သော​မိန်း​မ မ​ရှိ​ရ။ သန္ဓေ​တည် ခြင်း​မ​ရှိ​စေ​ရ။-
11 A glória de Efraim desaparecerá como uma ave: não haverá mais nascimento, nem gravidez e nem sequer concepção!
12 အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
12 E mesmo os filhos que conseguirem criar, eu os privarei deles antes que se tornem homens. E ai deles, quando eu os abandonar!
13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​သား သ​မီး​များ​အား​ရန်​သူ​များ​လိုက်​လံ​၍ သတ်​ဖြတ်​နေ​သည်​ကို​အ​ကျွန်ုပ်​မြင် ယောင်​ပါ​၏။-
13 Efraim, pelo que vi, persegue a mãe de seus filhos; Efraim vai levar seus filhos ao que lhes há de tirar a vida.
14 ဤ​သူ​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ထံ​အ​ကျွန်ုပ် မည်​သည့်​အ​ရာ​ကို​တောင်း​လျှောက်​ရ​ပါ​မည် နည်း။ သူ​တို့​၏​အ​မျိုး​သ​မီး​များ​ကို​မြုံ​စေ ၍​သူ​တို့​က​လေး​ငယ်​များ​ကို​ပြု​စု​ခွင့် မ​ရ​ကြ​ပါ​စေ​နှင့်။
14 Dai-lhes Senhor... - que lhes dareis? Dai-lhes entranhas que abortem e seios secos!
15 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-
15 Toda a sua maldade aparece em Gálgala; foi ali que lhes concebi aversão. Por causa de suas más ações, expulsá-los-ei de minha casa: vou retirar-lhes o meu amor; todos os seus chefes são rebeldes.
16 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​မြစ် များ​သွေ့​ခြောက်​သ​ဖြင့် အ​သီး​မ​သီး​နိုင် သော​အ​ပင်​နှင့်​တူ​၏။ သူ​တို့​တွင်​သား​သ​မီး များ​မ​ထွန်း​ကား​စေ​ရ။ အ​ကယ်​၍​သား သ​မီး​များ​ထွန်း​ကား​ခဲ့​သည်​ရှိ​သော်​သူ တို့​၏​ရင်​သွေး​များ​ကို​ငါ​သတ်​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Efraim foi decepado, sua raiz secou, não dará mais fruto. Mesmo que lhe nasçam filhos, exterminarei o fruto querido de suas entranhas.
17 သူ​တို့​သည်​ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​စ​ကား​ကို​နား​မ​ထောင်​သော​ကြောင့် ကိုယ် တော်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ​မည်။ သူ တို့​သည်​အ​ခြား​နိုင်​ငံ​များ​တွင်​လှည့်​လည် နေ​ထိုင်​ရ​လိမ့်​မည်။
17 Meu Deus os rejeitará, porque não o atenderam; andarão errantes entre as nações.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Oséias 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.