Oséias 9
Common Language Bible (MYA) vs NVT
1 ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
1 Ó povo de Israel, não se alegre como as outras nações. Pois vocês foram infiéis a seu Deus e se venderam como prostituta ao adorar outros deuses em toda eira de cereal.
2 သို့ရာတွင်မကြာမီသင်တို့တွင်ဆန်စပါး၊ သံလွင်ဆီနှင့်စပျစ်ရည်တို့ကိုစားသုံး ခွင့်ရတော့မည်မဟုတ်။-
2 Agora, suas colheitas não bastarão para alimentá-los; não haverá uvas para fazer vinho novo.
3 ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။-
3 Vocês não permanecerão na terra do S enhor ; em vez disso, voltarão para o Egito e, na Assíria, comerão alimentos impuros.
4 ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
4 Ali não apresentarão ofertas de vinho ao S enhor ; seus sacrifícios não o agradarão. Serão impuros, como o alimento tocado por uma pessoa de luto; todos que apresentarem esses sacrifícios se contaminarão. Eles próprios comerão o alimento, mas não poderão oferecê-lo ao S
5 သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရန်သတ်မှတ်ထားသည့်ပွဲတော်နေ့ ကြီးများကျရောက်သည့်အခါမည်ကဲ့သို့ ဆင်ယင်ကျင်းပကြမည်နည်း။-
5 O que oferecerão nos feriados sagrados? Como celebrarão as festas do S
6 ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။
6 Mesmo que escapem da destruição nas mãos da Assíria, o Egito os conquistará, e Mênfis A urtiga cobrirá seus tesouros de prata, e espinhos invadirão as ruínas de suas casas.
7 ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
7 Chegou o tempo do castigo de Israel, o dia do acerto de contas; sim, Israel se dará conta disso. Por causa de seu grande pecado e sua hostilidade, vocês dizem: “Os profetas enlouqueceram, e os homens inspirados não passam de tolos!”.
8 ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
8 O profeta é um vigia sobre Israel para meu Deus, mas, por onde vai, encontra armadilhas; até no templo de Deus enfrenta hostilidade.
9 သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
9 Meu povo faz coisas depravadas como em Gibeá, muito tempo atrás. Deus não esquecerá; certamente os castigará por seus pecados.
10 ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
10 “Quando encontrei você, Israel, foi como encontrar uvas no deserto. Quando vi seus antepassados, foi como ver os primeiros figos maduros. Mas eles me abandonaram por causa de Baal-Peor e se entregaram à vergonhosa idolatria. Logo se tornaram tão repugnantes quanto o ídolo que adoravam.
11 ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။-
11 A glória de Israel fugirá como uma ave, pois não lhes nascerão filhos; não crescerão no ventre, nem sequer serão concebidos.
12 အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
12 Ainda que alguns de seus filhos cheguem a crescer, eu os tomarei de vocês. Será um dia terrível quando eu me afastar e os deixar sozinhos.
13 အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။-
13 Vi Israel se tornar bela como Tiro; agora, porém, entregará seus filhos para o massacre.”
14 ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။
14 Ó S enhor , o que devo pedir para teu povo? Pedirei ventres que não deem à luz e seios que não deem leite.
15 ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-
15 “Toda a perversidade deles começou em Gilgal; ali comecei a odiá-los. Eu os expulsarei de minha terra por causa de suas maldades. Não os amarei mais, porque todos os seus líderes são rebeldes.
16 ဣသရေလပြည်သားတို့သည်အမြစ် များသွေ့ခြောက်သဖြင့် အသီးမသီးနိုင် သောအပင်နှင့်တူ၏။ သူတို့တွင်သားသမီး များမထွန်းကားစေရ။ အကယ်၍သား သမီးများထွန်းကားခဲ့သည်ရှိသော်သူ တို့၏ရင်သွေးများကိုငါသတ်ပစ်မည်'' ဟုမိန့်တော်မူ၏။
16 O povo de Israel está ferido; suas raízes secaram, e eles não darão mais frutos. E, se derem à luz, eu matarei seus filhos queridos.”
17 သူတို့သည်ငါကိုးကွယ်သောဘုရားသခင် ၏စကားကိုနားမထောင်သောကြောင့် ကိုယ် တော်သည်သူတို့ကိုပစ်ပယ်တော်မူမည်။ သူ တို့သည်အခြားနိုင်ငံများတွင်လှည့်လည် နေထိုင်ရလိမ့်မည်။
17 Meu Deus rejeitará os israelitas, pois não lhe obedecem. Andarão sem rumo, errantes entre as nações.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Oséias 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.