Oséias 13
Common Language Bible (MYA) vs NVI
1 ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။-
1 Quando Efraim falava, os homens tremiam; ele era exaltado em Israel. Mas tornou-se culpado da adoração de Baal e começou a morrer.
2 သူတို့သည်အတတ်ပညာရှင်တို့၏အကူ အညီနှင့်ငွေရုပ်တုများကိုသွန်းလုပ်ခြင်း အားဖြင့်အပြစ်ပြုမြဲပြုကြလျက်ရှိ၏။ ထိုနောက်သူတို့က``ဤရုပ်တုများကိုယဇ် ပူဇော်ကြ'' ဟုဆို၏။ လူသည်ထိုနွားရုပ် တုများကိုနမ်းသင့်ပါသလော။-
2 Agora eles pecam cada vez mais; com sua prata fazem ídolos de metal para si, imagens modeladas com muita inteligência, todas elas obras de artesãos. Dizem desse povo: "Eles oferecem sacrifício humano e beijam os ídolos feitos em forma de bezerro".
3 သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
3 Por isso serão como a neblina da manhã, como o orvalho que bem cedo evapora, como palha que num redemoinho vai-se de uma eira, como a fumaça que sai pela chaminé.
4 ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။-
4 "Mas eu sou o Senhor, o seu Deus, desde a terra do Egito. Vocês não reconhecerão nenhum outro Deus além de mim, nenhum outro Salvador senão a mim.
5 ငါသည်ခြောက်သွေ့ပူပြင်းသောသဲကန္တာ ရအရပ်တွင်သင်တို့ကိုစောင့်ရှောက်ခဲ့၏။-
5 Eu cuidei de vocês no deserto, naquela terra de calor ardente.
6 သို့ရာတွင်သင်တို့တွင်သာယာစိုပြေ သောပြည်သို့ဝင်ရောက်၍အစားအစာ ဝစွာစားရသဖြင့် ကျေနပ်နှစ်သိမ့်လာ သောအခါမာနကြီး၍ငါ့ကိုမေ့လျော့ ကြ၏။-
6 Quando eu os alimentava, ficavam satisfeitos; quando ficavam satisfeitos, se orgulhavam, e então me esqueciam.
7 သို့ဖြစ်၍ငါသည်ခြင်္သေ့ကဲ့သို့သင်တို့ ကိုရန်မူမည်။ သင်တို့သွားရာလမ်းတစ် လျှောက်တွင်ကျားသစ်ကဲ့သို့ချောင်းမြောင်း မည်။-
7 Por isso virei sobre eles como leão, como leopardo, ficarei à espreita junto ao caminho.
8 သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
8 Como uma ursa de quem roubaram os filhotes, eu os atacarei e os rasgarei. Como leão eu os devorarei; um animal selvagem os despedaçará.
9 ``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
9 "Você foi destruído, ó Israel, porque está contra mim, contra o seu ajudador.
10 သင်တို့သည်ရှင်ဘုရင်နှင့်ခေါင်းဆောင်များ ကိုကျွန်တော်မျိုးတို့အားပေးပါဟုတောင်း ခံကြ၏။ သို့ရာတွင်ဤသူတို့သည်တိုင်းပြည် ကိုကယ်နိုင်မည်လော။-
10 E agora? Onde está o seu rei que havia de salvá-lo em todas as suas cidades? E os oficiais que você pediu, dizendo: ‘Dá-me um rei e líderes’?
11 ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။
11 Dei-lhe um rei na minha ira, e o tirei na minha indignação.
12 ``ဣသရေလအမျိုးသားတို့၏အပြစ် ဒုစရိုက်ကိုမှတ်တမ်းတင်၍ထိုမှတ်တမ်း များကိုသိမ်းဆည်းထား၏။-
12 A culpa de Efraim foi anotada, seus pecados são mantidos em registro.
13 ဣသရေလအမျိုးသားတို့သည်အသက် ရှင်ခွင့်ကိုရလျက်နှင့်မယူတတ်သဖြင့် လွန်စွာမိုက်မဲ၏။ သူတို့သည်ဖွားချိန်တန် သော်လည်းမဖွားလိုသောကလေးနှင့် တူ၏။-
13 Chegam-lhe dores como as da mulher em trabalho de parto, mas ele não é uma criança inteligente; quando chega a hora, não sai do ventre que abrigou.
14 ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-
14 "Eu os redimirei do poder da sepultura; eu os resgatarei da morte. Onde estão, ó morte, as suas pragas? Onde está, ó sepultura, a sua destruição? "Não terei compaixão alguma,
15 ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
15 embora ele floresça entre os seus irmãos. Um vento oriental virá da parte do Senhor, soprando desde o deserto; sua fonte falhará, e seu poço secará. Todos os seus tesouros serão saqueados dos seus depósitos.
16 ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''
16 O povo de Samaria carregará sua culpa, porque se rebelou contra o seu Deus. Eles serão mortos à espada; seus pequeninos serão pisados e despedaçados, suas mulheres grávidas terão rasgados os seus ventres. "
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Oséias 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.