Oséias 13

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-
1 Quando Efraim falava, tremia-se; foi exaltado em Israel; mas ele se fez culpado em Baal, e morreu.
2 သူ​တို့​သည်​အ​တတ်​ပ​ညာ​ရှင်​တို့​၏​အ​ကူ အ​ညီ​နှင့်​ငွေ​ရုပ်​တု​များ​ကို​သွန်း​လုပ်​ခြင်း အား​ဖြင့်​အ​ပြစ်​ပြု​မြဲ​ပြု​ကြ​လျက်​ရှိ​၏။ ထို​နောက်​သူ​တို့​က``ဤ​ရုပ်​တု​များ​ကို​ယဇ် ပူ​ဇော်​ကြ'' ဟု​ဆို​၏။ လူ​သည်​ထို​နွား​ရုပ် တု​များ​ကို​နမ်း​သင့်​ပါ​သ​လော။-
2 E agora multiplicaram pecados, e da sua prata fizeram uma imagem de fundição, ídolos segundo o seu entendimento, todos obra de artífices, dos quais dizem: Os homens que sacrificam beijem os bezerros.
3 သို့​ဖြစ်​၍​ဤ​သူ​တို့​သည်​နံ​နက်​ခင်း​တွင် ကျ​တတ်​သော​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နံ​နက် စော​စော​အ​ချိန်​တွင်​ကွယ်​ပျောက်​တတ်​သော နှင်း​ပေါက်​ကဲ့​သို့​လည်း​ကောင်း​ပျောက်​ကွယ် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောက်​နယ်​တ လင်း​မှ​လေ​တိုက်​၍​လွင့်​လာ​သော​ဖွဲ​ကဲ့​သို့ လည်း​ကောင်း၊ ခေါင်း​တိုင်​မှ​ထွက်​သော​မီး​ခိုး ကဲ့​သို့​လည်း​ကောင်း​လွင့်​ပျောက်​ရ​ကြ​လိမ့်​မည်။
3 Por isso serão como a nuvem da manhã, e como o orvalho da madrugada, que cedo passa; como folhelho que a tempestade lança da eira, e como a fumaça da chaminé.
4 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​တွင်​ငါ​မှ​တစ်​ပါး​အခြား​သော ဘု​ရား​မ​ရှိ၊ ငါ​တစ်​ပါး​တည်း​သာ​သင် တို့​၏​ကယ်​တင်​ရှင်​ဖြစ်​၏။-
4 Todavia, eu sou o Senhor teu Deus desde a terra do Egito; portanto não reconhecerás outro deus além de mim, porque não há Salvador senão eu.
5 ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-
5 Eu te conheci no deserto, na terra muito seca.
6 သို့​ရာ​တွင်​သင်​တို့​တွင်​သာ​ယာ​စို​ပြေ သော​ပြည်​သို့​ဝင်​ရောက်​၍​အ​စား​အ​စာ ဝ​စွာ​စား​ရ​သ​ဖြင့် ကျေ​နပ်​နှစ်​သိမ့်​လာ သော​အ​ခါ​မာ​န​ကြီး​၍​ငါ့​ကို​မေ့​လျော့ ကြ​၏။-
6 Depois eles se fartaram em proporção do seu pasto; estando fartos, ensoberbeceu-se o seu coração, por isso se esqueceram de mim.
7 သို့​ဖြစ်​၍​ငါ​သည်​ခြင်္သေ့​ကဲ့​သို့​သင်​တို့ ကို​ရန်​မူ​မည်။ သင်​တို့​သွား​ရာ​လမ်း​တစ် လျှောက်​တွင်​ကျား​သစ်​ကဲ့​သို့​ချောင်း​မြောင်း မည်။-
7 Serei, pois, para eles como leão; como leopardo espiarei no caminho.
8 သား​ပျောက်​သော​ဝက်​ဝံ​ကဲ့​သို့​သင်​တို့ ကို​ကိုက်​ဖြတ်​ဆုတ်​ဖြဲ​မည်။ ခြင်္သေ့​ကဲ့​သို့ တွေ့​ရာ​အ​ရပ်​၌​ကိုက်​စား​၍​တော​သား​ရဲ ကဲ့​သို့​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​မည်။
8 Como ursa roubada dos seus filhos, os encontrarei, e lhes romperei as teias do seu coração, e como leão ali os devorarei; as feras do campo os despedaçarão.
9 ``ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်။ မည်​သူ​သင်​တို့ ကို​ကယ်​နိုင်​ဦး​မည်​နည်း။-
9 Para a tua perda, ó Israel, te rebelaste contra mim, a saber, contra o teu ajudador.
10 သင်​တို့​သည်​ရှင်​ဘု​ရင်​နှင့်​ခေါင်း​ဆောင်​များ ကို​ကျွန်​တော်​မျိုး​တို့​အား​ပေး​ပါ​ဟု​တောင်း ခံ​ကြ​၏။ သို့​ရာ​တွင်​ဤ​သူ​တို့​သည်​တိုင်း​ပြည် ကို​ကယ်​နိုင်​မည်​လော။-
10 Onde está agora o teu rei, para que te guarde em todas as tuas cidades, e os teus juízes, dos quais disseste: Dá-me rei e príncipes?
11 ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။
11 Dei-te um rei na minha ira, e tirei-o no meu furor.
12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​ကို​မှတ်​တမ်း​တင်​၍​ထို​မှတ်​တမ်း များ​ကို​သိမ်း​ဆည်း​ထား​၏။-
12 A iniqüidade de Efraim está atada, o seu pecado está armazenado.
13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​သက် ရှင်​ခွင့်​ကို​ရ​လျက်​နှင့်​မ​ယူ​တတ်​သ​ဖြင့် လွန်​စွာ​မိုက်​မဲ​၏။ သူ​တို့​သည်​ဖွား​ချိန်​တန် သော်​လည်း​မ​ဖွား​လို​သော​က​လေး​နှင့် တူ​၏။-
13 Dores de mulher de parto lhe sobrevirão; ele é um filho insensato; porque é tempo e não está no lugar em que deve vir à luz.
14 ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။-
14 Eu os remirei da mão do inferno, e os resgatarei da morte. Onde estão, ó morte, as tuas pragas? Onde está, ó inferno, a tua perdição? O arrependimento está escondido de meus olhos.
15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပေါင်း ပင်​ကဲ့​သို့​သန်​စွမ်း​သော်​လည်း၊ ငါ​သည်​သဲ ကန္တာ​ရ​ထဲ​မှ​ပူ​ပြင်း​သော​အ​ရှေ့​လေ​ကို တိုက်​ခတ်​စေ​သ​ဖြင့် သူ​တို့​၏​စမ်း​ချောင်း များ​နှင့်​ရေ​တွင်း​များ​ကို​ခန်း​ခြောက်​စေ ပြီး​လျှင်​အ​ဖိုး​တန်​ပစ္စည်း​မှန်​သ​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်။-
15 Ainda que ele dê fruto entre os irmãos, virá o vento leste, vento do Senhor, subindo do deserto, e secar-se-á a sua nascente, e secar-se-á a sua fonte; ele saqueará o tesouro de todos os vasos desejáveis.
16 ရှ​မာ​ရိ​ပြည်​သည်​ငါ့​ကို​ပုန်​ကန်​သော ကြောင့်​ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ​မည်။ ရှ​မာ​ရိ ပြည်​သား​တို့​သည်​စစ်​ဘေး​ကြောင့်​သေ​ကြေ ပျက်​စီး​ရ​မည်။ က​လေး​ငယ်​တို့​သည်​မြေ ပေါ်​သို့​ဆောင့်​သတ်​ခြင်း​ကို​ခံ​ရ​မည်။ ကိုယ် ဝန်​ဆောင်​တို့​၏​ဝမ်း​များ​ကို​လဲ​ခွဲ​ခံ​ရ​မည်။''
16 Samaria virá a ser deserta, porque se rebelou contra o seu Deus; cairão à espada, seus filhos serão despedaçados, e as suas grávidas serão fendidas pelo meio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Oséias 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.