Neemias 1

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။
1 Palavras de Neemias, filho de Helquias. No mês de Casleu do vigésimo ano, encontrando-me eu em Susa, no palácio,
2 ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊-
2 eis que chegaram de Judá, Hanani, um de meus irmãos, com alguns companheiros. Perguntei-lhes pelos judeus libertados que tinham escapado ao cativeiro e a respeito de Jerusalém.
3 သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည် များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။-
3 Os que escaparam, disseram-me eles, os que voltaram do cativeiro, estão lá na província, numa grande miséria e numa situação humilhante; os muros de Jerusalém estão em ruínas e suas portas foram incendiadas.
4 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။
4 Ouvindo tais palavras, sentei-me para chorar e fiquei vários dias desconsolado; jejuei e orei diante do Deus do céu,
5 ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။-
5 dizendo: Ah! Senhor, Deus do céu, Deus grande e terrível, vós que permaneceis fiel à vossa aliança e exerceis a misericórdia para com aqueles que vos amam e observam os vossos mandamentos,
6 အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။-
6 que vossos ouvidos estejam atentos e vossos olhos se abram para ouvirdes a prece que eu, vosso servo, estou fazendo na vossa presença, de noite e de dia, pelos filhos de Israel, vossos servos, confessando os pecados que nós, os israelitas, cometemos contra vós. Porque eu mesmo e a casa de meu pai temos pecado.
7 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။-
7 Nós vos ofendemos gravemente e não observamos as leis, mandamentos e preceitos que destes a Moisés, vosso servo.
8 ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။-
8 Lembrai-vos da palavra que destes ao vosso servo Moisés, dizendo: se transgredirdes meus preceitos, eu vos dispersarei entre as nações;
9 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။''
9 mas, se voltardes a mim, se observardes meus mandamentos e os praticardes, mesmo que estejais deportados às extremidades do céu, eu vos reunirei ali e vos farei retornar ao lugar que escolhi para estabelecer nele a morada de meu nome.
10 ``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။-
10 Eles são vossos servos, esse mesmo povo que libertastes com o poder e a força de vossa mão.
11 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
11 Ah! Senhor, prestai ouvidos à oração deste vosso servo e à oração dos vossos servos que veneram o vosso nome. Dignai-vos hoje dar bom êxito ao vosso servo, e fazei-o ganhar o favor do rei. Eu era então copeiro do rei.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Neemias 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.