Neemias 1
Common Language Bible (MYA) vs ACF
1 အောက်ပါအကြောင်းအရာများသည် ဟာ လခိ၏သားနေဟမိလုပ်ဆောင်ခဲ့သည့် အမှုအရာများအကြောင်းပင်ဖြစ်၏။
1 As palavras de Neemias, filho de Hacalias. E sucedeu no mês de Quislev, no ano vigésimo, estando eu em Susã, a fortaleza,
2 ငါ၏ညီဟာနန်နှင့်ယုဒအမျိုးသားတစ်စု သည် ထိုမြို့သို့ရောက်လာကြ၏။ ထိုအခါငါ သည်သူတို့အားပြည်နှင်ဒဏ်သင့်ရာဗာဗုလုန် ပြည်မှယေရုရှလင်မြို့သို့ပြန်လည်ရောက်ရှိ လာကြသူ ယုဒညီအစ်ကိုများနှင့်ယေရု ရှလင်မြို့၏အကြောင်းကိုမေးမြန်းရာ၊-
2 Que veio Hanani, um de meus irmãos, ele e alguns de Judá; e perguntei-lhes pelos judeus que escaparam, e que restaram do cativeiro, e acerca de Jerusalém.
3 သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
3 E disseram-me: Os restantes, que ficaram do cativeiro, lá na província estão em grande miséria e desprezo; e o muro de Jerusalém fendido e as suas portas queimadas a fogo.
4 ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။
4 E sucedeu que, ouvindo eu estas palavras, assentei-me e chorei, e lamentei por alguns dias; e estive jejuando e orando perante o Deus dos céus.
5 ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
5 E disse: Ah! Senhor Deus dos céus, Deus grande e terrível! Que guarda a aliança e a benignidade para com aqueles que o amam e guardam os seus mandamentos;
6 အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
6 Estejam, pois, atentos os teus ouvidos e os teus olhos abertos, para ouvires a oração do teu servo, que eu hoje faço perante ti, dia e noite, pelos filhos de Israel, teus servos; e faço confissão pelos pecados dos filhos de Israel, que temos cometido contra ti; também eu e a casa de meu pai temos pecado.
7 အကျွန်ုပ်တို့သည်ကိုယ်တော်အားဆိုးသွမ်း စွာပြစ်မှားကြပါပြီ။ ကိုယ်တော်၏အမိန့် တော်များကိုမလိုက်နာကြပါ။ ကိုယ်တော် ၏အစေခံမောရှေမှတစ်ဆင့်ပေးအပ်တော် မူသည့်ပညတ်တော်တို့ကိုမစောင့်ထိန်း ကြပါ။-
7 De todo nos corrompemos contra ti, e não guardamos os mandamentos, nem os estatutos, nem os juízos, que ordenaste a Moisés, teu servo.
8 ကိုယ်တော်ကမောရှေအားထားတော်မူသည့် ကတိတော်ကိုသတိရတော်မူပါ။ ``သင် တို့သည်ငါ့ကိုသစ္စာဖောက်လျှင် ငါသည် သင်တို့အားလူအမျိုးမျိုးတို့တွင်ကွဲ လွင့်စေမည်။-
8 Lembra-te, pois, da palavra que ordenaste a Moisés, teu servo, dizendo: Vós transgredireis, e eu vos espalharei entre os povos.
9 သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ပြီးငါ၏အမိန့်တော်ကိုလိုက်နာကြလျှင် ကမ္ဘာမြေကြီးအစွန်အဖျားသို့ပင်ကွဲလွင့် လျက်နေစေကာမူ သင်တို့ကိုငါ့အားဝတ် ပြုကိုးကွယ်ရန် ရွေးချယ်သတ်မှတ်ထားသည့် ဌာနတော်သို့ပြန်လည်ပို့ဆောင်တော်မူ မည်။''
9 E vós vos convertereis a mim, e guardareis os meus mandamentos, e os cumprireis; então, ainda que os vossos rejeitados estejam na extremidade do céu, de lá os ajuntarei e os trarei ao lugar que tenho escolhido para ali fazer habitar o meu nome.
10 ``အို ထာဝရဘုရားဤသူတို့သည်ကိုယ် တော်၏လူမျိုးတော်၊ ကိုယ်တော်၏အစေခံ များဖြစ်ကြပါ၏။ သူတို့အားကိုယ်တော် သည်မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့်ကယ်ဆယ်တော်မူခဲ့ပါ၏။-
10 Eles são teus servos e o teu povo que resgataste com a tua grande força e com a tua forte mão.
11 အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။
11 Ah! Senhor, estejam, pois, atentos os teus ouvidos à oração do teu servo, e à oração dos teus servos que desejam temer o teu nome; e faze prosperar hoje o teu servo, e dá-lhe graça perante este homem. Então era eu copeiro do rei.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Neemias 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.