Mateus 26

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊
1 E aconteceu que, quando Jesus concluiu todos esses discursos, disse aos seus discípulos:
2 ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
2 Bem sabeis que, daqui a dois dias, é a Páscoa, e o Filho do Homem será entregue para ser crucificado.
3 ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
3 Depois, os príncipes dos sacerdotes, e os escribas, e os anciãos do povo reuniram-se na sala do sumo sacerdote, o qual se chamava Caifás,
4 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-
4 e consultaram-se mutuamente para prenderem Jesus com dolo e o matarem.
5 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။
5 Mas diziam: Não durante a festa, para que não haja alvoroço entre o povo.
6 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​တွင်​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ခဲ့​ဖူး​သူ​ရှိ​မုန်​၏​အိမ်​၌​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​လျက်​နေ​တော်​မူ သော​အ​ခါ၊-
6 E, estando Jesus em Betânia, em casa de Simão, o leproso,
7 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-
7 aproximou-se dele uma mulher com um vaso de alabastro, com unguento de grande valor, e derramou-lho sobre a cabeça, quando ele estava assentado à mesa.
8 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။-
8 E os seus discípulos, vendo isso, indignaram-se, dizendo: Por que este desperdício?
9 ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။
9 Pois este unguento podia vender-se por grande preço e dar-se o dinheiro aos pobres.
10 သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။-
10 Jesus, porém, conhecendo isso, disse-lhes: Por que afligis esta mulher? Pois praticou
11 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-
11 Porquanto sempre tendes convosco os pobres, mas a mim não me haveis de ter sempre.
12 ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။-
12 Ora, derramando ela este unguento sobre o meu corpo, fê-lo preparando-me para o meu sepultamento.
13 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
13 Em verdade vos digo que, onde quer que este evangelho for pregado, em todo o mundo, também será referido o que ela fez para memória sua.
14 ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-
14 Então, um dos doze, chamado Judas Iscariotes, foi ter com os príncipes dos sacerdotes
15 ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-
15 e disse: Que me quereis dar, e eu vo-lo entregarei? E eles lhe pesaram trinta moedas de prata.
16 ထို​အ​ချိန်​မှ​စ​၍​ယု​ဒ​သည်​ကိုယ်​တော်​ကို ရန်​သူ့​လက်​သို့​အပ်​ရန်​အ​ခွင့်​ကောင်း​ကို​ရှာ လျက်​နေ​၏။
16 E, desde então, buscava oportunidade para o entregar.
17 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။
17 E, no primeiro dia da Festa dos Pães Asmos, chegaram os discípulos junto de Jesus, dizendo: Onde queres que preparemos a comida da Páscoa?
18 ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
18 E ele disse: Ide à cidade a
19 တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။
19 E os discípulos fizeram como Jesus lhes ordenara e prepararam a Páscoa.
20 ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။-
20 E, chegada a tarde, assentou-se à mesa com os doze.
21 ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
21 E, enquanto eles comiam, disse: Em verdade vos digo que um de vós me há de trair.
22 တပည့်​တော်​တို့​သည်​လွန်​စွာ​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ကြ​လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ် ဦး​နောက်​တစ်​ဦး​မေး​လျှောက်​ကြ​၏။
22 E eles, entristecendo-se muito, começaram um por um a dizer-lhe: Porventura, sou eu, Senhor?
23 ကိုယ်​တော်​က ``ငါ​နှင့်​အ​တူ​ဟင်း​ခွက်​တွင်​နှိုက်​၍ စား​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့​အပ် လိမ့်​မည်။-
23 E ele, respondendo, disse: O que mete comigo a mão no prato, esse me há de trair.
24 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။
24 Em verdade o Filho do Homem vai, como acerca dele está escrito, mas ai daquele homem por quem o Filho do Homem é traído! Bom seria para esse homem se não houvera nascido.
25 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊
25 E, respondendo Judas, o que o traía, disse: Porventura, sou eu, Rabi? Ele disse: Tu o disseste.
26 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။
26 Enquanto comiam, Jesus tomou o pão, e, abençoando- o, o partiu, e o deu aos discípulos, e disse: Tomai, comei, isto é o meu corpo.
27 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။-
27 E, tomando o cálice e dando graças, deu-lho, dizendo: Bebei dele todos.
28 ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-
28 Porque isto é o meu sangue, o Novo Testamento, que é derramado por muitos, para remissão dos pecados.
29 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
29 E digo-vos que, desde agora, não beberei deste fruto da vide até àquele Dia em que o beba de novo convosco no Reino de meu Pai.
30 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။
30 E, tendo cantado um hino, saíram para o monte das Oliveiras.
31 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-
31 Então, Jesus lhes disse: Todos vós esta noite vos escandalizareis em mim, porque está escrito: Ferirei o pastor, e as ovelhas do rebanho se dispersarão.
32 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။
32 Mas, depois de eu ressuscitar, irei adiante de vós para a Galileia.
33 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။-
33 Mas Pedro, respondendo, disse-lhe: Ainda que todos se escandalizem em ti, eu nunca me escandalizarei.
34 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
34 Disse-lhe Jesus: Em verdade te digo que, nesta mesma noite, antes que o galo cante, três vezes me negarás.
35 ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။
35 Disse-lhe Pedro: Ainda que me seja necessário morrer contigo, não te negarei. E todos os discípulos disseram o mesmo.
36 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊-
36 Então, chegou Jesus com eles a um lugar chamado Getsêmani e disse a seus discípulos: Assentai-vos aqui, enquanto vou além orar.
37 ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊-
37 E, levando consigo Pedro e os dois filhos de Zebedeu, começou a entristecer-se e a angustiar-se muito.
38 ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။-
38 Então, lhes disse: A minha alma está cheia de tristeza até à morte; ficai aqui e vigiai comigo.
39 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။
39 E, indo um pouco adiante, prostrou-se sobre o seu rosto, orando e dizendo: Meu Pai, se é possível, passa de mim este cálice; todavia, não seja como eu quero, mas como tu
40 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။-
40 E, voltando para os seus discípulos, achou-os adormecidos; e disse a Pedro: Então, nem uma hora pudeste vigiar comigo?
41 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။
41 Vigiai e orai, para que não entreis em tentação; na verdade, o espírito
42 ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။-
42 E, indo segunda vez, orou, dizendo: Meu Pai, se este cálice não pode passar de mim sem eu o beber, faça-se a tua vontade.
43 ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။
43 E, voltando, achou-os outra vez adormecidos, porque os seus olhos estavam carregados.
44 ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။-
44 E, deixando-os de novo, foi orar pela terceira vez, dizendo as mesmas palavras.
45 ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။-
45 Então, chegou junto dos seus discípulos e disse-lhes: Dormi, agora, e repousai; eis que é chegada a hora, e o Filho do Homem será entregue nas mãos dos pecadores.
46 ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
46 Levantai-vos, partamos; eis que é chegado o que me trai.
47 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။-
47 E, estando ele ainda a falar, eis que chegou Judas, um dos doze, e com ele, grande multidão com espadas e porretes, vinda da parte dos príncipes dos sacerdotes e dos anciãos do povo.
48 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။
48 E o traidor tinha-lhes dado um sinal, dizendo: O que eu beijar é esse; prendei-o.
49 ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။
49 E logo, aproximando-se de Jesus, disse: Eu te saúdo, Rabi. E beijou-o.
50 သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။
50 Jesus, porém, lhe disse: Amigo, a que vieste? Então, aproximando-se eles, lançaram mão de Jesus e o prenderam.
51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။-
51 E eis que um dos que estavam com Jesus, estendendo a mão, puxou da espada e, ferindo o servo do sumo sacerdote, cortou-lhe uma orelha.
52 သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
52 Então, Jesus disse-lhe: Mete no seu lugar a tua espada, porque todos os que lançarem mão da espada à espada morrerão.
53 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-
53 Ou pensas tu que eu não poderia, agora, orar a meu Pai e que ele não me daria mais de doze legiões de anjos?
54 သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
54 Como,
55 ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-
55 Então, disse Jesus à multidão: Saístes, como para um salteador, com espadas e porretes, para me prender? Todos os dias me assentava junto de vós, ensinando no templo, e não me prendestes.
56 သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
56 Mas tudo isso aconteceu para que se cumpram as Escrituras dos profetas. Então, todos os discípulos, deixando-o, fugiram.
57 သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
57 E os que prenderam Jesus o conduziram à casa do sumo sacerdote Caifás, onde os escribas e os anciãos estavam reunidos.
58 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။-
58 E Pedro o seguiu de longe até ao pátio do sumo sacerdote e, entrando, assentou-se entre os criados, para ver o fim.
59 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။-
59 Ora, os príncipes dos sacerdotes, e os anciãos, e todo o conselho buscavam falso testemunho contra Jesus, para poderem dar-lhe a morte,
60 သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊-
60 e não o achavam, apesar de se apresentarem muitas testemunhas falsas, mas, por fim, chegaram duas
61 ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။
61 e disseram: Este disse: Eu posso derribar o templo de Deus e reedificá-lo em três dias.
62 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။-
62 E, levantando-se o sumo sacerdote, disse-lhe: Não respondes coisa alguma ao que estes depõem contra ti?
63 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။
63 E Jesus, porém, guardava silêncio. E, insistindo o sumo sacerdote, disse-lhe: Conjuro-te pelo Deus vivo que nos digas se tu és o Cristo, o Filho de Deus.
64 သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
64 Disse-lhes Jesus: Tu em breve o Filho do Homem assentado à direita do Todo-Poderoso e vindo sobre as nuvens do céu.
65 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-
65 Então, o sumo sacerdote rasgou as suas vestes, dizendo: Blasfemou; para que precisamos ainda de testemunhas? Eis que bem ouvistes, agora, a sua blasfêmia.
66 အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။
66 Que vos parece? E eles, respondendo, disseram: É réu de morte.
67 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊-
67 Então, cuspiram-lhe no rosto e lhe davam murros, e outros o esbofeteavam,
68 ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။
68 dizendo: Profetiza-nos, Cristo, quem é o que te bateu?
69 ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။
69 Ora, Pedro estava assentado fora, no pátio; e, aproximando-se dele uma criada, disse: Tu também estavas com Jesus, o galileu.
70 သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။-
70 Mas ele negou diante de todos, dizendo: Não sei o que dizes.
71 အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။
71 E, saindo para o vestíbulo, outra criada o viu e disse aos que ali estavam: Este também estava com Jesus, o Nazareno.
72 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။
72 E ele negou outra vez, com juramento: Não conheço tal homem.
73 ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။
73 E, logo depois, aproximando-se os que ali estavam, disseram a Pedro: Verdadeiramente, também tu és deles, pois a tua fala te denuncia.
74 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။
74 Então, começou ele a praguejar e a jurar, dizendo: Não conheço esse homem. E imediatamente o galo cantou.
75 ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။
75 E lembrou-se Pedro das palavras de Jesus, que lhe dissera: Antes que o galo cante, três vezes me negarás. E, saindo dali, chorou amargamente.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.