Mateus 26
Common Language Bible (MYA) vs ARA
1 ဤသို့ဟောပြောသွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က၊
1 Tendo Jesus acabado todos estes ensinamentos, disse a seus discípulos:
2 ``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
2 Sabeis que, daqui a dois dias, celebrar-se-á a Páscoa; e o Filho do Homem será entregue para ser crucificado.
3 ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။-
3 Então, os principais sacerdotes e os anciãos do povo se reuniram no palácio do sumo sacerdote, chamado Caifás;
4 သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။-
4 e deliberaram prender Jesus, à traição, e matá-lo.
5 သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
5 Mas diziam: Não durante a festa, para que não haja tumulto entre o povo.
6 သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊-
6 Ora, estando Jesus em Betânia, em casa de Simão, o leproso,
7 အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။-
7 aproximou-se dele uma mulher, trazendo um vaso de alabastro cheio de precioso bálsamo, que lhe derramou sobre a cabeça, estando ele à mesa.
8 ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။-
8 Vendo isto, indignaram-se os discípulos e disseram: Para que este desperdício?
9 ဤဆီမွှေးကိုငွေအမြောက်အမြားနှင့်ရောင်း ၍ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု ဆိုကြသည်။
9 Pois este perfume podia ser vendido por muito dinheiro e dar-se aos pobres.
10 သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
10 Mas Jesus, sabendo disto, disse-lhes: Por que molestais esta mulher? Ela praticou boa ação para comigo.
11 ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
11 Porque os pobres, sempre os tendes convosco, mas a mim nem sempre me tendes;
12 ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။-
12 pois, derramando este perfume sobre o meu corpo, ela o fez para o meu sepultamento.
13 အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 Em verdade vos digo: Onde for pregado em todo o mundo este evangelho, será também contado o que ela fez, para memória sua.
14 ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
14 Então, um dos doze, chamado Judas Iscariotes, indo ter com os principais sacerdotes, propôs:
15 ``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
15 Que me quereis dar, e eu vo-lo entregarei? E pagaram-lhe trinta moedas de prata.
16 ထိုအချိန်မှစ၍ယုဒသည်ကိုယ်တော်ကို ရန်သူ့လက်သို့အပ်ရန်အခွင့်ကောင်းကိုရှာ လျက်နေ၏။
16 E, desse momento em diante, buscava ele uma boa ocasião para o entregar.
17 တဆေးမဲ့မုန့်ပွဲတော်ပထမနေ့၌တပည့်တော် တို့သည်သခင်ယေရှုထံတော်သို့လာ၍ ``အရှင့် အတွက်ပသခါပွဲညစာကိုအကျွန်ုပ်တို့ အဘယ်အရပ်တွင်ပြင်ဆင်ရပါမည်နည်း'' ဟု မေးလျှောက်ကြ၏။
17 No primeiro dia da Festa dos Pães Asmos, vieram os discípulos a Jesus e lhe perguntaram: Onde queres que te façamos os preparativos para comeres a Páscoa?
18 ကိုယ်တော်က ``မြို့ထဲသို့ဝင်၍ဤမည်သောသူထံ သို့သွား၍ဆရာတော်က `ငါ့အတွက်သတ်မှတ် ထားသည့်အချိန်ရောက်လာပြီဖြစ်၍ငါ့တပည့် များနှင့်အတူသင်၏အိမ်တွင်ပသခါပွဲကို ကျင်းပလိုသည်' ဟုမှာကြားလိုက်ကြောင်းပြော ကြလော့'' ဟုမိန့်တော်မူ၏။
18 E ele lhes respondeu: Ide à cidade ter com certo homem e dizei-lhe: O Mestre manda dizer: O meu tempo está próximo; em tua casa celebrarei a Páscoa com os meus discípulos.
19 တပည့်တော်တို့သည်လည်းကိုယ်တော်မိန့်တော်မူ သည်အတိုင်းလိုက်နာဆောင်ရွက်၍ပသခါပွဲ ကိုအသင့်ပြင်ကြ၏။
19 E eles fizeram como Jesus lhes ordenara e prepararam a Páscoa.
20 ညချမ်းအချိန်ရောက်သော်ကိုယ်တော်သည်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူစားပွဲတွင်ထိုင်၍ညစာစား တော်မူ၏။-
20 Chegada a tarde, pôs-se ele à mesa com os doze discípulos.
21 ထိုအခါကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့အနက်ကတစ်စုံ တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့လက်သို့ အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။-
21 E, enquanto comiam, declarou Jesus: Em verdade vos digo que um dentre vós me trairá.
22 တပည့်တော်တို့သည်လွန်စွာစိတ်မချမ်းမသာဖြစ် ကြလျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ် ဦးနောက်တစ်ဦးမေးလျှောက်ကြ၏။
22 E eles, muitíssimo contristados, começaram um por um a perguntar-lhe: Porventura, sou eu, Senhor?
23 ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
23 E ele respondeu: O que mete comigo a mão no prato, esse me trairá.
24 ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
24 O Filho do Homem vai, como está escrito a seu respeito, mas ai daquele por intermédio de quem o Filho do Homem está sendo traído! Melhor lhe fora não haver nascido!
25 ကိုယ်တော်ကိုရန်သူ့လက်သို့အပ်မည့်သူယုဒ က ``အရှင်ဘုရား၊ ထိုသူသည်အကျွန်ုပ်ပေလော'' ဟုမေးလျှောက်လျှင်၊
25 Então, Judas, que o traía, perguntou: Acaso, sou eu, Mestre? Respondeu-lhe Jesus: Tu o disseste.
26 ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
26 Enquanto comiam, tomou Jesus um pão, e, abençoando-o, o partiu, e o deu aos discípulos, dizendo: Tomai, comei; isto é o meu corpo.
27 စပျစ်ရည်ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက်တပည့်တော်တို့အားပေးတော် မူ၏။ ကိုယ်တော်က ``သင်တို့အားလုံးသောက်ကြ လော့။-
27 A seguir, tomou um cálice e, tendo dado graças, o deu aos discípulos, dizendo: Bebei dele todos;
28 ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
28 porque isto é o meu sangue, o sangue da [nova] aliança, derramado em favor de muitos, para remissão de pecados.
29 သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။
29 E digo-vos que, desta hora em diante, não beberei deste fruto da videira, até aquele dia em que o hei de beber, novo, convosco no reino de meu Pai.
30 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။
30 E, tendo cantado um hino, saíram para o monte das Oliveiras.
31 ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။-
31 Então, Jesus lhes disse: Esta noite, todos vós vos escandalizareis comigo; porque está escrito:
32 သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
32 Mas, depois da minha ressurreição, irei adiante de vós para a Galileia.
33 ပေတရုက ``အခြားသူအပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်ကြသော်လည်းအကျွန်ုပ် သည်အဘယ်အခါမျှစွန့်ပစ်မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။-
33 Disse-lhe Pedro: Ainda que venhas a ser um tropeço para todos, nunca o serás para mim.
34 သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား၊ ယနေ့ည၌ပင်ကြက်မတွန်မီသင် သည်ငါ့ကိုမသိဟုသုံးကြိမ်တိုင်တိုင်ငြင်းဆို လိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
34 Replicou-lhe Jesus: Em verdade te digo que, nesta mesma noite, antes que o galo cante, tu me negarás três vezes.
35 ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။
35 Disse-lhe Pedro: Ainda que me seja necessário morrer contigo, de nenhum modo te negarei. E todos os discípulos disseram o mesmo.
36 ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊-
36 Em seguida, foi Jesus com eles a um lugar chamado Getsêmani e disse a seus discípulos: Assentai-vos aqui, enquanto eu vou ali orar;
37 ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
37 e, levando consigo a Pedro e aos dois filhos de Zebedeu, começou a entristecer-se e a angustiar-se.
38 ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။-
38 Então, lhes disse: A minha alma está profundamente triste até à morte; ficai aqui e vigiai comigo.
39 ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
39 Adiantando-se um pouco, prostrou-se sobre o seu rosto, orando e dizendo: Meu Pai, se possível, passe de mim este cálice! Todavia, não seja como eu quero, e sim como tu queres.
40 ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။-
40 E, voltando para os discípulos, achou-os dormindo; e disse a Pedro: Então, nem uma hora pudestes vós vigiar comigo?
41 စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။
41 Vigiai e orai, para que não entreis em tentação; o espírito, na verdade, está pronto, mas a carne é fraca.
42 ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။-
42 Tornando a retirar-se, orou de novo, dizendo: Meu Pai, se não é possível passar de mim este cálice sem que eu o beba, faça-se a tua vontade.
43 ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
43 E, voltando, achou-os outra vez dormindo; porque os seus olhos estavam pesados.
44 ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-
44 Deixando-os novamente, foi orar pela terceira vez, repetindo as mesmas palavras.
45 ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။-
45 Então, voltou para os discípulos e lhes disse: Ainda dormis e repousais! Eis que é chegada a hora, e o Filho do Homem está sendo entregue nas mãos de pecadores.
46 ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
46 Levantai-vos, vamos! Eis que o traidor se aproxima.
47 ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
47 Falava ele ainda, e eis que chegou Judas, um dos doze, e, com ele, grande turba com espadas e porretes, vinda da parte dos principais sacerdotes e dos anciãos do povo.
48 ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
48 Ora, o traidor lhes tinha dado este sinal: Aquele a quem eu beijar, é esse; prendei-o.
49 ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
49 E logo, aproximando-se de Jesus, lhe disse: Salve, Mestre! E o beijou.
50 သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။
50 Jesus, porém, lhe disse: Amigo, para que vieste? Nisto, aproximando-se eles, deitaram as mãos em Jesus e o prenderam.
51 ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။-
51 E eis que um dos que estavam com Jesus, estendendo a mão, sacou da espada e, golpeando o servo do sumo sacerdote, cortou-lhe a orelha.
52 သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။-
52 Então, Jesus lhe disse: Embainha a tua espada; pois todos os que lançam mão da espada à espada perecerão.
53 ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။-
53 Acaso, pensas que não posso rogar a meu Pai, e ele me mandaria neste momento mais de doze legiões de anjos?
54 သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။
54 Como, pois, se cumpririam as Escrituras, segundo as quais assim deve suceder?
55 ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
55 Naquele momento, disse Jesus às multidões: Saístes com espadas e porretes para prender-me, como a um salteador? Todos os dias, no templo, eu me assentava [convosco] ensinando, e não me prendestes.
56 သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
56 Tudo isto, porém, aconteceu para que se cumprissem as Escrituras dos profetas. Então, os discípulos todos, deixando-o, fugiram.
57 သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။-
57 E os que prenderam Jesus o levaram à casa de Caifás, o sumo sacerdote, onde se haviam reunido os escribas e os anciãos.
58 ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-
58 Mas Pedro o seguia de longe até ao pátio do sumo sacerdote e, tendo entrado, assentou-se entre os serventuários, para ver o fim.
59 ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
59 Ora, os principais sacerdotes e todo o Sinédrio procuravam algum testemunho falso contra Jesus, a fim de o condenarem à morte.
60 သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊-
60 E não acharam, apesar de se terem apresentado muitas testemunhas falsas. Mas, afinal, compareceram duas, afirmando:
61 ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
61 Este disse: Posso destruir o santuário de Deus e reedificá-lo em três dias.
62 ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။-
62 E, levantando-se o sumo sacerdote, perguntou a Jesus: Nada respondes ao que estes depõem contra ti?
63 သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
63 Jesus, porém, guardou silêncio. E o sumo sacerdote lhe disse: Eu te conjuro pelo Deus vivo que nos digas se tu és o Cristo, o Filho de Deus.
64 သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
64 Respondeu-lhe Jesus: Tu o disseste; entretanto, eu vos declaro que, desde agora, vereis o Filho do Homem assentado à direita do Todo-Poderoso e vindo sobre as nuvens do céu.
65 ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
65 Então, o sumo sacerdote rasgou as suas vestes, dizendo: Blasfemou! Que necessidade mais temos de testemunhas? Eis que ouvistes agora a blasfêmia!
66 အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။
66 Que vos parece? Responderam eles: É réu de morte.
67 ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
67 Então, uns cuspiram-lhe no rosto e lhe davam murros, e outros o esbofeteavam, dizendo:
68 ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။
68 Profetiza-nos, ó Cristo, quem é que te bateu!
69 ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
69 Ora, estava Pedro assentado fora no pátio; e, aproximando-se uma criada, lhe disse: Também tu estavas com Jesus, o galileu.
70 သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။-
70 Ele, porém, o negou diante de todos, dizendo: Não sei o que dizes.
71 အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။
71 E, saindo para o alpendre, foi ele visto por outra criada, a qual disse aos que ali estavam: Este também estava com Jesus, o Nazareno.
72 ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။
72 E ele negou outra vez, com juramento: Não conheço tal homem.
73 ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။
73 Logo depois, aproximando-se os que ali estavam, disseram a Pedro: Verdadeiramente, és também um deles, porque o teu modo de falar o denuncia.
74 ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။
74 Então, começou ele a praguejar e a jurar: Não conheço esse homem! E imediatamente cantou o galo.
75 ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
75 Então, Pedro se lembrou da palavra que Jesus lhe dissera: Antes que o galo cante, tu me negarás três vezes. E, saindo dali, chorou amargamente.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.