Miquéias 3

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊-
1 Eu disse: Ouvi, chefes de Jacó, e vós, príncipes de Israel; não devíeis vós saber o que é justo?
2 ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။-
2 E, entretanto, odiais o bem e amais o mal, arrancais a pele {da carne} e a carne dos ossos.
3 သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။-
3 Devoram a carne do meu povo, arrancam-lhe a pele, quebram-lhe os ossos; partem-no como {os pedaços} postos na panela, como a carne para a caçarola.
4 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။
4 Um dia clamarão ao Senhor, mas ele não lhes responderá; ocultar-lhes-á a sua face naquele dia por causa da malícia de seus atos.
5 ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-
5 Oráculo do Senhor contra os profetas que desencaminham o meu povo, que anunciam a paz quando têm algo para mastigar e declaram guerra a quem não lhes põe nada na boca.
6 ``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
6 Por isso, em lugar de visões, tereis a noite, e trevas em lugar de revelações. Pôr-se-á o sol para esses profetas, o dia vai tornar-se obscuro;
7 အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
7 serão confundidos os videntes, envergonhados os adivinhos. Todos esconderão a barba, porque Deus cessará de lhes falar.
8 ငါ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ပုန်​ကန်​ကူး​လွန်​သည့်​အ​ပြစ်​များ ကို​ထုတ်​ဖော်​ကြေ​ညာ​ရန် ထာ​ဝ​ရ​ဘု​ရား​၏ ဝိ​ညာဉ်​တော်​အ​ရှိန်​တန်​ခိုး၊ တ​ရား​မျှ​တ​စွာ စီ​ရင်​နိုင်​စွမ်း၊ ရဲ​စွမ်း​သတ္တိ​တို့​နှင့်​ပြည့်​ဝ​၏။-
8 Eu, porém, estou cheio de força {do espírito do Senhor}, de justiça e de coragem, para denunciar a Jacó sua maldade, e a Israel seu pecado.
9 ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​ချုပ်​သူ​အ​ကြီး အ​ကဲ​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​ခြင်း​ကို​မုန်း​၍ အ​မှန်​ကို​အ​မှား​ဖြစ်​စေ​ကြ​၏။-
9 Ouvi isto, chefes da casa de Jacó, príncipes da casa de Israel, que tendes horror à justiça, e torceis tudo o que é reto,
10 သင်​တို့​သည်​လူ​သတ်​မှု​နှင့်​မ​တ​ရား​မှု တည်း​ဟူ​သော​အုတ်​မြစ်​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​မြို့​တော်​ဖြစ်​သော​ယေ​ရု​ရှ​လင် မြို့​ကို​တည်​ဆောက်​ကြ​၏။-
10 que edificais Sião com sangue e Jerusalém com o preço da iniqüidade.
11 မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။
11 Seus chefes exercem o juízo por gratificação, seus sacerdotes só ensinam mediante salário, seus profetas vaticinam a preço de dinheiro. E ainda ousam apoiar-se no Senhor, dizendo: Não é verdade que o Senhor está no meio de nós? A desgraça não nos atingirá!
12 သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။
12 Pois bem! Por vossa causa Sião será como um campo lavrado, e Jerusalém será um montão de escombros, e a colina do templo, um morro cheio de mato.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Miquéias 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.