Miquéias 3
Common Language Bible (MYA) vs NTLH
1 ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊-
1 Escutem, líderes e autoridades de Israel! Vocês deviam praticar a justiça
2 ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-
2 e, no entanto, odeiam o bem e amam o mal. Vocês tiram a pele do meu povo e arrancam a carne dos seus ossos.
3 သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။-
3 Vocês devoram o meu povo: arrancam a pele, quebram os ossos e cortam a carne em pedaços, como se faz com a carne que vai ser cozinhada.
4 သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
4 Virá o dia em que vocês clamarão ao Senhor Deus, mas ele não os atenderá; vocês fazem o que é mau, e por isso ele não ouvirá as suas orações.
5 ငွေပေးနိုင်သူတို့အားငြိမ်းချမ်းသာယာ မည်ဟူ၍လည်းကောင်း၊ ငွေမပေးနိုင်သူတို့ အားစစ်ဘေးရောက်မည်ဟူ၍လည်းကောင်း ဟောတတ်သောပရောဖက်တို့၏လှည့်စား ခြင်းကိုငါ၏လူမျိုးတော်တို့ခံရကြ၏။ ထာဝရဘုရားကထိုသို့သောပရော ဖက်တို့အား၊-
5 Os profetas enganam o povo. Para os que lhes pagam eles prometem paz, mas ameaçam com guerra os que não lhes dão nada. O Senhor diz a esses profetas:
6 ``ပရောဖက်တို့၊ သင်တို့အတွက်နေ့အချိန် ကုန်လုပြီ၊ နေဝင်ချိန်ရောက်လာပြီ။ သင်တို့ သည်ရူပါရုံမြင်ရတော့မည်မဟုတ်။ အနာ ဂတ်ကိုဟောနိုင်သောအစွမ်းရှိလိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။-
6 — Em vez de visões vocês terão a escuridão, e em vez de revelações haverá somente trevas para vocês. A luz do dia vai desaparecer para vocês, e a escuridão da noite cairá sobre vocês.
7 အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။
7 Os adivinhos e os que dizem o que vai acontecer no futuro passarão vergonha. Não receberão resposta de Deus e por isso ficarão desmoralizados.
8 ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။-
8 Mas, quanto a mim, o Espírito do Senhor me dá poder, amor pela justiça e coragem para condenar os pecados e as maldades do povo de Israel.
9 ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။-
9 Escutem, líderes e autoridades de Israel! Vocês odeiam o que é bom e torcem a justiça.
10 သင်တို့သည်လူသတ်မှုနှင့်မတရားမှု တည်းဟူသောအုတ်မြစ်ပေါ်တွင် ဘုရားသခင်၏မြို့တော်ဖြစ်သောယေရုရှလင် မြို့ကိုတည်ဆောက်ကြ၏။-
10 Vocês estão construindo Jerusalém, a cidade santa, sobre um alicerce de injustiças e de crimes de sangue.
11 မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
11 As autoridades de Jerusalém aceitam dinheiro para torcer a justiça, os sacerdotes cobram para ensinar a Lei , e os profetas exigem pagamento para adivinhar o futuro. Mas mesmo assim eles afirmam que recebem ajuda de Deus. Eles dizem: “Nenhum mal vai acontecer porque o Senhor está do nosso lado.”
12 သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။
12 Portanto, por causa de vocês, Jerusalém vai virar um montão de pedras, o monte Sião vai ser arado como um campo, e o lugar onde fica o Templo se tornará uma floresta.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Miquéias 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.