Marcos 4

Common Language Bible (MYA) vs BKJ

Sair da comparação
1 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-
1 E ele começou outra vez a ensinar à beira do mar; e havia se juntado a ele uma grande multidão, de modo que ele entrou num barco sobre o mar, e assentou-se; e toda a multidão estava em terra junto ao mar.
2 ကိုယ်​တော်​က​ပုံ​ဥ​ပ​မာ​ဆောင်​၍​များ​စွာ​သော အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင်​တော်​မူ​၏။-
2 E ele ensinava-lhes muitas coisas por parábolas, e lhes dizia na sua doutrina:
3 သို့​သွန်​သင်​ရာ​တွင်​ကိုယ်​တော်​က ``နား​ထောင် ကြ​လော့။ မျိုး​ကြဲ​သူ​တစ်​ယောက်​သည်​မျိုး​ကြဲ ရန်​ထွက်​ခွာ​သွား​၏။-
3 Ouvi: Eis que saiu um semeador a semear;
4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-
4 e aconteceu que, ao semear, uma parte caiu à beira do caminho, e vieram as aves do céu e comeram-na.
5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၍ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-
5 E caiu uma parte em terreno pedregoso, onde não havia muita terra; e logo brotou, porque não havia terra profunda;
6 နေ​ပူ​သော​အ​ခါ​အ​မြစ်​မ​စွဲ​သ​ဖြင့်​ညှိုး​နွမ်း ခြောက်​သွေ့​လေ​၏။-
6 mas, saindo o sol, foi queimada; e por não ter raiz, secou.
7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။-
7 E outra parte caiu entre espinhos, cresceram, sufocaram-na, e não deu fruto.
8 အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
8 E outra caiu em boa terra, e produziu fruto que cresceram e aumentaram; e produziu uns trinta, e uns sessenta e alguns cem.
9 ထို​နောက်​ကိုယ်​တော်​က ``ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။
9 E ele disse-lhes: Quem tem ouvidos para ouvir, ouça.
10 လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌​တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​တ​ကွ နောက်​တော်​ပါး​မှ​လိုက်​လာ သူ​တို့​သည် ပုံ​ဥ​ပ​မာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
10 E, estando ele só, os que estavam junto dele com os doze perguntavam-lhe acerca da parábola.
11 ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-
11 E ele disse-lhes: A vós é concedido conhecer o mistério do reino de Deus; mas aos de fora todas estas coisas são apresentadas por parábolas;
12 အ​ဘယ်​ကြောင့်​ဆို​သော်၊
12 para que vendo, eles possam ver, e não percebam; e, ouvindo, eles possam ouvir, e não entendam; para que a qualquer momento, eles não se convertam, e seus pecados sejam perdoados.
13 ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။-
13 E ele disse-lhes: Não entendeis esta parábola? Como, pois, entendereis todas as parábolas?
14 — ausente —
14 O semeador semeia a palavra;
15 — ausente —
15 estes são os que estão à beira do caminho, em quem a palavra é semeada; mas ouvindo-a, imediatamente vem Satanás e tira a palavra que foi semeada nos seus corações.
16 ထို​နည်း​တူ​စွာ​အ​ချို့​သော​သူ​တို့​သည်​ကျောက်​ခံ မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည် တ​ရား​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက် စွာ​ခံ​ယူ​ကြ​၏။-
16 E da mesma forma são os semeados em lugares pedregosos; os quais, ouvindo a palavra, imediatamente a recebem com alegria;
17 သို့​သော်​ယင်း​တ​ရား​တော်​သည်​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ ထို​နောက်​ဤ​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့်​နှိပ်​စက် ညှဉ်း​ပန်း​မှု​ကို​ကြုံ​တွေ့​ရ​သော​အ​ခါ သူ​တို့ သည်​ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-
17 mas não têm raiz em si mesmos, e então duraram por algum tempo; depois, sobrevindo aflição ou perseguição por causa da palavra, imediatamente se escandalizaram.
18 အ​ချို့​သော​သူ​တို့​သည်​ဆူး​တော​မြေ​တွင်​ကျ သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား​တော် ကို​ကြား​ရ​ကြ​၏။-
18 E os que foram semeados entre os espinhos, esses ouvem a palavra;
19 သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။-
19 e os cuidados deste mundo, e os enganos das riquezas e as ambições das demais coisas, sufocam a palavra, e ela se torna infrutífera.
20 အ​ချို့​သော​သူ​များ​မူ​ကား​မြေ​ကောင်း​မြေ​သန့် တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား တော်​ကို​ကြား​၍​ခံ​ယူ​ကြ​သည်​ဖြစ်​ရာ​အ​ဆ သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​သီး နှံ​များ​ကို​ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။
20 Mas os que foram semeados em boa terra, os que ouvem a palavra e a recebem, e produzem fruto, alguns trinta vezes, alguns sessenta, e outros cem.
21 ကိုယ်​တော်​က ``ဆီ​မီး​ကို​တောင်း​ဇ​လား​နှင့်​အုပ်​ထား ရန်​မ​ဟုတ်။ ခု​တင်​အောက်​တွင်​ထား​ရန်​လည်း​မ​ဟုတ်။ ဆီ​မီး​ခုံ​ပေါ်​မှာ​သာ​တင်​ထား​ရန်​မ​ဟုတ်​ပါ​လော။-
21 E ele lhes disse: Vem uma candeia para ser colocada sob um alqueire, ou debaixo da cama? E não para ser colocada sobre um castiçal?
22 ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ်​လာ ရ​ပေ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​သည်​ပွင့်​လာ ရ​မည်။-
22 Porquanto não há nada escondido que não seja manifesto; nem coisa alguma mantida em segredo, que não se torne pública.
23 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
23 Se algum homem tem ouvidos para ouvir, ouça.
24 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။-
24 E disse-lhes: Fiquem atentos ao que ouvis. Com a medida com que medis isso vos será medido, e a vós que ouvis ainda mais será acrescentado.
25 ရှိ​သူ​အား​ထပ်​၍​ပေး​လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
25 Porque aquele que tem, a ele será dado; e aquele que não tem, dele será tomado até aquilo que tem.
26 ထို​နောက်​ကိုယ်​တော်​က​ဆက်​လက်​၍ ``ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​သည် မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​ကြုံ တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-
26 E ele disse: Assim é o reino de Deus, como se um homem lançasse semente à terra;
27 သူ​သည်​မြေ​တွင်​မျိုး​ကို​ကြဲ​ပြီး​နောက် နေ့​ည အ​လိုက်​အိပ်​စက်​တုံ​နိုး​ထ​တုံ​ပြု​၏။ ထို​အ​ခိုက် မျိုး​စေ့​သည်​အ​စို့​ထိုး​၍​အ​ပင်​ပေါက်​၏။ မည် သို့​အ​စို့​ထိုး၊ အ​ပင်​ပေါက်​သည်​ကို​သူ​မ​သိ။-
27 e vai dormir e se levanta noite e de dia, e a semente brota e cresce, e ele nem sabe como.
28 မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။-
28 Porque a terra por si mesma produz fruto, primeiro a folha, depois a espiga, e por último o grão na espiga.
29 ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
29 Mas quando o fruto está maduro, imediatamente ele mete a foice, porque é chegada a colheita.
30 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။-
30 E ele disse: A que assemelharemos o reino de Deus? Ou com que comparação o compararemos?
31 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။-
31 É como um grão de mostarda, que, quando se semeia na terra, é a menor de todas as sementes que há na terra;
32 စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
32 mas, tendo sido semeado, cresce, e torna-se a maior de todas as hortaliças, e cria grandes ramos, de tal maneira que as aves do céu podem abrigar-se à sua sombra.
33 ယင်း​သို့​လျှင်​ကိုယ်​တော်​သည်​ထို​သူ​တို့​နား​လည် နိုင်​သည့်​ပုံ​ဥ​ပ​မာ​များ​အား​ဖြင့် တ​ရား​တော် ကို​ဟော​ပြော​တော်​မူ​၏။-
33 E com muitas parábolas como estas, lhes falava a palavra, conforme podiam ouvi-la.
34 ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။
34 Mas sem parábolas ele não lhes falava; e quando eles estavam a sós, explicava todas as coisas a seus discípulos.
35 ထို​နေ့​၌​ပင်​ည​နေ​ချမ်း​အ​ချိန်​ကျ​ရောက်​လာ သော​အ​ခါ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အိုင် တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-
35 E, naquele dia, sendo já tarde, disse-lhes: Passemos para o outro lado.
36 တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ်​ထံ​မှ ထွက်​ခွာ​ပြီး​လျှင် ကိုယ်​တော်​ရောက်​ရှိ​နေ​နှင့် ပြီး​သည့်​လှေ​ပေါ်​သို့​တက်​၍​ရွက်​လွှင့်​ကြ​၏။ အ​ခြား​လှေ​များ​လည်း​ပါ​၏။-
36 E, despedindo a multidão, levaram-no consigo, assim como estava, no barco; e havia também com ele outros pequenos barcos.
37 ထို​အ​ချိန်​၌​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​ရောက် လာ​ကာ​လှိုင်း​ရိုက်​သွင်း​သ​ဖြင့်​လှေ​သည်​ရေ​နှင့် ပြည့်​လု​မ​တတ်​ရှိ​လေ​၏။-
37 E se levantou grande tempestade de vento, e as ondas batiam no barco, de modo que já se enchia.
38 ကိုယ်​တော်​ကား​လှေ​ပဲ့​ပိုင်း​တွင် မှီ​အုံး​တစ်​ခု​ပေါ် မှာ​အိပ်​စက်​လျက်​နေ​တော်​မူ​၏။ တ​ပည့်​တော်​တို့ သည်​ကိုယ်​တော်​ကို​နှိုး​ကြ​၏။ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ရေ​နစ်​သေ​ဆုံး​မည်​ကို​ဂ​ရု​ပြု တော်​မ​မူ​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
38 E ele estava na parte de trás do barco, dormindo sobre uma almofada; e eles o acordaram, dizendo-lhe: Mestre, não te preocupa que pereçamos?
39 ကိုယ်​တော်​သည်​အိပ်​ရာ​မှ​နိုး​တော်​မူ​၍ လေ​နှင့်​လှိုင်း များ​အား ``ဆိတ်​ဆိတ်​နေ​လော့၊ ငြိမ်​သက်​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ လေ​သည်​ငြိမ်​သွား​၏။ လှိုင်း လည်း​မ​ထ​တော့​ပေ။-
39 E ele, levantando-se, repreendeu o vento e disse ao mar: Paz, aquieta-te. E o vento cessou, e houve grande calmaria.
40 ထို​နောက်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​လန့်​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​ပင်​သင်​တို့​သည် ငါ့​အ​ပေါ်​၌ ယုံ​ကြည်​ကိုး​စား​မှု​ကင်း​လျက်​ရှိ​နေ​ကြ​သေး သ​နည်း'' ဟု​မေး​တော်​မူ​၏။
40 E ele disse-lhes: Por que sois temerosos? Ainda não tendes fé?
41 ထို​အ​ခါ​သူ​တို့​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​၏။ ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
41 E eles temeram muito, e diziam uns aos outros: Que espécie de homem é este, que até o vento e o mar lhe obedecem?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.