Marcos 4
Common Language Bible (MYA) vs ARC
1 ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
1 E outra vez começou a ensinar junto ao mar, e ajuntou-se a ele grande multidão; de sorte que ele entrou e assentou-se num barco, sobre o mar; e toda a multidão estava em terra junto ao mar.
2 ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။-
2 E ensinava-lhes muitas coisas por parábolas e lhes dizia na sua doutrina:
3 သို့သွန်သင်ရာတွင်ကိုယ်တော်က ``နားထောင် ကြလော့။ မျိုးကြဲသူတစ်ယောက်သည်မျိုးကြဲ ရန်ထွက်ခွာသွား၏။-
3 Ouvi: Eis que saiu o semeador a semear.
4 မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့် ငှက်တို့သည်လာ၍စားကြ၏။-
4 E aconteceu que, semeando ele, uma
5 အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၍ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
5 E outra caiu sobre pedregais, onde não havia muita terra, e nasceu logo, porque não tinha terra profunda.
6 နေပူသောအခါအမြစ်မစွဲသဖြင့်ညှိုးနွမ်း ခြောက်သွေ့လေ၏။-
6 Mas, saindo o sol, queimou-se e, porque não tinha raiz, secou-se.
7 အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
7 E outra caiu entre espinhos, e, crescendo os espinhos, a sufocaram, e não deu fruto.
8 အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။
8 E outra caiu em boa terra e deu fruto, que vingou e cresceu; e um produziu trinta, outro, sessenta, e outro, cem.
9 ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။
9 E disse-lhes: Quem tem ouvidos para ouvir, que ouça.
10 လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
10 E, quando se achou só, os que estavam junto dele com os doze interrogaram-no acerca da parábola.
11 ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
11 E ele disse-lhes: A vós vos é dado saber os mistérios do Reino de Deus, mas aos que estão de fora todas
12 အဘယ်ကြောင့်ဆိုသော်၊
12 para que, vendo, vejam e não percebam; e, ouvindo, ouçam e não entendam, para que se não convertam, e lhes sejam perdoados os pecados.
13 ကိုယ်တော်က ``သင်တို့သည်ဤပုံဥပမာကိုမျှ နားမလည်ကြလျှင် အဘယ်ပုံဥပမာကိုနား လည်နိုင်ကြမည်နည်း။-
13 E disse-lhes: Não percebeis esta parábola? Como, pois, entendereis todas as parábolas?
14 — ausente —
14 O que semeia semeia a palavra;
15 — ausente —
15 e os que estão junto ao caminho são aqueles em quem a palavra é semeada; mas, tendo eles a ouvido, vem logo Satanás e tira a palavra que foi semeada no coração deles.
16 ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။-
16 E da mesma sorte os que recebem a semente sobre pedregais, que, ouvindo a palavra, logo com prazer a recebem;
17 သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
17 mas não têm raiz em si mesmos; antes, são temporãos; depois, sobrevindo tribulação ou perseguição por causa da palavra, logo se escandalizam.
18 အချို့သောသူတို့သည်ဆူးတောမြေတွင်ကျ သည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရားတော် ကိုကြားရကြ၏။-
18 E os outros são os que recebem a semente entre espinhos, os quais ouvem a palavra;
19 သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။-
19 mas os cuidados deste mundo, e os enganos das riquezas, e as ambições de outras coisas, entrando, sufocam a palavra, e fica infrutífera.
20 အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
20 E os que recebem a semente em boa terra são os que ouvem a palavra, e
21 ကိုယ်တော်က ``ဆီမီးကိုတောင်းဇလားနှင့်အုပ်ထား ရန်မဟုတ်။ ခုတင်အောက်တွင်ထားရန်လည်းမဟုတ်။ ဆီမီးခုံပေါ်မှာသာတင်ထားရန်မဟုတ်ပါလော။-
21 E disse-lhes: Vem,
22 ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။-
22 Porque nada há encoberto que não haja de ser manifesto; e nada se faz
23 ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟုထိုသူတို့အားမိန့်တော်မူ၏။
23 Se alguém tem ouvidos para ouvir, que ouça.
24 ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
24 E disse-lhes: Atendei ao que ides ouvir. Com a medida com que medirdes vos medirão a vós, e ser-vos-á ainda acrescentada.
25 ရှိသူအားထပ်၍ပေးလိမ့်မည်။ မရှိသူထံမှရှိ သမျှကိုပင်သိမ်းယူလိမ့်မည်'' ဟုမိန့်တော်မူ၏။
25 Porque ao que tem, ser-lhe-á dado; e, ao que não tem, até o que tem lhe será tirado.
26 ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
26 E dizia: O Reino de Deus é assim como se um homem lançasse semente à terra,
27 သူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။-
27 e dormisse, e se levantasse de noite ou de dia, e a semente brotasse e crescesse, não sabendo ele como.
28 မြေကြီးသည်အလိုအလျောက်ကောက်စပါး ကိုဖြစ်စေ၏။ ဦးစွာကောက်ညွန့်ကိုထွက်စေ၏။ ထိုနောက်ကောက်နှံကိုဖြစ်စေ၏။ ထိုနောက်ကောက် ဆန်ကိုအောင်စေ၏။-
28 Porque a terra por si mesma frutifica; primeiro, a erva, depois, a espiga, e, por último, o grão cheio na espiga.
29 ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
29 E, quando foice, porque está chegada a ceifa.
30 တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-
30 E dizia: A que assemelharemos o Reino de Deus? Ou com que parábola o representaremos?
31 ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
31 É como um grão de mostarda, que, quando se semeia na terra, é a menor de todas as sementes que há na terra;
32 စိုက်ပြီးနောက်ကြီးပွားလာသောအခါ အခြား အပင်ငယ်များအားလုံးထက်ပို၍ကြီးမား၏။ အကိုင်းအခက်ကြီးများလည်းပေါ်ထွက်လာ၏။ ကောင်းကင်ငှက်များပင်ထိုအပင်အရိပ်ဝယ် နားနေနိုင်ကြ၏'' ဟုမိန့်တော်မူ၏။
32 mas, tendo sido semeado, cresce, e faz-se a maior de todas as hortaliças, e cria grandes ramos, de tal maneira que as aves do céu podem aninhar-se debaixo da sua sombra.
33 ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
33 E com muitas parábolas tais lhes dirigia a palavra, segundo o que podiam compreender.
34 ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
34 E sem parábolas nunca lhes falava, porém tudo declarava em particular aos seus discípulos.
35 ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
35 E, naquele dia, sendo já tarde, disse-lhes: Passemos para a outra margem.
36 တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။-
36 E eles, deixando a multidão, o levaram consigo, assim como estava, no barco; e havia também com ele outros barquinhos.
37 ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။-
37 E levantou-se grande temporal de vento, e subiam as ondas por cima do barco, de maneira que já se enchia de água.
38 ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။
38 E ele estava na popa dormindo sobre uma almofada; e despertaram-no, dizendo-lhe: Mestre, não te importa que pereçamos?
39 ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။-
39 E ele, despertando, repreendeu o vento e disse ao mar: Cala-te, aquieta-te. E o vento se aquietou, e houve grande bonança.
40 ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။
40 E disse-lhes: Por que sois tão tímidos? Ainda não tendes fé?
41 ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
41 E sentiram um grande temor e diziam uns aos outros: Mas quem é este que até o vento e o mar lhe obedecem?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.