Marcos 14

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-
1 Dois dias depois seria celebrada a Páscoa e a Festa dos Pães sem Fermento. Os principais sacerdotes e os escribas procuravam uma forma de prender Jesus, à traição, para matá-lo.
2 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့် ပွဲ​တော်​ရက်​အ​တွင်း​၌ မ​ဖမ်း​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။
2 Pois diziam: — Não durante a festa, para que não haja tumulto entre o povo.
3 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​၌ အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ဖူး​သူ​ရှိ​မုန်​၏​အိမ်​တွင်​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​စဉ်​အ​မျိုး သ​မီး​တစ်​ယောက်​သည် အ​လွန်​အ​ဖိုး​ထိုက် သော​နာ​ဒု​ဆီ​မွှေး​အ​စစ်​ကျောက်​ဖြူ​ဘူး ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း လောင်း​လေ​သည်။-
3 Quando Jesus estava em Betânia, fazendo uma refeição na casa de Simão, o leproso, veio uma mulher, trazendo um frasco feito de alabastro com um perfume muito valioso, de nardo puro; e, quebrando o frasco, derramou o perfume sobre a cabeça de Jesus.
4 လူ​အ​ချို့​တို့​သည်​ဒေါ​သ​ထွက်​၍ ``အ​ဘယ် ကြောင့်​ဆီ​မွှေး​ကို​ဤ​သို့​အ​ကျိုး​မဲ့​ဖြုန်း​တီး ပါ​သ​နည်း။-
4 Alguns dos que estavam ali ficaram indignados e diziam entre si: — Para que este desperdício de perfume?
5 ဤ​ဆီ​မွှေး​ကို​ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​ကျော်​နှင့် ရောင်း​၍ ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ​အ​မျိုး​သ​မီး​ကို အ​ပြစ်​တင်​ကြ​၏။
5 Este perfume poderia ter sido vendido por mais de trezentos denários, para ser dado aos pobres. E murmuravam contra ela.
6 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။-
6 Mas Jesus disse:
7 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။-
7 Porque os pobres estarão sempre com vocês, e, quando quiserem, podem fazer-lhes o bem, mas a mim vocês nem sempre terão.
8 ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။-
8 Ela fez o que pôde: ungiu o meu corpo antecipadamente para a sepultura.
9 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သ​တင်း ကောင်း​ကြေ​ညာ​ရာ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ဤ​အ​မျိုး သ​မီး​ကို​အောက်​မေ့​သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု ခဲ့​သော​ကောင်း​မှု​ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
9 Em verdade lhes digo que, onde for pregado em todo o mundo o evangelho, também será contado o que ela fez, para memória dela.
10 တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော​ယု​ဒ ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့ အပ်​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ထံ​သို့​သွား​၏။-
10 E Judas Iscariotes, um dos doze, foi falar com os principais sacerdotes, para lhes entregar Jesus.
11 ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။
11 Eles, ouvindo isto, se alegraram e prometeram dar dinheiro a ele; nesse meio-tempo, Judas buscava uma boa ocasião para entregar Jesus.
12 ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။
12 E, no primeiro dia da Festa dos Pães sem Fermento, quando se fazia o sacrifício do cordeiro pascal, os discípulos de Jesus lhe perguntaram: — Onde quer que façamos os preparativos para que o senhor possa comer a Páscoa?
13 ကိုယ်​တော်​က​တ​ပည့်​တော်​နှစ်​ယောက်​အား ``သင်​တို့ သည်​မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ထမ်း​လာ​သူ​လူ တစ်​ယောက်​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။-
13 Então Jesus enviou dois dos seus discípulos, dizendo-lhes:
14 ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​လော့။ သူ​ဝင်​သော အိမ်​မှ​အိမ်​ရှင်​အား ``ဆ​ရာ​တော်​နှင့်​တ​ပည့်​များ ပ​သ​ခါ​ပွဲ​ည​စာ​ကို​စား​ရန်​အ​ခန်း​ကား​အ​ဘယ် မှာ​နည်း'' ဟု​ဆ​ရာ​တော်​က​မေး​ကြောင်း​ပြော ကြ​လော့။-
14 Sigam esse homem e digam ao dono da casa em que ele entrar que o Mestre pergunta: “Onde fica o meu aposento no qual comerei a Páscoa com os meus discípulos?”
15 သူ​သည်​အ​ထက်​ထပ်​ရှိ​အ​သင့်​ပြင်​ဆင်​ခင်း​ကျင်း ထား​သော​အ​ခန်း​ကြီး​ကို​သင်​တို့​အား​ပြ​လိမ့်​မည်။ ယင်း​အ​ခန်း​တွင်​ငါ​တို့​အ​တွက်​ည​စာ​ကို​ပြင် ကြ​လော့'' ဟု​မိန့်​မှာ​၍​စေ​လွှတ်​တော်​မူ​၏။
15 E ele lhes mostrará um espaçoso cenáculo mobiliado e pronto; ali façam os preparativos.
16 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင် မြို့​တွင်း​သို့​ဝင်​ကြ​၏။ မြို့​ထဲ​သို့​ရောက်​သော အ​ခါ​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​လိုက်​သည့်​အ​တိုင်း တွေ့​၍ ပ​သ​ခါ​ည​စာ​ကို​အ​သင့်​ပြင်​ကြ​၏။
16 Os discípulos saíram, foram à cidade e, achando tudo como Jesus lhes tinha dito, prepararam a Páscoa.
17 ည​ချမ်း​အ​ချိန်​ရောက်​သော် ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​၏။-
17 Ao cair da tarde, Jesus chegou com os doze.
18 သူ​တို့​သည်​စား​ပွဲ​မှာ​ထိုင်​လျက်​စား​နေ​ကြ​စဉ် သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​အ​နက်​ငါ​နှင့်​အ​တူ​စား​နေ သူ​တစ်​ဦး​သည်​ငါ့​ကို​သစ္စာ​ဖောက်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
18 Quando estavam à mesa e comiam, Jesus disse:
19 တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။
19 E eles começaram a entristecer-se e a perguntar-lhe, um por um: — Por acaso seria eu?
20 ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-
20 Jesus respondeu:
21 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။
21 Pois o Filho do Homem vai, como está escrito a seu respeito; mas ai daquele por quem o Filho do Homem está sendo traído! Melhor seria para ele se nunca tivesse nascido!
22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။
22 E, enquanto comiam, Jesus pegou um pão e, abençoando-o, o partiu e lhes deu, dizendo:
23 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။-
23 A seguir, Jesus pegou um cálice e, tendo dado graças, o deu aos seus discípulos; e todos beberam dele.
24 ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-
24 Então lhes disse:
25 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
25 Em verdade lhes digo que nunca mais beberei do fruto da videira, até aquele dia em que beberei o vinho novo, no Reino de Deus.
26 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။
26 E, tendo cantado um hino, saíram para o monte das Oliveiras.
27 သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ငါ​သည်​သိုး ထိန်း​ကို​ရိုက်​သတ်​သ​ဖြင့် သိုး​တို့​သည်​က​စဥ့်​က​ရဲ ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သင်​တို့ သည်​ငါ့​ကို​စွန့်​၍​ထွက်​ပြေး​ကြ​လိမ့်​မည်။-
27 E Jesus disse aos discípulos:
28 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
28 Mas, depois da minha ressurreição, irei adiante de vocês para a Galileia.
29 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​အ​ရှင့်​ကို စွန့်​ပစ်​ကြ​သော်​လည်း အ​ကျွန်ုပ်​မ​စွန့်​ပစ်​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။
29 Então Pedro disse a Jesus: — Ainda que o senhor venha a ser um tropeço para todos, não o será para mim!
30 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
30 Mas Jesus lhe disse:
31 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​ပင်​သေ​ရ​သော်​လည်း အ​ရှင့်​ကို​မ​သိ ဟု​ငြင်း​ဆို​မည်​မ​ဟုတ်​ပါ'' ဟု​အ​လေး​အ​နက် လျှောက်​ထား​၏။
31 Mas Pedro insistia com mais veemência: — Ainda que me seja necessário morrer com o senhor, de modo nenhum o negarei. E todos os outros diziam a mesma coisa.
32 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊-
32 Então foram a um lugar chamado Getsêmani. Ali, Jesus disse aos seus discípulos:
33 ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊-
33 E, levando consigo Pedro, Tiago e João, começou a sentir-se tomado de pavor e de angústia.
34 ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။
34 E lhes disse:
35 — ausente —
35 E, adiantando-se um pouco, prostrou-se em terra; e orava para que, se possível, lhe fosse poupada aquela hora.
36 — ausente —
36 E dizia:
37 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။-
37 E, voltando, achou-os dormindo. E disse a Pedro:
38 ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။
38 Vigiem e orem, para que não caiam em tentação; o espírito, na verdade, está pronto, mas a carne é fraca.
39 ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။-
39 Retirando-se de novo, orou repetindo as mesmas palavras.
40 ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။
40 E voltando, achou-os outra vez dormindo, porque os olhos deles estavam pesados; e não sabiam o que lhe responder.
41 ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။-
41 E, quando voltou pela terceira vez, Jesus lhes disse:
42 လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။
42 Levantem-se, vamos embora! Eis que o traidor se aproxima.
43 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​တွင် တစ်​ကျိပ် နှစ်​ပါး​အ​ဝင်​ဖြစ်​သော​ယု​ဒ​ရောက်​ရှိ​လာ​၏။ သူ​နှင့်​အ​တူ​တုတ်၊ ဋ္ဌား​ကိုင်​သူ​လူ​အ​မြောက် အ​မြား​ပါ​၏။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​က​စေ​လွှတ်​၍​ရောက်​ရှိ လာ​ကြ​ခြင်း​ဖြစ်​သည်။-
43 E logo, enquanto Jesus ainda falava, chegou Judas, um dos doze, e, com ele, uma multidão com espadas e porretes, vinda da parte dos principais sacerdotes, escribas e anciãos.
44 ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ က ``ငါ​နမ်း​ရှုပ်​နှုတ်​ဆက်​သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍​အ​စောင့်​နှင့်​ခေါ်​သွား​ကြ လော့'' ဟု​သူ​တို့​အား​အ​မှတ်​ပေး​ခဲ့​၏။
44 Ora, o traidor tinha dado a eles um sinal: “Aquele que eu beijar, é esse; prendam e levem-no com segurança.”
45 သူ​သည်​ရောက်​လာ​ပြီး​လျှင်​ချက်​ချင်း​ပင် ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ကာ ``အ​ရှင်​ဘု​ရား'' ဟု​ဆို​၍​ကိုယ်​တော်​ကို​နမ်း​ရှုပ်​လေ​သည်။-
45 E logo que chegou, aproximando-se de Jesus, Judas disse: — Mestre! E o beijou.
46 လူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-
46 Então eles agarraram Jesus e o prenderam.
47 ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။-
47 Nisto, um dos que estavam ali, sacando da espada, feriu o servo do sumo sacerdote e cortou-lhe a orelha.
48 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို ဖမ်း​ဆီး​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​ဆီး​ရန်​တုတ်၊ ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။-
48 Jesus lhes disse:
49 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် သင်​တို့ ရှေ့​မှာ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ သင်​တို့​ငါ့​ကို မ​ဖမ်း​မ​ဆီး​ခဲ့​ကြ။ သို့​ရာ​တွင်​ကျမ်း​စာ​လာ သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်'' ဟု​ထို​သူ​တို့ အား​မိန့်​တော်​မူ​၏။
49 Todos os dias eu estava com vocês no templo, ensinando, e vocês não me prenderam; mas isto é para que se cumprissem as Escrituras.
50 ထို​အ​ခါ​တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။
50 Então todos o deixaram e fugiram.
51 ပိတ်​ပိုင်း​လွှာ​တစ်​ခု​ကို​သာ​ဝတ်​ထား​သည့်​လူ​ငယ် လူ​ရွယ်​တစ်​ယောက်​သည် ကိုယ်​တော်​၏​နောက်​တော် က​လိုက်​လာ​၏။ လူ​အ​ချို့​တို့​သည်​သူ့​ကို​ဖမ်း ဆီး​မည်​ပြု​ကြ​သော​အ​ခါ၊-
51 Um jovem, coberto unicamente com um lençol, seguia Jesus. Eles o agarraram,
52 သူ​သည်​ပိတ်​ပိုင်း​လွှာ​ကို​စွန့်​၍​အ​ဝတ်​မ​ပါ​ဘဲ ထွက်​ပြေး​လေ​၏။
52 mas ele largou o lençol e fugiu nu.
53 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။-
53 E levaram Jesus ao sumo sacerdote, e então se reuniram todos os principais sacerdotes, os anciãos e os escribas.
54 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။-
54 Pedro seguiu Jesus de longe até o interior do pátio do sumo sacerdote e estava assentado entre os servos, aquentando-se ao fogo.
55 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ ယု​ဒ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​အား​သေ​ဒဏ်​ပေး​နိုင်​ရန်​သက်​သေ ကို​ရှာ​သော်​လည်း​မ​တွေ့​ကြ။-
55 E os principais sacerdotes e todo o Sinédrio procuravam algum testemunho contra Jesus para o condenar à morte, mas não achavam nada.
56 လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။
56 Pois muitos testemunhavam falsamente contra Jesus, mas os depoimentos não eram coerentes.
57 — ausente —
57 E, levantando-se alguns, testemunhavam falsamente, dizendo:
58 — ausente —
58 — Nós o ouvimos declarar: “Eu destruirei este santuário edificado por mãos humanas e, em três dias, construirei outro, não por mãos humanas.”
59 သို့​ရာ​တွင်​ထို​သူ​တို့​ထွက်​ဆို​ချက်​များ​ပင်​လျှင် ကိုက်​ညီ​မှု​မ​ရှိ။
59 Nem assim o testemunho deles era coerente.
60 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။-
60 E, levantando-se o sumo sacerdote, no meio, perguntou a Jesus: — Você não diz nada em resposta ao que estes depõem contra você?
61 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။
61 Jesus, porém, guardou silêncio e nada respondeu. O sumo sacerdote tornou a interrogá-lo: — Você é o Cristo, o Filho do Deus Bendito?
62 သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။-
62 Jesus respondeu:
63 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏ အ​ဝတ်​ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ငါ​တို့​အ​ဘယ်​မှာ လျှင်​သက်​သေ​များ​ထပ်​၍​လို​ပါ​တော့​မည်​နည်း။-
63 O sumo sacerdote, rasgando as suas vestes, disse: — Por que ainda precisamos de testemunhas?
64 ဘု​ရား​သ​ခင်​အား​ထို​သူ​ပြစ်​မှား​ပြော​ဆို​သည် ကို​သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​စီ​ရင် ချက်​ချ​မှတ်​ကြ​မည်​နည်း'' ဟု​ဆို​၏။
64 Vocês ouviram a blasfêmia. Qual é o parecer de vocês? E todos o julgaram réu de morte.
65 အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။
65 Alguns começaram a cuspir nele, a cobrir-lhe o rosto, a bater nele e a dizer-lhe: — Profetize! E os guardas davam-lhe bofetadas.
66 ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။-
66 Estando Pedro embaixo no pátio, veio uma das empregadas do sumo sacerdote
67 ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။
67 e, vendo Pedro, que se aquecia, fixou os olhos nele e disse: — Você também estava com Jesus, o Nazareno.
68 ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။
68 Mas ele negou, dizendo: — Não o conheço, nem compreendo o que você está falando. E saiu para o pórtico. E o galo cantou.
69 အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။-
69 E a empregada, vendo-o, tornou a dizer aos que estavam ali: — Este é um deles.
70 ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။
70 Mas ele negou outra vez. E, pouco depois, os que estavam ali disseram outra vez a Pedro: — Com certeza você é um deles, porque também é galileu.
71 သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။
71 Ele, porém, começou a praguejar e a jurar: — Não conheço esse homem de quem vocês estão falando!
72 ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။
72 E no mesmo instante o galo cantou pela segunda vez. Então Pedro se lembrou da palavra que Jesus lhe tinha dito: “Antes que o galo cante duas vezes, você me negará três vezes.” E, caindo em si, começou a chorar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.