Marcos 14
Common Language Bible (MYA) vs ARIB
1 ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
1 Ora, dali a dois dias era a páscoa e a festa dos pães ázimos; e os principais sacerdotes e os escribas andavam buscando como prender Jesus a traição, para o matarem.
2 သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
2 Pois eles diziam: Não durante a festa, para que não haja tumulto entre o povo.
3 သခင်ယေရှုသည်ဗေသနိရွာ၌ အရေပြား ရောဂါစွဲကပ်ဖူးသူရှိမုန်၏အိမ်တွင်ရှိ၍ အစားအစာသုံးဆောင်တော်မူစဉ်အမျိုး သမီးတစ်ယောက်သည် အလွန်အဖိုးထိုက် သောနာဒုဆီမွှေးအစစ်ကျောက်ဖြူဘူး ကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်း လောင်းလေသည်။-
3 Estando ele em Betânia, reclinado à mesa em casa de Simão, o leproso, veio uma mulher que trazia um vaso de alabastro cheio de bálsamo de nardo puro, de grande preço; e, quebrando o vaso, derramou-lhe sobre a cabeça o bálsamo.
4 လူအချို့တို့သည်ဒေါသထွက်၍ ``အဘယ် ကြောင့်ဆီမွှေးကိုဤသို့အကျိုးမဲ့ဖြုန်းတီး ပါသနည်း။-
4 Mas alguns houve que em si mesmos se indignaram e disseram: Para que se fez este desperdício do bálsamo?
5 ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။
5 Pois podia ser vendido por mais de trezentos denários que se dariam aos pobres. E bramavam contra ela.
6 သခင်ယေရှုက ``ထိုအမျိုးသမီးကိုရှိစေတော့။ အဘယ်ကြောင့်သူ့ကိုနှောင့်ယှက်ကြသနည်း။ ငါ့ အားသူပြုသောအမှုသည်လျောက်ပတ်ပေ၏။-
6 Jesus, porém, disse: Deixai-a; por que a molestais? Ela praticou uma boa ação para comigo.
7 ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
7 Porquanto os pobres sempre os tendes convosco e, quando quiserdes, podeis fazer-lhes bem; a mim, porém, nem sempre me tendes.
8 ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
8 ela fez o que pode; antecipou-se a ungir o meu corpo para a sepultura.
9 အမှန်အကန်သင်တို့အားငါဆိုသည်ကားသတင်း ကောင်းကြေညာရာ ကမ္ဘာအရပ်ရပ်တွင်ဤအမျိုး သမီးကိုအောက်မေ့သတိရကြစေရန် သူပြု ခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
9 Em verdade vos digo que, em todo o mundo, onde quer que for pregado o evangelho, também o que ela fez será contado para memória sua.
10 တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
10 Então Judas Iscariotes, um dos doze, foi ter com os principais sacerdotes para lhes entregar Jesus.
11 ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။
11 Ouvindo-o eles, alegraram-se, e prometeram dar-lhe dinheiro. E buscava como o entregaria em ocasião oportuna.
12 ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
12 Ora, no primeiro dia dos pães ázimos, quando imolavam a páscoa, disseram-lhe seus discípulos: Aonde queres que vamos fazer os preparativos para comeres a páscoa?
13 ကိုယ်တော်ကတပည့်တော်နှစ်ယောက်အား ``သင်တို့ သည်မြို့ထဲသို့သွားကြ။ ရေအိုးထမ်းလာသူလူ တစ်ယောက်သည် သင်တို့ကိုကြိုဆိုလိမ့်မည်။-
13 Enviou, pois, dois dos seus discípulos, e disse-lhes: Ide à cidade, e vos sairá ao encontro um homem levando um cântaro de água; seguí-o;
14 ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။-
14 e, onde ele entrar, dizei ao dono da casa: O Mestre manda perguntar: Onde está o meu aposento em que hei de comer a páscoa com os meus discípulos?
15 သူသည်အထက်ထပ်ရှိအသင့်ပြင်ဆင်ခင်းကျင်း ထားသောအခန်းကြီးကိုသင်တို့အားပြလိမ့်မည်။ ယင်းအခန်းတွင်ငါတို့အတွက်ညစာကိုပြင် ကြလော့'' ဟုမိန့်မှာ၍စေလွှတ်တော်မူ၏။
15 E ele vos mostrará um grande cenáculo mobiliado e pronto; aí fazei-nos os preparativos.
16 ထိုတပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင် မြို့တွင်းသို့ဝင်ကြ၏။ မြို့ထဲသို့ရောက်သော အခါကိုယ်တော်မိန့်မှာတော်မူလိုက်သည့်အတိုင်း တွေ့၍ ပသခါညစာကိုအသင့်ပြင်ကြ၏။
16 Partindo, pois, os discípulos, foram à cidade, onde acharam tudo como ele lhes dissera, e prepararam a páscoa.
17 ညချမ်းအချိန်ရောက်သော် ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးနှင့်အတူကြွလာတော်မူ၏။-
17 Ao anoitecer chegou ele com os doze.
18 သူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။
18 E, quando estavam reclinados à mesa e comiam, disse Jesus: Em verdade vos digo que um de vós, que comigo come, há de trair-me.
19 တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။
19 Ao que eles começaram a entristecer-se e a perguntar-lhe um após outro: Porventura sou eu?
20 ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-
20 Respondeu-lhes: É um dos doze, que mete comigo a mão no prato.
21 ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။
21 Pois o Filho do homem vai, conforme está escrito a seu respeito; mas ai daquele por quem o Filho do homem é traído! bom seria para esse homem se não houvera nascido.
22 ကိုယ်တော်နှင့်တပည့်တော်တို့သည်ညစာစား နေကြစဉ်ကိုယ်တော်သည်မုန့်ကိုယူ၍ ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့်ကားငါ၏ကိုယ် ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟုမိန့်တော်မူ ပြီးလျှင်တပည့်တော်တို့အားဝေပေးတော် မူ၏။
22 Enquanto comiam, Jesus tomou pão e, abençoando-o, o partiu e deu-lho, dizendo: Tomai; isto é o meu corpo.
23 စပျစ်ရည်ခွက်ကိုလည်းယူ၍ဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် သူတို့ အားပေးတော်မူလျှင်သူတို့အားလုံးသည် သောက်ကြ၏။-
23 E tomando um cálice, rendeu graças e deu-lho; e todos beberam dele.
24 ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
24 E disse-lhes: Isto é o meu sangue, o sangue do pacto, que por muitos é derramado.
25 သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
25 Em verdade vos digo que não beberei mais do fruto da videira, até aquele dia em que o beber, novo, no reino de Deus.
26 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။
26 E, tendo cantado um hino, saíram para o Monte das Oliveiras.
27 သခင်ယေရှုက ``ကျမ်းစာတော်တွင် `ငါသည်သိုး ထိန်းကိုရိုက်သတ်သဖြင့် သိုးတို့သည်ကစဥ့်ကရဲ ဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့်အညီသင်တို့ သည်ငါ့ကိုစွန့်၍ထွက်ပြေးကြလိမ့်မည်။-
27 Disse-lhes então Jesus: Todos vós vos escandalizareis; porque escrito está: Ferirei o pastor, e as ovelhas se dispersarão.
28 သို့ရာတွင်ငါသည်သေခြင်းမှထမြောက်ပြီး နောက် ဂါလိလဲပြည်သို့သင်တို့အလျင်သွား နှင့်မည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
28 Todavia, depois que eu ressurgir, irei adiante de vós para a Galiléia.
29 ပေတရုက ``အခြားသူအပေါင်းတို့အရှင့်ကို စွန့်ပစ်ကြသော်လည်း အကျွန်ုပ်မစွန့်ပစ်ပါ'' ဟု ကိုယ်တော်အားလျှောက်ထား၏။
29 Ao que Pedro lhe disse: Ainda que todos se escandalizem, nunca, porém, eu.
30 သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
30 Replicou-lhe Jesus: Em verdade te digo que hoje, nesta noite, antes que o galo cante duas vezes, três vezes tu me negarás.
31 သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။
31 Mas ele repetia com veemência: Ainda que me seja necessário morrer contigo, de modo nenhum te negarei. Assim também diziam todos.
32 ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊-
32 Então chegaram a um lugar chamado Getsêmani, e disse Jesus a seus discípulos: Sentai-vos aqui, enquanto eu oro.
33 ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊-
33 E levou consigo a Pedro, a Tiago e a João, e começou a ter pavor e a angustiar-se;
34 ``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။
34 e disse-lhes: A minha alma está triste até a morte; ficai aqui e vigiai.
35 — ausente —
35 E adiantando-se um pouco, prostrou-se em terra; e orava para que, se fosse possível, passasse dele aquela hora.
36 — ausente —
36 E dizia: Aba, Pai, tudo te é possível; afasta de mim este cálice; todavia não seja o que eu quero, mas o que tu queres.
37 ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။-
37 Voltando, achou-os dormindo; e disse a Pedro: Simão, dormes? não pudeste vigiar uma hora?
38 ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။
38 Vigiai e orai, para que não entreis em tentação; o espírito, na verdade, está pronto, mas a carne é fraca.
39 ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။-
39 Retirou-se de novo e orou, dizendo as mesmas palavras.
40 ထို့နောက်တပည့်တော်သုံးဦးတို့ထံသို့ကြွ လာတော်မူသောအခါ သူတို့သည်မျက်စိ လေးလံသဖြင့် တစ်ဖန်အိပ်ပျော်နေကြသည် ကိုတွေ့မြင်တော်မူ၏။ သူတို့သည်ကိုယ်တော် အားအဘယ်သို့လျှောက်ထားရမည်ကို မသိကြ။
40 E voltando outra vez, achou-os dormindo, porque seus olhos estavam carregados; e não sabiam o que lhe responder.
41 ကိုယ်တော်သည်သူတို့ထံသို့တတိယအကြိမ် ကြွလာတော်မူ၍ ``သင်တို့သည်ယခုတိုင်အိပ် ပျော်လျက်၊ နားလျက်နေကြသေးသလော။ တော် လောက်ပြီ။ လူသားကိုဆိုးယုတ်သူများလက် သို့အပ်နှံသောအချိန်ယခုရောက်လာပြီ။-
41 Ao voltar pela terceira vez, disse-lhes: Dormi agora e descansai.-Basta; é chegada a hora. Eis que o Filho do homem está sendo entregue nas mãos dos pecadores.
42 လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
42 Levantai-vos, vamo-nos; eis que é chegado aquele que me trai.
43 ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။-
43 E logo, enquanto ele ainda falava, chegou Judas, um dos doze, e com ele uma multidão com espadas e varapaus, vinda da parte dos principais sacerdotes, dos escribas e dos anciãos.
44 ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။
44 Ora, o que o traía lhes havia dado um sinal, dizendo: Aquele que eu beijar, esse é; prendei-o e levai-o com segurança.
45 သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
45 E, logo que chegou, aproximando-se de Jesus, disse: Rabi! E o beijou.
46 လူတို့သည်ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
46 Ao que eles lhes lançaram as mãos, e o prenderam.
47 ထိုအခါအနီးတွင်ရပ်နေသူလူတစ်ဦးသည် ဋ္ဌားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ကျွန် တစ်ယောက်ကိုခုတ်လိုက်ရာထိုသူနားရွက် ပြတ်လေ၏။-
47 Mas um dos que ali estavam, puxando da espada, feriu o servo do sumo sacerdote e cortou-lhe uma orelha.
48 သခင်ယေရှုက ``သင်တို့သည်ဋ္ဌားပြကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန်တုတ်၊ ဋ္ဌားများနှင့်လာကြသလော။-
48 Disse-lhes Jesus: Saístes com espadas e varapaus para me prender, como a um salteador?
49 ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
49 Todos os dias estava convosco no templo, a ensinar, e não me prendestes; mas isto é para que se cumpram as Escrituras.
50 ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ထွက်ပြေးကြ၏။
50 Nisto, todos o deixaram e fugiram.
51 ပိတ်ပိုင်းလွှာတစ်ခုကိုသာဝတ်ထားသည့်လူငယ် လူရွယ်တစ်ယောက်သည် ကိုယ်တော်၏နောက်တော် ကလိုက်လာ၏။ လူအချို့တို့သည်သူ့ကိုဖမ်း ဆီးမည်ပြုကြသောအခါ၊-
51 Ora, seguia-o certo jovem envolto em um lençol sobre o corpo nu; e o agarraram.
52 သူသည်ပိတ်ပိုင်းလွှာကိုစွန့်၍အဝတ်မပါဘဲ ထွက်ပြေးလေ၏။
52 Mas ele, largando o lençol, fugiu despido.
53 ထိုသူတို့သည်သခင်ယေရှုကို ယဇ်ပုရောဟိတ် မင်း၏ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ဘာသာရေးခေါင်း ဆောင်များနှင့်ကျမ်းတတ်ဆရာများသည် ထိုကျောင်းတော်တွင်စုရုံးလျက်ရှိနေကြ သည်။-
53 Levaram Jesus ao sumo sacerdote, e ajuntaram-se todos os principais sacerdotes, os anciãos e os escribas.
54 ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
54 E Pedro o seguiu de longe até dentro do pátio do sumo sacerdote, e estava sentado com os guardas, aquentando-se ao fogo.
55 ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။-
55 Os principais sacerdotes testemunho contra Jesus para o matar, e não o achavam.
56 လူအများပင်လိမ်လည်သက်သေခံကြ၏။ သို့ရာတွင်သူတို့၏ထွက်ဆိုချက်များကိုက် ညီမှုမရှိ။
56 Porque contra ele muitos depunham falsamente, mas os testemunhos não concordavam.
57 — ausente —
57 Levantaram-se por fim alguns que depunham falsamente contra ele, dizendo:
58 — ausente —
58 Nós o ouvimos dizer: Eu destruirei este santuário, construído por mãos de homens, e em três dias edificarei outro, não feito por mãos de homens.
59 သို့ရာတွင်ထိုသူတို့ထွက်ဆိုချက်များပင်လျှင် ကိုက်ညီမှုမရှိ။
59 E nem assim concordava o seu testemunho.
60 ယဇ်ပုရောဟိတ်မင်းသည်လူပရိသတ်တို့အလယ် တွင်ရပ်လျက် သခင်ယေရှုအား ``ထိုသူတို့သင့်အား စွပ်စွဲပြောဆိုနေကြသည်ကို သင်သည်မည်သို့မျှ မဖြေဘဲနေသလော'' ဟုမေး၏။-
60 Levantou-se então o sumo sacerdote no meio e perguntou a Jesus: Não respondes coisa alguma? Que é que estes depõem conta ti?
61 သို့ရာတွင်ကိုယ်တော်သည်ဆိတ်ဆိတ်နေတော်မူ၏။ စကားတစ်ခွန်းကိုမျှပြန်၍ပြောတော်မမူ။ တစ် ဖန်ယဇ်ပုရောဟိတ်မင်းက ``သင်သည်မင်္ဂလာရှိ တော်မူသောဘုရားသခင်၏သားတော်မေရှိယ လော'' ဟုမေး၏။
61 Ele, porém, permaneceu calado, e nada respondeu. Tornou o sumo sacerdote a interrogá-lo, perguntando-lhe: És tu o Cristo, o Filho do Deus bendito?
62 သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
62 Respondeu Jesus: Eu o sou; e vereis o Filho do homem assentado à direita do Poder e vindo com as nuvens do céu.
63 ထိုအခါယဇ်ပုရောဟိတ်မင်းသည် မိမိ၏ အဝတ်ကိုဆွဲဆုတ်ပြီးလျှင် ``ငါတို့အဘယ်မှာ လျှင်သက်သေများထပ်၍လိုပါတော့မည်နည်း။-
63 Então o sumo sacerdote, rasgando as suas vestes, disse: Para que precisamos ainda de testemunhas?
64 ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။
64 Acabais de ouvir a blasfêmia; que vos parece? E todos o condenaram como réu de morte.
65 အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
65 E alguns começaram a cuspir nele, e a cobrir-lhe o rosto, e a dar-lhe socos, e a dizer-lhe: Profetiza. E os guardas receberam-no a bofetadas.
66 ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
66 Ora, estando Pedro em baixo, no átrio, chegou uma das criadas do sumo sacerdote
67 ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။
67 e, vendo a Pedro, que se estava aquentando, encarou-o e disse: Tu também estavas com o nazareno, esse Jesus.
68 ပေတရုက ``သင်ပြောသည့်အရာကိုငါမသိ၊ နားမလည်'' ဟုငြင်းဆို၏။ ထိုနောက်သူသည် ဝင်း၏အဝင်ဝဆီသို့သွား၏။ ထိုအချိန်၌ ကြက်တွန်လေ၏။
68 Mas ele o negou, dizendo: Não sei nem compreendo o que dizes. E saiu para o alpendre.
69 အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။-
69 E a criada, vendo-o, começou de novo a dizer aos que ali estavam: Esse é um deles.
70 ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။
70 Mas ele o negou outra vez. E pouco depois os que ali estavam disseram novamente a Pedro: Certamente tu és um deles; pois és também galileu.
71 သို့ရာတွင်ပေတရုက ``သင်တို့ပြောသောသူ ကိုငါမသိ'' ဟုဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
71 Ele, porém, começou a praguejar e a jurar: Não conheço esse homem de quem falais.
72 ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။
72 Nesse instante o galo cantou pela segunda vez. E Pedro lembrou-se da palavra que lhe dissera Jesus: Antes que o galo cante duas vezes, três vezes me negarás. E caindo em si, começou a chorar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.